မော်ရင်ဟိုက ဆရာဝန်ပြဖို့ လိုနေပြီလို့ စကားစစ်ထိုးလိုက်တဲ့ ဂွါဒီယိုလာ

0
366

SBOTOP NOV

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးနဲ့မန်စီးတီးတို့ ထိပ်တိုက်တွေ့ဖို့ ရှိနေခဲ့ချိန်မှာ ဂွါဒိီုလာက စပါးနည်းပြ မော်ရင်ဟိုကို စကားစစ်ထိုးလိုက်ပါတယ်။ စပါးနည်းပြမော်ရင်ဟိုနဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာတို့ဟာ ဆယ်စုနှစ်တစ်ခုကျော် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာကြောင့် ဒီပွဲစဉ်ဟာ ပိုမိုစိတ်ဝင်စားစရာကောင်းနေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်ဝေဖန်ထိုးနှက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ တောင်ပံကစားသမားစတာလင်ကို လက်ရွေးစင်အသင်းကနေ စောပြီးပြန်လွှတ်ပေးဖို့ နည်းပြဆောက်ဂိတ်ကို ဖိအားပေးခဲ့တာရှိပါတယ်။ ဒီအချက်ကို မော်ရင်ဟိုက ထောက်ပြဝေဖန်သွားခဲ့သလို မန်စီးတီးကစားသမားတွေဟာ ဒိုင်ဗင်ထိုးရာမှာ ကျွမ်းကျင်သူတွေဖြစ်တယ်လို့လည်း တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ မော်ရင်ဟိုရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနေဖို့ အချိန်မရှိကြောင်း တုံ့ပြန်ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။ “ကျွန်တော့်အနေနဲ့တော့ မော်ရင်ဟိုနဲ့ စကားနိုင်လုဖို့ အချိန်မရှိပါဘူး။ သူစွပ်စွဲပြောဆိုနေတာတွေကလည်း လုံးဝအခြေအမြစ်မရှိတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ မော်ရင်ဟိုအနေနဲ့ ဆရာဝန်တွေနဲ့ တွေ့သင့်ပြီဆိုတာပါပဲ၊ ဒီလိုပြောတာ အကြောင်းနှစ်ချက်ရှိပါတယ်၊ ပထမတစ်ချက်ကတော့ စတာလင်ရဲ့ကြံ့ခိုင်မှုအနေအထားကို မန်စီးတီးကဆရာဝန်တွေ၊ အင်္ဂလန်လက်ရွေးစင်အသင်းဆရာဝန်တွေသာ အသိဆုံးဖြစ်ပါတယ်။ မော်ရင်ဟိုလည်း ဆရာဝန်တစ်ယောက်ပဲလားတော့ ကျွန်တော်မသိပါဘူး” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက စကားစစ်ထိုးသွားခဲ့တာဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ေမာ္ရင္ဟိုက ဆရာဝန္ျပဖို့ လိုေနၿပီလို႔ စကားစစ္ထိုးလိုက္တဲ့ ဂြါဒီယိုလာ
================================================
ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဉ္အျဖစ္ စပါးနဲ့မန္စီးတီးတို့ ထိပ္တိုက္ေတြ့ဖို့ ရွိေနခဲ့ခ်ိန္မွာ ဂြါဒီိုလာက စပါးနည္းျပ ေမာ္ရင္ဟိုကို စကားစစ္ထိုးလိုက္ပါတယ္။ စပါးနည္းျပေမာ္ရင္ဟိုနဲ့ မန္စီးတီးနည္းျပဂြါဒီယိုလာတို့ဟာ ဆယ္စုနွစ္တစ္ခုေက်ာ္ ျပိုင္ဆိုင္မႈျပင္းထန္ခဲ့တာေျကာင့္ ဒီပြဲစဉ္ဟာ ပိုမိုစိတ္ဝင္စားစရာေကာင္းေနခဲ့တာျဖစ္ပါတယ္။

ဒီပြဲမတုိင္ခင္ ပြဲျကိုသတင္းစာရွင္းလင္းပြဲမွာေတာ့ ေမာ္ရင္ဟိုနဲ့ ဂြါဒီယိုလာတို့ တစ္ဦးကိုတစ္ဦး အျပန္အလွန္ေဝဖန္ထိုးနွက္ေနခဲ့ျကတာလည္းျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ့ မန္စီးတီးအသင္းဟာ ေတာင္ပံကစားသမားစတာလင္ကို လက္ေရြးစင္အသင္းကေန ေစာျပီးျပန္လွြတ္ေပးဖို့ နည္းျပေဆာက္ဂိတ္ကို ဖိအားေပးခဲ့တာရွိပါတယ္။ ဒီအခ်က္ကို ေမာ္ရင္ဟိုက ေထာက္ျပေဝဖန္သြားခဲ့သလို မန္စီးတီးကစားသမားေတြဟာ ဒိုင္ဗင္ထိုးရာမွာ ကြ်မ္းက်င္သူေတြျဖစ္တယ္လို့လည္း တိုက္ခိုက္ေျပာဆိုခဲ့ပါတယ္။

ဂြါဒီယိုလာကေတာ့ ေမာ္ရင္ဟိုရဲ့ အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြကို ေျဖရွင္းေနဖို့ အခ်ိန္မရွိေျကာင္း တံု့ျပန္ေျပာျကားသြားခဲ့ေၾကာင္း သိရပါတယ္။  “ကြ်န္ေတာ့္အေနနဲ့ေတာ့ ေမာ္ရင္ဟိုနဲ့ စကားနိုင္လုဖို့ အခ်ိန္မရွိပါဘူး။ သူစြပ္စြဲေျပာဆိုေနတာေတြကလည္း လံုးဝအေျခအျမစ္မရွိတဲ့ ကိစၥေတြပဲျဖစ္ပါတယ္။ ကြ်န္ေတာ့္အေနနဲ့ အျကံေပးခ်င္တာကေတာ့ ေမာ္ရင္ဟိုအေနနဲ့ ဆရာဝန္ေတြနဲ့ ေတြ့သင့္ျပီဆိုတာပါပဲ၊ ဒီလိုေျပာတာ အေျကာင္းနွစ္ခ်က္ရွိပါတယ္၊ ပထမတစ္ခ်က္ကေတာ့ စတာလင္ရဲ့ျကံ့ခိုင္မႈအေနအထားကို မန္စီးတီးကဆရာဝန္ေတြ၊ အဂၤလန္လက္ေရြးစင္အသင္းဆရာဝန္ေတြသာ အသိဆံုးျဖစ္ပါတယ္။ ေမာ္ရင္ဟိုလည္း ဆရာဝန္တစ္ေယာက္ပဲလားေတာ့ ကြ်န္ေတာ္မသိပါဘူး” လို႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက စကားစစ္ထိုးသြားခဲ့တာျဖစ္ပါတယ္။