ရာမို့စ်ဟာ ပြိုင်ဘက်ကင်းပြီး ကွဲပြားတဲ့အဆင့်တစ်ခုမှာ ရှိသူဖြစ်တယ်လို့ စပိန်အသင်းမန်နေဂျာ အင်းနရစ် ပြောကြား

0
84

 

SBOTOP NOV         ပြီးခဲ့တဲ့ ဟော်လန်အသင်းနဲ့ ၁-၁ သရေ ဖြစ်ခဲ့တဲ့ ခြေစမ်းပွဲမှာ ရာမို့စ်က စပိန်အသင်းအတွက် ပွဲကစားခွင့်ရတဲ့ ကစားသမားအဖြစ် ဆက်လက်ရှိနေခဲ့သလို အီတလီအသင်းနဲ့ ပွဲထွက်ခွင့်အများဆုံး ပါဝင် ကစားထားတဲ့ ဂိုးသမား ဘက်ဖွန်ရဲ့ အီတလီအသင်းနဲ့ ပါဝင်ခဲ့ခြင်း ၁၇၆ ပွဲနဲ့ တူညီခဲ့ပါတယ်။ အဆိုပါပွဲမှာ စပိန်အသင်းအတွက် ၁၉ မိနစ်မှာ ကာနယ်လက်က စတင်သွင်းယူခဲ့ပြီး ဟော်လန်အတွက် ဒုတိယပိုင်းမှာ ဘန်ဒီဘိခ်က ချေပဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲထွက်ခွင့်အများဆုံး ကစားသမားအဖြစ် အီဂျစ်ကစားသမား ဟက်ဆန်နောက်လိုက်မီဖို့ ရာမို့စ်က ရှစ်ပွဲ လိူအပ်နေပါတယ်။ ဒါကြောင့် ရာမို့စ်အသင်း ၃၅ နှစ်မပြည့်ခင်မှာ ဟက်ဆန်ရဲ့ အများဆုံးပါဝင်ထားတဲ့ မှတ်တမ်းတွေနောက် လိုက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အင်းနရစ်က “ ရာမို့စ်က ပြိုင်ဘက်ကင်းတဲ့ ကစားသမားဖြစ်တယ်။ သူက ကွဲပြားတဲ့ အဆင့်တစ်ခုပေါ်မှာ ရှိနေသူပါ။ ပွဲထွက်ခွင့်မှတ်တမ်းတွေကို ရောက်ရှိနေခြင်းက သူ့အတွက် လက်ဆောင်တွေ ဖြစ်စေတယ် ” လို့ ပြောပါတယ်။

44

ရာမို့စ်ဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ တရုတ်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲဦးထွက် စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၎င်းက စပိန်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်ခဲ့ပါ တယ်။ ၎င်းဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ဗဟိုခံစစ်ကစားသမားအဖြစ် ကစားခဲ့ပြီး ဥရောပချန်ပီယံ ဖလားနဲ့ ကမ္ဘာ့ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ ၎င်းက ၂၀၁၀ ခုနှစ် တောင်ကိုရီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်စတင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲစဉ်အပြည့် တာဝန်ယူပါ၀င်ခဲ့ပါတယ်။ ၎င်းက စပိန်အသင်းအတွက် ၂၃ ဂိုးသွင်းယူထားပြီး နိုင်ငံအတွက် သွင်းဂိုး အများဆုံးသွင်းယူနိုင်တဲ့ နံပါတ်ရှစ် ကစားသမားဖြစ်ခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ရာမို့စ်အတွက် စနေနေ့မှာ ကစားရမဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ပါဝင်ပြီး ပွဲထွက်မှတ်တမ်းတွေ ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Zawgyi

ရာမို႔စ္ဟာ ၿပိဳင္ဘက္ကင္းၿပီး ကြဲျပားတဲ့အဆင့္တစ္ခုမွာ ရွိသူျဖစ္တယ္လို႔ စပိန္အသင္းမန္ေနဂ်ာ အင္းနရစ္ ေျပာၾကား

