လမ်းပတ် လက်ထက်မှာ ချဲလ်ဆီးအသင်းက ဆုဖလားများစွာ ရရှိနိုင်တယ်လို့ ချီဝဲလ် ပြောကြား

0
108

 

ezgif-7-2c3afbe0f68a            ချဲလ်ဆီးအသင်းကို ယခုနှစ် နွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ လက်စတာက ရောက်ရှိလာတဲ့ ခံစစ်ကစားသမား ချီဝဲလ်က ချဲလ်ဆီးဟာ လမ်းပတ်ရဲ့ လက်ထက်မှာ ဆုဖလားများစွာ ရယူသွားနိုင်တယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ချီဝဲလ်က ၁၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ လက်စတာအသင်းကို စွန့်ခွာပြီး ချဲလ်ဆီးကို ပြောင်းရွှေ့လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ၎င်းဟာ လက်စတာအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် ၁၂၃ ပွဲ ကစားခဲ့သလို ၂၀၁၈ ခုနှစ်မှာ စတင်ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် ကစားခွင့်ရခဲ့ပါတယ်။

ချီဝဲလ်က “ ကွျန်တော့်ရဲ့ ကစားသမား ဖြတ်သန်းမှုမှာ စိန်ခေါ်မှုအသစ်တွေ လိုအပ်သလို စိန်ခေါ်မှုတွေ ကိုလည်း နှစ်သက်တယ်။ ချဲလ်ဆီးအသင်းက ကမ္ဘာမှာ အင်အားအကြီးမားဆုံး အသင်းတစ်သင်း ဖြစ်သလို အသင်းအတွက်လည်း ကစားသမားပေါင်များစွာ ခေါ်ယူထားခဲ့တယ်။ ကွျန်တော့်အသက် ၂၃ နှစ်မှာ ဒီအသင်းကို စတင်ရောက်ရှိခဲ့တော့ ဒီအသင်းအတွက် ဆုဖလားတွေ ရရှိနိုင်ဖို့ ကူညီသွားနိုင်မှာပါ။ အခြားသော ကစားသမားတွေ ဒီကို ရောက်လာရင်လည်း ဒီလိုစကားမျိုး ပြောကြမှာပါပဲ။ ပြီးခဲ့တဲ့ လက ကွျန်တော်တို့ ကစားခဲ့တာကို မင်းတို့ ကြည့်ရမယ်ဆိုရင် ကွျန်တော်တို့တွေက အလုပ်ကို ကြိုးစားပြီး ထိန်းကြောင်းလုပ်ဆောင် သွားကြတယ်ဆိုတာ မြင်ရမှာပါ။ ဒီလို ဆက်သွားနေရင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ် လေးငါးနှစ်အတွင်းမှာ ဆုဖလားများစွာ ရယူသွားနိုင်တယ် ” လို့ ပြောပါတယ်။

67

အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ချီဝဲလ်ဟာ ယခုနှစ် နွေရာသီမှာ ချဲလ်ဆီးကို ရောက်ရှိခဲ့ပေမဲ့ ချဲလ်ဆီးက ယခုနှစ်မှာ ဝါနာ၊ ဇီယက်ချ်၊ ဟာဗက်ဇ်တို့ကို ခေါ်ယူထားပြီး ညာတောင်ပံ ခံစစ်ကစားသမားချီဝဲလ်က ၎င်း ပါဝင်တဲ့ ပွဲစဉ်တွေကို တိုးတက်ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ဖြစ်လိုတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ အသင်းမန်နေဂျာနဲ့ အသင်းနည်းပြအဖွဲ့တွေက ကွျန်တော့်ကို ခံစစ်ပိုင်းမှာ ပိုမို ရှိနေဖို့ ပြောသလို ဂိုးတွေ သွင်းယူနိုင်ဖို့နဲ့ ဖန်တီးပေးနိုင်ဖို့ကိုလည်း အမြဲတမ်းပြောပါတယ်။ ကွျန်တော်ရဲ့ ဖြတ်တင်ဘောတွေ အလုပ်မဖြစ်ရင် မပျော်ရွှင်ဘဲ ဖြစ်ရပေမဲ့ ကွျန်တော်က ဂိုးတွေသွင်းလိုတယ် ဖန်တီးပေးချင်တယ်။ ကွျန်တော်ပါဝင်တဲ့ ဘောလုံးရာသီရဲ့ ပြိုင်ပွဲတွေမှာတော့ ကြိုးစားပြီး ပေါင်းစပ်သွားဖို့ ရှိနေပါတယ် ” လို့ ပြောပါတယ်။

