လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဂီရော့အပေါ်မှာ မျှတမှုမရှိဘူးလို့ အေးဂျင့်ဖြစ်သူ မန်နူရယ်လို ပြော

0
119

 

ezgif-7-2c3afbe0f68a           ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဂီရော့ရဲ့ အေးဂျင့်ဖြစ်သူ မန်နူရယ်လို အသင်းမန်နေဂျာ လမ်းပတ်ရဲ့ ဂီရော့အပေါ်ဆုံးဖြတ်ချက်တွေဟာ မျှတမှုရှိဘဲ လူငယ်တိုက်စစ်ကစားသမား အေဘရာဟင်ကို နေရာပေးတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လာမဲ့ ဇန်နဝါရီ ပြောင်းရွှေ့ကာလမှာ ဂီရော့ကို အင်တာမီလန်အသင်းက ခေါ်ယူသွားဖို့ ရှိနေတာကိုလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဂီရော့ဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးလ်အသင်းနဲ့ ကစားခဲ့တဲ့ ခရာဘောင်းဖလားပွဲ တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး တိုက်စစ်ပိုင်းမှာ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူထားတဲ့ ဝါနာနောက်မှာ အေဘရာဟင်က ရပ်တည်နေပါတယ်။ အေဘရာဟင်က ယခုနှစ် ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ၁၂ ပွဲအထိ ပါဝင်ကစားထားပြီး လေးဂိုးသွင်းယူ ထားပါတယ်။ လက်ရှိအချိန်ဆက်လက်သွားနေရင် ဂီရော့နဲ့ အပြောင်းအရွှေ့ ကိုတားဆီးလို့ ရမှာမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။

91

မန်နူရယ်လိုက “ စက်တင်ဘာလက စတင်ပြီး ဖြစ်နေတဲ့အရာတွေက ပြောင်းလဲမှုကို အကျိုးသက်ရောက် စေမှာပါ။ ဒါပေမဲ့ သူက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့်ကနေ ပြောင်းလဲမှုမရှိဘဲ ဖြစ်နေခဲ့တယ်။ ဒီနေရာမှာ အခြားသောအရာတွေ သေချာပေါက်ဖြစ်လာမယ်ဆိုတာ ကွျန်တော်တို့ ပြောခဲ့ပါတယ်။ ဒီနေရာက ယူရိုသန်း ၁၅၀ ဖိုးလောက်ကစားသမားတွေကိုလည်း ဝယ်ယူခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုကာလအတွင်းမှာ မင်းက ဘာမှမမြင်ဘဲ မျက်ကန်းတစ်ယောက်ဖြစ်နေတယ်။ လမ်းပတ် ဆုံးဖြတ်ချက်ကလည်း အေဘရာဟင်ကို မှတ်ကျောက်တင်ပေးဖို့ကိုပဲ သူ့ခေါင်းထဲမှာ ရှိနေတယ်။ ဒါက မမျှတမှု ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂီရော့က ဘာတွေလုပ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ။ ဒါကလည်း လမ်းပတ်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရှိနေလို့ပါပဲ။ ကွျန်တော်တို့က လွန်ခဲ့တဲ့ နှစ်လကဟာကို မကြည့်နိုင်ပါဘူး။ ဒီလိုအဖြစ်အပျက်တွေ မတိုင်ခင်က သုံးနှစ်တာ ကာလကို အမှတ်ရစေချင်တယ်။ ဒါပေမဲ့ ကွျန်တော်တို့က ဒီလို ဂုဏ်ယူစရာတွေကို ဆက်လက်လုပ်ဆောင်သွား မှာပါ ” လို့ ပြောပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂီရော့ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကလည်း အီတလီကို ပြောင်းရွှေ့ဖို့သတင်းထွက်ခဲ့ ပေမဲ့ လမ်းပတ်ရဲ့ လက်အောက်မှာ ရာသီပြီးဆုံးချိန်အထိ ကစားခဲ့ရပါတယ်။

Zawgyi

လမ္းပတ္ရဲ့ ဆုံးျဖတ္ခ်က္ေတြဟာ ဂီေရာ့အေပၚမွာ မၽွတမႈမရွိဘူးလို႔ ေအးဂ်င့္ျဖစ္သူ မန္ႏူရယ္လို ေျပာ

