ရော်နယ်ဒိုရဲ့ ပြေးအားနှုန်းကို လိုက်မမီဘူးလို့ ဝန်ခံလိုက်တဲ့ အူစိန်ဘို့သ်

0
362

SBOTOP NOV

ဂျမေကာ အပြေးချန်ပီယံဟောင်း အူစိန်ဘို့သ်က ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပြေးအားဟာ သူ့ထက်ပိုလျင်မြန်တယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ ဘို့သ်ဟာ ၂၀၁၇ ခုနှစ်မှာ အပြေးသမားဘဝကနေ အနားယူခဲ့တာဖြစ်ပေမဲ့ အိုလံပစ်ရွှေတံဆိပ် ၈ ဆုရှင်ဟာ မီတာ ၁၀ဝ နဲ့ မီတာ ၂၀ဝ ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်ကို ထိန်းထားနိုင်တုန်းပဲဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဘို့သ်ဟာ ၂၀ဝ၉ ခုနှစ် မီတာ ၁၀ဝ အပြေးပြိုင်ပွဲမှာ ၉ ဒသမ ၅၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် တင်ခဲ့သလို လွန်ခဲ့တဲ့ ၁၁ နှစ်အကြာကလည်း မီတာ ၂၀ဝ အပြေးပြိုင်ပွဲမှာ ၁၉ ဒသမ ၁၉ စက္ကန့်နဲ့ ကမ္ဘာ့စချိန် တင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အူစိန်ဘို့သ်က သူ့ထက် ပိုအပြေးမြန်သူဟာ ဘလွန်းဒီအော်ဆု ၅ ဆုရှင် ရော်နယ်ဒိုသာဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ ရော်နယ်ဒိုက ကျွန်တော့်ထက်ပိုမြန်တာ သေချာပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူက နေ့တိုင်း ကြိုးစားလေ့ကျင့်နေပြီး ပြေးခုန်ပစ်လောကအတွက်ဆိုရင် စူပါတစ်ယောက်ပါပဲ။ သူက ပွဲတွေမှာဆိုရင် အမြဲတမ်း ထိပ်တန်းအဆင့်ကနေ ကစားနိုင်တယ်။ အလုပ်ကြိုးစားပြီး အာရုံစူးစိုက်မှုလည်း ရှိတယ်။ လက်ရှိမှာတော့ သူက ကျွန်တော့်ထက် ပိုမြန်တယ်လို့ တကယ်ကိုထင်မိပါတယ်” လို့ မန်ယူအသင်း ပရိသတ်ဖြစ်ပြီး ဘောလုံးလောကထဲဝင်ဖို့ ကြိုးစားခဲ့ဖူးသူ အူစိန်ဘို့သ်က ပြောသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ စီးရီးအေ ၄ ပွဲမှာ ဂျူဗင်တပ်အတွက် ၆ ဂိုးသွင်းပေးထားသူလည်းဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ေရာ္နယ္ဒိုရဲ႕ ေျပးအားႏႈန္းကို လိုက္မမီဘူးလို႔ ၀န္ခံလိုက္တဲ့ အူစိန္ဘို႔သ္

ဂ်ေမကာ အေျပးခ်န္ပီယံေဟာင္း အူစိန္ဘို႔သ္က ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီတိုက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ ေျပးအားဟာ သူ႕ထက္ပိုလ်င္ျမန္တယ္လို႔ ထုတ္ေဖာ္၀န္ခံသြားခဲ့ပါတယ္။ ဘို႔သ္ဟာ ၂၀၁၇ ခုႏွစ္မွာ အေျပးသမားဘ၀ကေန အနားယူခဲ့တာျဖစ္ေပမဲ့ အိုလံပစ္ေရႊတံဆိပ္ ၈ ဆုရွင္ဟာ မီတာ ၁၀၀ နဲ႔ မီတာ ၂၀၀ ၿပိဳင္ပြဲေတြမွာ ကမၻာ့စံခ်ိန္ကို ထိန္းထားႏုိင္တုန္းပဲျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ ဘို႔သ္ဟာ ၂၀၀၉ ခုႏွစ္ မီတာ ၁၀၀ အေျပးၿပိဳင္ပြဲမွာ ၉ ဒသမ ၅၈ စကၠန္႔နဲ႔ ကမၻာ့စံခ်ိန္ တင္ခဲ့သလို လြန္ခဲ့တဲ့ ၁၁ ႏွစ္အၾကာကလည္း မီတာ ၂၀၀ အေျပးၿပိဳင္ပြဲမွာ ၁၉ ဒသမ ၁၉ စကၠန္႔နဲ႔ ကမၻာ့စခ်ိန္ တင္ထားႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ အူစိန္ဘို႔သ္က သူ႕ထက္ ပိုအေျပးျမန္သူဟာ ဘလြန္းဒီေအာ္ဆု ၅ ဆုရွင္ ေရာ္နယ္ဒိုသာျဖစ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ ေရာ္နယ္ဒိုက ကၽြန္ေတာ့္ထက္ပိုျမန္တာ ေသခ်ာပါတယ္။ ကၽြန္ေတာ့္အျမင္မွာေတာ့ သူက ေန႔တုိင္း ႀကိဳးစားေလ့က်င့္ေနၿပီး ေျပးခုန္ပစ္ေလာကအတြက္ဆိုရင္ စူပါတစ္ေယာက္ပါပဲ။ သူက ပြဲေတြမွာဆိုရင္ အၿမဲတမ္း ထိပ္တန္းအဆင့္ကေန ကစားႏုိင္တယ္။ အလုပ္ႀကိဳးစားၿပီး အာရုံစူးစိုက္မႈလည္း ရွိတယ္။ လက္ရွိမွာေတာ့ သူက ကၽြန္ေတာ့္ထက္ ပိုျမန္တယ္လို႔ တကယ္ကိုထင္မိပါတယ္” လို႔ မန္ယူအသင္း ပရိသတ္ျဖစ္ၿပီး ေဘာလုံးေလာကထဲ၀င္ဖို႔ ႀကိဳးစားခဲ့ဖူးသူ အူစိန္ဘို႔သ္က ေျပာသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ဒီရာသီ စီးရီးေအ ၄ ပြဲမွာ ဂ်ဴဗင္တပ္အတြက္ ၆ ဂိုးသြင္းေပးထားသူလည္းျဖစ္ပါတယ္။