ၿပီးခဲ့တဲ့ ေဟာ္လန္အသင္းနဲ႔ ၁-၁ သေရ ျဖစ္ခဲ့တဲ့ ေျခစမ္းပြဲမွာ ရာမို႔စ္က စပိန္အသင္းအတြက္ ပြဲကစားခြင့္ရတဲ့ ကစားသမားအျဖစ္ ဆက္လက္ရွိေနခဲ့သလို အီတလီအသင္းနဲ႔ ပြဲထြက္ခြင့္အမ်ားဆုံး ပါဝင္ ကစားထားတဲ့ ဂိုးသမား ဘက္ဖြန္ရဲ့ အီတလီအသင္းနဲ႔ ပါဝင္ခဲ့ျခင္း ၁၇၆ ပြဲနဲ႔ တူညီခဲ့ပါတယ္။ အဆိုပါပြဲမွာ စပိန္အသင္းအတြက္ ၁၉ မိနစ္မွာ ကာနယ္လက္က စတင္သြင္းယူခဲ့ၿပီး ေဟာ္လန္အတြက္ ဒုတိယပိုင္းမွာ ဘန္ဒီဘိခ္က ေခ်ပဂိုးသြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲထြက္ခြင့္အမ်ားဆုံး ကစားသမားအျဖစ္ အီဂ်စ္ကစားသမား ဟက္ဆန္ေနာက္လိုက္မီဖို႔ ရာမို႔စ္က ရွစ္ပြဲ လိူအပ္ေနပါတယ္။ ဒါေၾကာင့္ ရာမို႔စ္အသင္း ၃၅ ႏွစ္မျပည့္ခင္မွာ ဟက္ဆန္ရဲ့ အမ်ားဆုံးပါဝင္ထားတဲ့ မွတ္တမ္းေတြေနာက္ လိုက္နိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။
အင္းနရစ္က “ ရာမို႔စ္က ၿပိဳင္ဘက္ကင္းတဲ့ ကစားသမားျဖစ္တယ္။ သူက ကြဲျပားတဲ့ အဆင့္တစ္ခုေပၚမွာ ရွိေနသူပါ။ ပြဲထြက္ခြင့္မွတ္တမ္းေတြကို ေရာက္ရွိေနျခင္းက သူ႔အတြက္ လက္ေဆာင္ေတြ ျဖစ္ေစတယ္ ” လို႔ ေျပာပါတယ္။
ရာမို႔စ္ဟာ အသက္ ၁၈ ႏွစ္အရြယ္ ၂၀၀၅ ခုႏွစ္မွာ တ႐ုတ္အသင္းကို ၃-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ပြဲဦးထြက္ စတင္ပါဝင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ၎က စပိန္အသင္းရဲ့ အသက္အငယ္ဆုံးကစားသမားလည္း ျဖစ္ခဲ့ပါ တယ္။ ၎ဟာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အတြင္း ဗဟိုခံစစ္ကစားသမားအျဖစ္ ကစားခဲ့ၿပီး ဥေရာပခ်န္ပီယံ ဖလားနဲ႔ ကမၻာ့ဖလားေတြကို ရယူနိုင္ခဲ့ပါတယ္။ ၎က ၂၀၁၀ ခုႏွစ္ ေတာင္ကိုရီးယားအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္စတင္ယူခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ကမၻာ့ဖလားမွာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲစဥ္အျပည့္ တာဝန္ယူပါ၀င္ခဲ့ပါတယ္။ ၎က စပိန္အသင္းအတြက္ ၂၃ ဂိုးသြင္းယူထားၿပီး နိုင္ငံအတြက္ သြင္းဂိုး အမ်ားဆုံးသြင္းယူနိုင္တဲ့ နံပါတ္ရွစ္ ကစားသမားျဖစ္ခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ ရာမို႔စ္အတြက္ စေနေန႔မွာ ကစားရမဲ့ ဆြစ္ဇာလန္နဲ႔ပြဲမွာ ပါဝင္ၿပီး ပြဲထြက္မွတ္တမ္းေတြ ရယူသြားနိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။