မိမိရဲ့ ကစားဟန်ဟာ ပေါစခိုးကစားဟန်နဲ့ နီးစပ်သလို ရော်နယ်ဒိုက အသည်းကျော်ကစားသမား ဖြစ်တယ်လို့ ဖာနန်ဒက်စ် ဖွင့်ဟဆို

0
118

 

ezgif-7-2c3afbe0f68a            မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်က ဂန္ထဝင်ကွင်းလယ် ကစားသမား ပေါစခိုး ကစားဟန်နဲ့ မိမိရဲ့ ကစားသမားပုံနီးစပ်သလို ပေါ်တူဂီအသင်းဖော်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ရော်နယ်ဒိုက ၎င်းရဲ့ အသည်းကျော်ကစားသမား တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဖာနန်ဒက်က မန်ချက်စတာယူနိုက်တက်ကို စတင်ရောက်ရှိပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူ တစ်ဦးဖြစ်သလို အသင်းအတွက်လည်း ပုံမှန်ဂိုးတွေ သွင်းယူပေးနိုင်နေသူ ဖြစ်ပါတယ်။ ၎င်းဟာ ပေါစခိုးရဲ့ ကျောနံပါတ်ဖြစ်ခဲ့တဲ့ နံပါတ် ၁၈ ကို ဝတ်ဆင်ကစားနေပြီး အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်နေပါတယ်။

71

၎င်းက “ ကွျန်တော့်အတွက်တော့ ပေါစခိုးကစားတာနဲ့ တူချင်လည်း တူနိုင်ပါတယ်။ သူက ၁၈ ကိုက်ထဲ ဝင်နိုင်သူပါ။ သူက ဖန်တီးပေးရတာကိုလည်း နှစ်သက်တယ်။ သူက ဂိုးတွေများစွာသွင်းယူရတာကိုလည်း နှစ်သက်တယ်။ ပေါစခိုးဟာ ကမ္ဘာမှာအကောင်းဆုံး ကွင်းလယ်ကစားသမားလို့ ကွျန်တော်ထင်ပါတယ်။ အင်္ဂလန် အတွက်ဆိုရင်တော့ ဂိုးတွေ များစွာသွင်းယူထားတဲ့ လမ်းပတ်ကလည်း လူပြောများတဲ့ ကစားသမားဖြစ်သလို ဂျာရတ်ကလည်း အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်နေတယ်။ ဒါပေမဲ့ ပေါစခိုးက အခြားကစား သမားတွေနဲ့ ကွဲပြားခြားနားအောင် ပြုလုပ်နိုင်သူလို့ ကွျန်တော်ထင်ပါတယ်။ သူတို့တွေရဲ့ နောက်ဆုံး ဘောလုံးမျိုးဆက်ထဲက သုံးယောက်မှာ အကောင်းဆုံးတစ်ယောက်ပြောပါဆိုရင် ကွျန်တော့်အတွက်တော့ ပေါ့စခိုးက အကောင်းဆုံးဖြစ်နေခဲ့တယ် ” လို့ ပြောပါတယ်။

ပေါ်တူဂီကစားသမားဖြစ်တဲ့ ဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက်ကို ယခုနှစ် ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းကနေပြောင်းရွှေ့လာခဲ့ပြီးနောက် ၃၃ ပွဲကစားအပြီး ၁၈ ဂိုး သွင်းယူထားနိုင်ပါတယ်။ ယခုအချိန်မှာတော့ ၎င်းက မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်အကျော်အမော်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့တွဲဖက်ပြီး နိုင်ငံအသင်းအတွက် ကစားပေးနေပါတယ်။

