လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းစိုးရိမ်စရာ ဖြစ်စေတဲ့ ရော်ဘတ်ဆင်မှာ ပေါင်တွင်းကြော ဒဏ်ရာ သံသယရှိနေတယ်လို့ စကော့တလန်အသင်း နည်းပြပြော

0
119

 

 

ezgif-7-2c3afbe0f68a            လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံ ခံစစ်ကစားသမား ဖြစ်တဲ့ ရော်ဘတ်ဆင်မှာ ပေါင်တွင်းကြောဒဏ်ရာ ဖြစ်နေတယ်လို့ သံသယရှိကြောင်း စကော့တလန်အသင်း နည်းပြ ကလာကီက ပြောပါတယ်။ စကော့တလန် အသင်းဟာ တနင်္ဂနွေနေ့မှာ စလိုဗက်ကီးယားအသင်းရဲ့ နေးရှင်းလိဂ်ပွဲကစားဖို့ ရှိနေချိန်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ စကော့တလန်အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ ဆားဘီးယား အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ရော်ဘတ်ဆင်က ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ၁-၁ သရေဖြစ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ စကော့တလန်အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပြီး စကော့တလန်အသင်းအတွက် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြီးနောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲကို တက်ရောက် နိုင်တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်း ဗဟိုခံစစ်ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုမက်တို့ ဒဏ်ရာရနေသလို ညာတောင်ပံ ခံစစ်ကစားသမား အာနိုးကလည်း ဒဏ်ရာစာရင်းမှာ ပါဝင်နေပြီး ယခုတစ်ခါ ဘယ်တောင်ပံ ခံစစ် ကစားသမား ရော်ဘတ်ဆင်ပါ ထပ်မံပြီး ဒဏ်ရာရ စာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ ကလော့ပ်အနေနဲ့ ရော်ဘတ်ဆင်ကို စကော့တလန်ရဲ့ နေးရှင်းလိဂ်ပွဲမှာ မပါဝင်နိုင်ဖို့ မျှော်လင့်နေပြီး လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ပွဲ ဖြစ်တဲ့ လက်စတာနဲ့ပွဲမှာပါဝင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

စကော့တလန်အသင်းဟာ နေးရှင်းလိဂ်ရဲ့ လိဂ်(B) အုပ်စု ၂ မှာ ပါဝင်နေပြီး အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။ ပွဲစဉ် ၅ မှာ တွေ့ဆုံရမဲ့ စလိုဗက်ကီးယားအသင်းဟာ လေးပွဲ ကစားအပြီး ရမှတ်တစ်နဲ့ အဆင့်လေးနေရာ ရပ်တည်နေပါတယ်။

Zawgyi

လီဗာပူးလ္ရဲ့ ခံစစ္ပိုင္းစိုးရိမ္စရာ ျဖစ္ေစတဲ့ ေရာ္ဘတ္ဆင္မွာ ေပါင္တြင္းေၾကာ ဒဏ္ရာ သံသယရွိေနတယ္လို႔ စေကာ့တလန္အသင္း နည္းျပေျပာ

လီဗာပူးလ္အသင္းရဲ့ ဘယ္ေတာင္ပံ ခံစစ္ကစားသမား ျဖစ္တဲ့ ေရာ္ဘတ္ဆင္မွာ ေပါင္တြင္းေၾကာဒဏ္ရာ ျဖစ္ေနတယ္လို႔ သံသယရွိေၾကာင္း စေကာ့တလန္အသင္း နည္းၿပ ကလာကီက ေျပာပါတယ္။ စေကာ့တလန္ အသင္းဟာ တနဂၤေႏြေန႔မွာ စလိုဗက္ကီးယားအသင္းရဲ့ ေနးရွင္းလိဂ္ပြဲကစားဖို႔ ရွိေနခ်ိန္မွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ စေကာ့တလန္အသင္းဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကစားခဲ့တဲ့ စေကာ့တလန္အသင္းနဲ႔ ဆားဘီးယား အသင္းရဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ ေရာ္ဘတ္ဆင္က ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါပြဲမွာ ၁-၁ သေရျဖစ္ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ စေကာ့တလန္အသင္းက အနိုင္ရရွိခဲ့တာ ျဖစ္ၿပီး စေကာ့တလန္အသင္းအတြက္ ၁၉၉၈ ခုႏွစ္ ကမၻာ့ဖလားၿပီးေနာက္ ပထမဆုံးအႀကိမ္ ဥေရာပၿပိဳင္ပြဲကို တက္ေရာက္ နိုင္တာ ျဖစ္ပါတယ္။
လီဗာပူးလ္အသင္းရဲ့ ခံစစ္ပိုင္း ဗဟိုခံစစ္ကစားသမားေတြ ျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဂိုမက္တို႔ ဒဏ္ရာရေနသလို ညာေတာင္ပံ ခံစစ္ကစားသမား အာနိုးကလည္း ဒဏ္ရာစာရင္းမွာ ပါဝင္ေနၿပီး ယခုတစ္ခါ ဘယ္ေတာင္ပံ ခံစစ္ ကစားသမား ေရာ္ဘတ္ဆင္ပါ ထပ္မံၿပီး ဒဏ္ရာရ စာရင္းမွာ ပါဝင္လာနိုင္ဖြယ္ ရွိေနပါတယ္။ ကေလာ့ပ္အေနနဲ႔ ေရာ္ဘတ္ဆင္ကို စေကာ့တလန္ရဲ့ ေနးရွင္းလိဂ္ပြဲမွာ မပါဝင္နိုင္ဖို႔ ေမၽွာ္လင့္ေနၿပီး လီဗာပူးလ္ရဲ့ ပရီးမီးယားလိဂ္ပြဲ ျဖစ္တဲ့ လက္စတာနဲ႔ပြဲမွာပါဝင္နိုင္ဖို႔ ေမၽွာ္လင့္ထားပါတယ္။
စေကာ့တလန္အသင္းဟာ ေနးရွင္းလိဂ္ရဲ့ လိဂ္(B) အုပ္စု ၂ မွာ ပါဝင္ေနၿပီး အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၁၀ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ထားပါတယ္။ ပြဲစဥ္ ၅ မွာ ေတြ႕ဆုံရမဲ့ စလိုဗက္ကီးယားအသင္းဟာ ေလးပြဲ ကစားအၿပီး ရမွတ္တစ္နဲ႔ အဆင့္ေလးေနရာ ရပ္တည္ေနပါတယ္။