ချီဝဲလ်ဟာ ချဲလ်ဆီးကို ရောက်ရှိခဲ့ပြီးနောက် နှစ်ဂိုး သွင်းယူထားနိုင်သလို နှစ်ကြိမ်ဖန်တီးမှု ပြုလုပ်ထားပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် ရှစ်ပွဲ ကစားအပြီး လေးပွဲနိုင် တစ်ပွဲရှုံးကာ အဆင့်ငါးနေရာ ရပ်တည်နေပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လက်စတာနောက် ရမှတ်သုံးမှတ် ကွာဟနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ပြီး နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ သွားရောက်ကစားဖို့ ရှိနေပါတယ်။

Zawgyi

လမ္းပတ္ လက္ထက္မွာ ခ်ဲလ္ဆီးအသင္းက ဆုဖလားမ်ားစြာ ရရွိနိုင္တယ္လို႔ ခ်ီဝဲလ္ ေျပာၾကား

ခ်ဲလ္ဆီးအသင္းကို ယခုႏွစ္ ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၅၀ နဲ႔ လက္စတာက ေရာက္ရွိလာတဲ့ ခံစစ္ကစားသမား ခ်ီဝဲလ္က ခ်ဲလ္ဆီးဟာ လမ္းပတ္ရဲ့ လက္ထက္မွာ ဆုဖလားမ်ားစြာ ရယူသြားနိုင္တယ္ဆိုၿပီး ေျပာၾကားလိုက္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ခ်ီဝဲလ္က ၁၁ ႏွစ္ၾကာ ေနထိုင္ခဲ့တဲ့ လက္စတာအသင္းကို စြန႔္ခြာၿပီး ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လိုက္ျခင္းဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ တစ္ခုျဖစ္တယ္လို႔ ယုံၾကည္ထားပါတယ္။ ၎ဟာ လက္စတာအသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ၁၂၃ ပြဲ ကစားခဲ့သလို ၂၀၁၈ ခုႏွစ္မွာ စတင္ၿပီး အဂၤလန္လက္ေရြးစင္အျဖစ္ ကစားခြင့္ရခဲ့ပါတယ္။
ခ်ီဝဲလ္က “ ကြ်န္ေတာ့္ရဲ့ ကစားသမား ျဖတ္သန္းမႈမွာ စိန္ေခၚမႈအသစ္ေတြ လိုအပ္သလို စိန္ေခၚမႈေတြ ကိုလည္း ႏွစ္သက္တယ္။ ခ်ဲလ္ဆီးအသင္းက ကမၻာမွာ အင္အားအႀကီးမားဆုံး အသင္းတစ္သင္း ျဖစ္သလို အသင္းအတြက္လည္း ကစားသမားေပါင္မ်ားစြာ ေခၚယူထားခဲ့တယ္။ ကြ်န္ေတာ့္အသက္ ၂၃ ႏွစ္မွာ ဒီအသင္းကို စတင္ေရာက္ရွိခဲ့ေတာ့ ဒီအသင္းအတြက္ ဆုဖလားေတြ ရရွိနိုင္ဖို႔ ကူညီသြားနိုင္မွာပါ။ အျခားေသာ ကစားသမားေတြ ဒီကို ေရာက္လာရင္လည္း ဒီလိုစကားမ်ိဳး ေျပာၾကမွာပါပဲ။ ၿပီးခဲ့တဲ့ လက ကြ်န္ေတာ္တို႔ ကစားခဲ့တာကို မင္းတို႔ ၾကည့္ရမယ္ဆိုရင္ ကြ်န္ေတာ္တို႔ေတြက အလုပ္ကို ႀကိဳးစားၿပီး ထိန္းေၾကာင္းလုပ္ေဆာင္ သြားၾကတယ္ဆိုတာ ျမင္ရမွာပါ။ ဒီလို ဆက္သြားေနရင္ ေနာက္ထပ္ တစ္ႏွစ္၊ ႏွစ္ႏွစ္ ေလးငါးႏွစ္အတြင္းမွာ ဆုဖလားမ်ားစြာ ရယူသြားနိုင္တယ္ ” လို႔ ေျပာပါတယ္။
အဂၤလန္လက္ေရြးစင္ျဖစ္တဲ့ ခ်ီဝဲလ္ဟာ ယခုႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီးကို ေရာက္ရွိခဲ့ေပမဲ့ ခ်ဲလ္ဆီးက ယခုႏွစ္မွာ ဝါနာ၊ ဇီယက္ခ်္၊ ဟာဗက္ဇ္တို႔ကို ေခၚယူထားၿပီး ညာေတာင္ပံ ခံစစ္ကစားသမားခ်ီဝဲလ္က ၎ ပါဝင္တဲ့ ပြဲစဥ္ေတြကို တိုးတက္ေကာင္းမြန္တဲ့ ပြဲတစ္ပြဲ ျဖစ္လိုတယ္လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး ၎က “ အသင္းမန္ေနဂ်ာနဲ႔ အသင္းနည္းျပအဖြဲ႕ေတြက ကြ်န္ေတာ့္ကို ခံစစ္ပိုင္းမွာ ပိုမို ရွိေနဖို႔ ေျပာသလို ဂိုးေတြ သြင္းယူနိုင္ဖို႔နဲ႔ ဖန္တီးေပးနိုင္ဖို႔ကိုလည္း အျမဲတမ္းေျပာပါတယ္။ ကြ်န္ေတာ္ရဲ့ ျဖတ္တင္ေဘာေတြ အလုပ္မျဖစ္ရင္ မေပ်ာ္ရႊင္ဘဲ ျဖစ္ရေပမဲ့ ကြ်န္ေတာ္က ဂိုးေတြသြင္းလိုတယ္ ဖန္တီးေပးခ်င္တယ္။ ကြ်န္ေတာ္ပါဝင္တဲ့ ေဘာလုံးရာသီရဲ့ ၿပိဳင္ပြဲေတြမွာေတာ့ ႀကိဳးစားၿပီး ေပါင္းစပ္သြားဖို႔ ရွိေနပါတယ္ ” လို႔ ေျပာပါတယ္။
ခ်ီဝဲလ္ဟာ ခ်ဲလ္ဆီးကို ေရာက္ရွိခဲ့ၿပီးေနာက္ ႏွစ္ဂိုး သြင္းယူထားနိုင္သလို ႏွစ္ႀကိမ္ဖန္တီးမႈ ျပဳလုပ္ထားပါတယ္။ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ ရွစ္ပြဲ ကစားအၿပီး ေလးပြဲနိုင္ တစ္ပြဲရႈံးကာ အဆင့္ငါးေနရာ ရပ္တည္ေနၿပီး ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ လက္စတာေနာက္ ရမွတ္သုံးမွတ္ ကြာဟေနပါတယ္။ နိုဝင္ဘာ ၂၁ ရက္ေန႔မွာ စတင္ၿပီး နယူးကာဆယ္အသင္းရဲ့ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ပြဲ သြားေရာက္ကစားဖို႔ ရွိေနပါတယ္။