ရော်နယ်ဒိုကလည်း မန်ချက်စတာယူနိုက်တက်မှာ ရှိခဲ့စဉ်ကာလအတွင်း ၂၉၂ ပွဲကစားခဲ့ပြီး ၁၁၈ ဂိုးသွင်း ယူနိုင်ခဲ့သလို ၂၀၀၇-၀၈ ဘောလုံးရာသီက တစ်ရာသီသွင်းဂိုး ၄၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်က “ လူတိုင်းက ရော်နယ်ဒိုကို သိနေကြသလို ကွျန်တော့်ရ့ အသည်းကျော် ကစားသမားဖြစ်နေခဲ့တယ်။ သူက အလုပ်လုပ်တဲ့ နေရာမှာ စိတ်ဓာတ်ခိုင်မာစွာနဲ့ လုပ်ခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ရာနှုန်းပြည့် အမြင့်ဆုံးအဆင့်နဲ့ ပြိုင်ပွဲတိုင်းကို ပေးခဲ့တယ်။ ဒီအရာက ကွျန်တော့်အတွက် ကြိုက်နှစ်သက်စရာ ရည်မှန်းချက် ဖြစ်စေခဲ့တယ်။ သူက ပြိုင်ပွဲတိုင်းမှာ ဂိုးတွေ သွင်းခဲ့သလို တိုးတက်လာအောင်လည်း အမြဲတမ်းကြိုးစားနေတယ်။ ကွျန်တော့်ရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း ဒါတွေကို နားလည် သဘောပေါက်ခဲ့ပြီး ဒီလို ကစားသမားမျိုး ဖြစ်ဖို့အလိုရှိနေတယ် ” လို့ ပြောပါတယ်။

Zawgyi

မိမိရဲ့ ကစားဟန္ဟာ ေပါစခိုးကစားဟန္နဲ႔ နီးစပ္သလို ေရာ္နယ္ဒိုက အသည္းေက်ာ္ကစားသမား ျဖစ္တယ္လို႔ ဖာနန္ဒက္စ္ ဖြင့္ဟဆို

