ရော်နယ်ဒိုကို အနားပေးရတဲ့ကိစ္စ ပီယာလို ရှင်းပြီ

0
272

SBOTOP NOV

ဂျူဗင်တပ်အသင်းနည်းပြ အန်ဒရီယာပီယာလိုက ဘီနီဗန်တိုနဲ့ သရေကျခဲ့တဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ရော်နယ်ဒိုကို အနားပေးခဲ့တာကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပီယာလိုကတော့ သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုမပါဘဲ အနိုင်ရအောင် ကစားနိုင်ဖို့ သင်ယူသွားရမယ်လို့ ဆင်ခြေပြန်ပေး သွားခဲ့ပါတယ်။

ဂျူဗင်တပ်အတွက် အဖွင့်ဂိုးကို မိုရာတာက ၂၁ မိနစ်မှာ သွင်းယူပေးခဲ့ပေမဲ့ ဘီနီဗန်တိုကစားသမား လက်တီဇီယာရဲ့ ချေပဂိုးကို နောက်ပိုင်းမှာ ပြန်ခွင့်ပြုပေးလိုက်ရတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရ ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဇယားထိပ်ဆုံးက အေစီမီလန်အသင်းနဲ့ ၃ မှတ်သာ ကွာဟနေပြီး နည်းပြ ပီယာလိုက သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုမပါလည်း ခြေစွမ်းပြနိုင်ဖို့ တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ စီးရီးအေ ၅ ပွဲမှာ ၈ ဂိုးအထိ သွင်းပေးထားနိုင်သူဖြစ်ပါတယ်။ ရော်နယ်ဒိုကို ချန်လှပ် ခဲ့တာနဲ့ပတ်သက်ပြီး ပီယာလိုက “ ရော်နယ်ဒိုက အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက်တင် မဟုတ်ပါဘူး။ ရီးရဲလ်အတွက်တုန်းကလည်း သူဟာ အရေးပါသူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူမပါဘဲလည်း အနိုင်ရအောင် ကစားနိုင်တဲ့အသင်းဖြစ်ဖို့ ကြိုးစားရမယ်။ ဒါမှ အသင်းခြေစွမ်း တိုးတက်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။

Sbotop

(zawgyi)

ေရာ္နယ္ဒိုကို အနားေပးရတဲ့ကိစၥ ပီယာလို ရွင္းၿပီ

ဂ်ဴဗင္တပ္အသင္းနည္းျပ အန္ဒရီယာပီယာလိုက ဘီနီဗန္တိုနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ အဓိကတိုက္စစ္မွဴး ေရာ္နယ္ဒိုကို အနားေပးခဲ့တာေၾကာင့္ ေ၀ဖန္သံေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ ပီယာလိုကေတာ့ သူတို႔အသင္းအေနနဲ႔ ေရာ္နယ္ဒိုမပါဘဲ အႏုိင္ရေအာင္ ကစားႏုိင္ဖို႔ သင္ယူသြားရမယ္လို႔ ဆင္ေျချပန္ေပး သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္အတြက္ အဖြင့္ဂိုးကို မိုရာတာက ၂၁ မိနစ္မွာ သြင္းယူေပးခဲ့ေပမဲ့ ဘီနီဗန္တိုကစားသမား လက္တီဇီယာရဲ႕ ေခ်ပဂိုးကို ေနာက္ပိုင္းမွာ ျပန္ခြင့္ျပဳေပးလိုက္ရတာေၾကာင့္ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရ ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ဇယားထိပ္ဆုံးက ေအစီမီလန္အသင္းနဲ႔ ၃ မွတ္သာ ကြာဟေနၿပီး နည္းျပ ပီယာလိုက သူတို႔အသင္းအေနနဲ႔ ေရာ္နယ္ဒိုမပါလည္း ေျခစြမ္းျပႏုိင္ဖို႔ တိုက္တြန္းသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဒီရာသီ စီးရီးေအ ၅ ပဲြမွာ ၈ ဂိုးအထိ သြင္းေပးထားႏုိင္သူျဖစ္ပါတယ္။ ေရာ္နယ္ဒိုကို ခ်န္လွပ္ ခဲ့တာနဲ႔ပတ္သက္ၿပီး ပီယာလိုက “ ေရာ္နယ္ဒိုက အရမ္းအေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကၽြန္ေတာ္တု႔ိအတြက္တင္ မဟုတ္ပါဘူး။ ရီးရဲလ္အတြက္တုန္းကလည္း သူဟာ အေရးပါသူတစ္ေယာက္ ျဖစ္ခဲ့တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ သူမပါဘဲလည္း အႏုိင္ရေအာင္ ကစားႏုိင္တဲ့အသင္းျဖစ္ဖို႔ ႀကိဳးစားရမယ္။ ဒါမွ အသင္းေျခစြမ္း တိုးတက္မွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။