ရှုံးပွဲအတွက် ရှင်းပြစရာရှိမနေကြောင်း ဇီဒန်းပြောကြား

0
95

 

ezgif-7-2c3afbe0f68a         ရီးရဲလ်မက်ဒရစ်အသင်းဟာ အဲလာဗက်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ ၂-၁ နဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ အသင်းရဲ့ ရှုံးပွဲဖြစ်ပေါ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဇီဒန်းက ရှင်းပြစရာ မရှိကြောင်း ပြောကြားလိုက် ပါတယ်။ အဲလာဗက်အတွက်တော့ နှစ်ပေါင်း ၂၀ အတွင်း ရီးရဲလ်ကွင်းမှာ ပထမဆုံးနိုင်ပွဲတစ်ပွဲ ဖြစ်စေခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီအစမှာ ရီးရဲလ်မက်ဒရစ်အတွက် သုံးပွဲမြောက် ရှုံးပွဲတစ်ပွဲဖြစ်ခဲ့သလို သုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးစေခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။

ဇီဒန်းက “ ကွျန်တော်တို့ရဲ့ ကစားပုံအတွက် ကွျန်တော့်မှာ ရှင်းပြစရာ ရှိမနေပါဘူး။ ဒီညမှာတော့ ကွျန်တော်တို့တွေက ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတဲ့ အလှည့်အပြောင်းထဲမှာ ရွေ့လျားခဲ့တယ်။ သူတို့တွေက သုံးမိနစ်အတွင်း ဂိုးတွေသွင်းယူလိုက်ခြင်းက အရမ်းကို ရှုပ်ထွေးစေတဲ့ အရာဖြစ်စေခဲ့တယ်။ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကောင်းမွန်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ကွျန်တော်တို့ မပြုလုပ်နိုင်ကြဘူး။ ဒီအရာအတွက် ကွျန်တော့်မှာ ရှင်းပြစရာ မရှိပါဘူး။ ကွျန်တော်တို့ရဲ့ ကစားသမားတွေနဲ့ ကိုက်ညီတဲ့အရာတွေကို ပြောင်းလဲမှု ပြုလုပ်သွားရမှာ ဖြစ်သလို ဘာတွေလုပ်ရမယ်ဆိုတာကိုလည်း ကြိုးစားလုပ်ဆောင်သွားဖို့ ရှိပါတယ် ” လို့ ပြောပါ တယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ဆုံးရှုံးနေပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဆိုစီဒက်အသင်းဟာ ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရမှတ် ၂၃ မှတ် တူညီနေပါတယ်။ ဒါ့အပြင် ရီးရဲလ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းကလည်း အဆင့် ၁၄ နေရာရပ်တည်နေရပြီး ရုန်းကန်နေရတဲ့ ကာလ တစ်ခုဖြစ်နေပါတယ်။

Zawgyi

ရႈံးပြဲအတြက္ ရွင္းျပစရာရွိမေနေၾကာင္း ဇီဒန္းေျပာၾကား

ရီးရဲလ္မက္ဒရစ္အသင္းဟာ အဲလာဗက္အသင္းနဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲမွာ ၂-၁ နဲ႔ အိမ္ကြင္းမွာ ရႈံးပြဲေတြ႕ခဲ့ပါတယ္။ အသင္းရဲ့ ရႈံးပြဲျဖစ္ေပၚခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ဇီဒန္းက ရွင္းျပစရာ မရွိေၾကာင္း ေျပာၾကားလိုက္ ပါတယ္။ အဲလာဗက္အတြက္ေတာ့ ႏွစ္ေပါင္း ၂၀ အတြင္း ရီးရဲလ္ကြင္းမွာ ပထမဆုံးနိုင္ပြဲတစ္ပြဲ ျဖစ္ေစခဲ့ပါတယ္။ ယခုႏွစ္ ေဘာလုံးရာသီအစမွာ ရီးရဲလ္မက္ဒရစ္အတြက္ သုံးပြဲေျမာက္ ရႈံးပြဲတစ္ပြဲျဖစ္ခဲ့သလို သုံးပြဲဆက္ နိုင္ပြဲ ေပ်ာက္ဆုံးေစခဲ့တဲ့ ပြဲတစ္ပြဲလည္း ျဖစ္ခဲ့ရပါတယ္။
ဇီဒန္းက “ ကြ်န္ေတာ္တို႔ရဲ့ ကစားပုံအတြက္ ကြ်န္ေတာ့္မွာ ရွင္းျပစရာ ရွိမေနပါဘူး။ ဒီညမွာေတာ့ ကြ်န္ေတာ္တို႔ေတြက ေကာင္းျခင္းနဲ႔ ဆိုးျခင္းဆိုတဲ့ အလွည့္အေျပာင္းထဲမွာ ေရြ႕လ်ားခဲ့တယ္။ သူတို႔ေတြက သုံးမိနစ္အတြင္း ဂိုးေတြသြင္းယူလိုက္ျခင္းက အရမ္းကို ရႈပ္ေထြးေစတဲ့ အရာျဖစ္ေစခဲ့တယ္။ အင္တာမီလန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေကာင္းမြန္ခဲ့ေပမဲ့ ဒီေန႔မွာေတာ့ ကြ်န္ေတာ္တို႔ မျပဳလုပ္နိုင္ၾကဘူး။ ဒီအရာအတြက္ ကြ်န္ေတာ့္မွာ ရွင္းျပစရာ မရွိပါဘူး။ ကြ်န္ေတာ္တို႔ရဲ့ ကစားသမားေတြနဲ႔ ကိုက္ညီတဲ့အရာေတြကို ေျပာင္းလဲမႈ ျပဳလုပ္သြားရမွာ ျဖစ္သလို ဘာေတြလုပ္ရမယ္ဆိုတာကိုလည္း ႀကိဳးစားလုပ္ေဆာင္သြားဖို႔ ရွိပါတယ္ ” လို႔ ေျပာပါ တယ္။
ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိအခ်ိန္မွာ အဆင့္ေလးေနရာမွာ ရပ္တည္ေနၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ခြင့္ ဆုံးရႈံးေနပါတယ္။ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ ဆိုစီဒက္အသင္းဟာ ဒုတိယေနရာက အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ရမွတ္ ၂၃ မွတ္ တူညီေနပါတယ္။ ဒါ့အျပင္ ရီးရဲလ္ရဲ့ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဘာစီလိုနာအသင္းကလည္း အဆင့္ ၁၄ ေနရာရပ္တည္ေနရၿပီး ႐ုန္းကန္ေနရတဲ့ ကာလ တစ္ခုျဖစ္ေနပါတယ္။