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကြင္းလယ္ကစားသမား ဖာနန္ဒက္က ဂႏၴဝင္ကြင္းလယ္ ကစားသမား ေပါစခိုး ကစားဟန္နဲ႔ မိမိရဲ့ ကစားသမားပုံနီးစပ္သလို ေပၚတူဂီအသင္းေဖာ္ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမား ေရာ္နယ္ဒိုက ၎ရဲ့ အသည္းေက်ာ္ကစားသမား တစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။
ကြင္းလယ္ကစားသမား ျဖစ္တဲ့ ဖာနန္ဒက္က မန္ခ်က္စတာယူနိုက္တက္ကို စတင္ေရာက္ရွိၿပီးေနာက္ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရေနသူ တစ္ဦးျဖစ္သလို အသင္းအတြက္လည္း ပုံမွန္ဂိုးေတြ သြင္းယူေပးနိုင္ေနသူ ျဖစ္ပါတယ္။ ၎ဟာ ေပါစခိုးရဲ့ ေက်ာနံပါတ္ျဖစ္ခဲ့တဲ့ နံပါတ္ ၁၈ ကို ဝတ္ဆင္ကစားေနၿပီး အသင္းရဲ့ အဓိက ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ေနပါတယ္။
၎က “ ကြ်န္ေတာ့္အတြက္ေတာ့ ေပါစခိုးကစားတာနဲ႔ တူခ်င္လည္း တူနိုင္ပါတယ္။ သူက ၁၈ ကိုက္ထဲ ဝင္နိုင္သူပါ။ သူက ဖန္တီးေပးရတာကိုလည္း ႏွစ္သက္တယ္။ သူက ဂိုးေတြမ်ားစြာသြင္းယူရတာကိုလည္း ႏွစ္သက္တယ္။ ေပါစခိုးဟာ ကမၻာမွာအေကာင္းဆုံး ကြင္းလယ္ကစားသမားလို႔ ကြ်န္ေတာ္ထင္ပါတယ္။ အဂၤလန္ အတြက္ဆိုရင္ေတာ့ ဂိုးေတြ မ်ားစြာသြင္းယူထားတဲ့ လမ္းပတ္ကလည္း လူေျပာမ်ားတဲ့ ကစားသမားျဖစ္သလို ဂ်ာရတ္ကလည္း အဂၤလန္ရဲ့ အေကာင္းဆုံး ကစားသမားျဖစ္ေနတယ္။ ဒါေပမဲ့ ေပါစခိုးက အျခားကစား သမားေတြနဲ႔ ကြဲျပားျခားနားေအာင္ ျပဳလုပ္နိုင္သူလို႔ ကြ်န္ေတာ္ထင္ပါတယ္။ သူတို႔ေတြရဲ့ ေနာက္ဆုံး ေဘာလုံးမ်ိဳးဆက္ထဲက သုံးေယာက္မွာ အေကာင္းဆုံးတစ္ေယာက္ေျပာပါဆိုရင္ ကြ်န္ေတာ့္အတြက္ေတာ့ ေပါ့စခိုးက အေကာင္းဆုံးျဖစ္ေနခဲ့တယ္ ” လို႔ ေျပာပါတယ္။
ေပၚတူဂီကစားသမားျဖစ္တဲ့ ဖာနန္ဒက္ဟာ မန္ခ်က္စတာယူနိုက္တက္ကို ယခုႏွစ္ ဇန္နဝါရီလက စပို႔တင္းလစၥဘြန္းကေနေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ၃၃ ပြဲကစားအၿပီး ၁၈ ဂိုး သြင္းယူထားနိုင္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ၎က မန္ခ်က္စတာယူနိုက္တက္ရဲ့ တိုက္စစ္အေက်ာ္အေမာ္ျဖစ္ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔တြဲဖက္ၿပီး နိုင္ငံအသင္းအတြက္ ကစားေပးေနပါတယ္။
ေရာ္နယ္ဒိုကလည္း မန္ခ်က္စတာယူနိုက္တက္မွာ ရွိခဲ့စဥ္ကာလအတြင္း ၂၉၂ ပြဲကစားခဲ့ၿပီး ၁၁၈ ဂိုးသြင္း ယူနိုင္ခဲ့သလို ၂၀၀၇-၀၈ ေဘာလုံးရာသီက တစ္ရာသီသြင္းဂိုး ၄၂ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြ ရယူနိုင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ဖာနန္ဒက္က “ လူတိုင္းက ေရာ္နယ္ဒိုကို သိေနၾကသလို ကြ်န္ေတာ့္ရ့ အသည္းေက်ာ္ ကစားသမားျဖစ္ေနခဲ့တယ္။ သူက အလုပ္လုပ္တဲ့ ေနရာမွာ စိတ္ဓာတ္ခိုင္မာစြာနဲ႔ လုပ္ခဲ့သလို သူ႔ရဲ့ စြမ္းေဆာင္ရည္ကလည္း ရာႏႈန္းျပည့္ အျမင့္ဆုံးအဆင့္နဲ႔ ၿပိဳင္ပြဲတိုင္းကို ေပးခဲ့တယ္။ ဒီအရာက ကြ်န္ေတာ့္အတြက္ ႀကိဳက္ႏွစ္သက္စရာ ရည္မွန္းခ်က္ ျဖစ္ေစခဲ့တယ္။ သူက ၿပိဳင္ပြဲတိုင္းမွာ ဂိုးေတြ သြင္းခဲ့သလို တိုးတက္လာေအာင္လည္း အျမဲတမ္းႀကိဳးစားေနတယ္။ ကြ်န္ေတာ့္ရဲ့ စိတ္ဓာတ္ပိုင္းမွာလည္း ဒါေတြကို နားလည္ သေဘာေပါက္ခဲ့ၿပီး ဒီလို ကစားသမားမ်ိဳး ျဖစ္ဖို႔အလိုရွိေနတယ္ ” လို႔ ေျပာပါတယ္။