ခ်ဲလ္ဆီးအသင္းရဲ့ တိုက္စစ္မႉး ဂီေရာ့ရဲ့ ေအးဂ်င့္ျဖစ္သူ မန္ႏူရယ္လို အသင္းမန္ေနဂ်ာ လမ္းပတ္ရဲ့ ဂီေရာ့အေပၚဆုံးျဖတ္ခ်က္ေတြဟာ မၽွတမႈရွိဘဲ လူငယ္တိုက္စစ္ကစားသမား ေအဘရာဟင္ကို ေနရာေပးတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ လာမဲ့ ဇန္နဝါရီ ေျပာင္းေရႊ႕ကာလမွာ ဂီေရာ့ကို အင္တာမီလန္အသင္းက ေခၚယူသြားဖို႔ ရွိေနတာကိုလည္း ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။
ဂီေရာ့ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ စပါးလ္အသင္းနဲ႔ ကစားခဲ့တဲ့ ခရာေဘာင္းဖလားပြဲ တစ္ပြဲသာ ပါဝင္ခြင့္ရခဲ့ၿပီး တိုက္စစ္ပိုင္းမွာ ေပါင္ ၅၃ သန္းနဲ႔ ေခၚယူထားတဲ့ ဝါနာေနာက္မွာ ေအဘရာဟင္က ရပ္တည္ေနပါတယ္။ ေအဘရာဟင္က ယခုႏွစ္ ေဘာလုံးရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ၁၂ ပြဲအထိ ပါဝင္ကစားထားၿပီး ေလးဂိုးသြင္းယူ ထားပါတယ္။ လက္ရွိအခ်ိန္ဆက္လက္သြားေနရင္ ဂီေရာ့နဲ႔ အေျပာင္းအေရႊ႕ ကိုတားဆီးလို႔ ရမွာမဟုတ္ဘူးလို႔ ၎က ဆိုပါတယ္။
မန္ႏူရယ္လိုက “ စက္တင္ဘာလက စတင္ၿပီး ျဖစ္ေနတဲ့အရာေတြက ေျပာင္းလဲမႈကို အက်ိဳးသက္ေရာက္ ေစမွာပါ။ ဒါေပမဲ့ သူက ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ပါဝင္ခြင့္ကေန ေျပာင္းလဲမႈမရွိဘဲ ျဖစ္ေနခဲ့တယ္။ ဒီေနရာမွာ အျခားေသာအရာေတြ ေသခ်ာေပါက္ျဖစ္လာမယ္ဆိုတာ ကြ်န္ေတာ္တို႔ ေျပာခဲ့ပါတယ္။ ဒီေနရာက ယူရိုသန္း ၁၅၀ ဖိုးေလာက္ကစားသမားေတြကိုလည္း ဝယ္ယူခဲ့ၾကတယ္။ ဒါေပမဲ့ ဒီလိုကာလအတြင္းမွာ မင္းက ဘာမွမျမင္ဘဲ မ်က္ကန္းတစ္ေယာက္ျဖစ္ေနတယ္။ လမ္းပတ္ ဆုံးျဖတ္ခ်က္ကလည္း ေအဘရာဟင္ကို မွတ္ေက်ာက္တင္ေပးဖို႔ကိုပဲ သူ႔ေခါင္းထဲမွာ ရွိေနတယ္။ ဒါက မမၽွတမႈ ျဖစ္ေနတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဂီေရာ့က ဘာေတြလုပ္ခဲ့တယ္ဆိုတာ ျမင္ေတြ႕ရမွာပါ။ ဒါကလည္း လမ္းပတ္ရဲ့ မွန္ကန္တဲ့ ေရြးခ်ယ္မႈရွိေနလို႔ပါပဲ။ ကြ်န္ေတာ္တို႔က လြန္ခဲ့တဲ့ ႏွစ္လကဟာကို မၾကည့္နိုင္ပါဘူး။ ဒီလိုအျဖစ္အပ်က္ေတြ မတိုင္ခင္က သုံးႏွစ္တာ ကာလကို အမွတ္ရေစခ်င္တယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔က ဒီလို ဂုဏ္ယူစရာေတြကို ဆက္လက္လုပ္ေဆာင္သြား မွာပါ ” လို႔ ေျပာပါတယ္။
ျပင္သစ္တိုက္စစ္မႉး ဂီေရာ့ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီကလည္း အီတလီကို ေျပာင္းေရႊ႕ဖို႔သတင္းထြက္ခဲ့ ေပမဲ့ လမ္းပတ္ရဲ့ လက္ေအာက္မွာ ရာသီၿပီးဆုံးခ်ိန္အထိ ကစားခဲ့ရပါတယ္။