လီဗာပူးလ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအနေနဲ့ ဆာလက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိ

0
185

 

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်တဲ့ ဆာလက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဆာလက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အီဂျစ်ဘောလုံး အဖွဲ့ချုပ်က သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး ဆာလက်မှာ ရောဂါလက္ခဏာတွေ ပြသခြင်း မရှိဘူးလို့ ပါရှိပါတယ်။ ဆာလက် အီဂျစ်လက်ရွေးစင်အသင်းအတွက် ကစားဖို့ သွားရောက်စဉ်မှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပြီး အခြား ကစားသမားတွေမှာတော့ ရောဂါကူးစက်ခံထားတာ မရှိဘူးလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆာလက်က သီခြားခွဲနေထိုင်သွားရမှာ ဖြစ်လို့ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ် နှစ်ပွဲ ပါဝင်ခွင့် လွဲချော်သွားဖို့ ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ကစားဖို့ ရှိနေပါတယ်။ ဆာလက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲ ပါဝင်ကစားထားပြီး ရှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။

လီဗာပူးလ်အသင်းမှာ အဓိက ခံစစ်ကစားသမား ဗန်ဒိုက် ဒူးဒဏ်ရာ ရရှိလို့ ကာလရှည် အနားယူရမှာ ဖြစ်သလို ခံစစ်ကစားသမား ဂျိုး ဂိုမက်ကလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမားတချို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက်ကြောင့် ပွဲထွက်ခွင့်မရခဲ့ကြပါဘူး။ လက်ရှိအချိန်မှာလည်း အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ ဆာလက်က ရောဂါပိုးကူးစက်ခံထားရတဲ့အတွက် ကလော့ပ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။

Zawgyi

လီဗာပူးလ္အတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခုအေနနဲ႔ ဆာလက္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိ

လီဗာပူးလ္အသင္းရဲ့ အဓိကတိုက္စစ္မႉး ျဖစ္တဲ့ ဆာလက္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဆာလက္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ အီဂ်စ္ေဘာလုံး အဖြဲ႕ခ်ဳပ္က ေသာၾကာေန႔က ထုတ္ျပန္ခဲ့ၿပီး ဆာလက္မွာ ေရာဂါလကၡဏာေတြ ျပသျခင္း မရွိဘူးလို႔ ပါရွိပါတယ္။ ဆာလက္ အီဂ်စ္လက္ေရြးစင္အသင္းအတြက္ ကစားဖို႔ သြားေရာက္စဥ္မွာ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ၿပီး အျခား ကစားသမားေတြမွာေတာ့ ေရာဂါကူးစက္ခံထားတာ မရွိဘူးလို႔ အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ဆိုပါတယ္။
လက္ရွိအခ်ိန္မွာ ဆာလက္က သီျခားခြဲေနထိုင္သြားရမွာ ျဖစ္လို႔ လီဗာပူးလ္အသင္းရဲ့ ပြဲစဥ္ ႏွစ္ပြဲ ပါဝင္ခြင့္ လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။ လီဗာပူးလ္အသင္းဟာ နိုဝင္ဘာ ၂၁ ရက္ေန႔မွာ လက္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားဖို႔ ရွိေနၿပီး နိုဝင္ဘာ ၂၅ ရက္ေန႔မွာ အတၱလႏၲာအသင္းနဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ကစားဖို႔ ရွိေနပါတယ္။ ဆာလက္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ ရွစ္ပြဲ ပါဝင္ကစားထားၿပီး ရွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။
လီဗာပူးလ္အသင္းမွာ အဓိက ခံစစ္ကစားသမား ဗန္ဒိုက္ ဒူးဒဏ္ရာ ရရွိလို႔ ကာလရွည္ အနားယူရမွာ ျဖစ္သလို ခံစစ္ကစားသမား ဂ်ိဳး ဂိုမက္ကလည္း ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါ့အျပင္ အသင္းရဲ့ ကစားသမားတခ်ိဳ႕ကလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့အတြက္ေၾကာင့္ ပြဲထြက္ခြင့္မရခဲ့ၾကပါဘူး။ လက္ရွိအခ်ိန္မွာလည္း အဓိကတိုက္စစ္ကစားသမားျဖစ္တဲ့ ဆာလက္က ေရာဂါပိုးကူးစက္ခံထားရတဲ့အတြက္ ကေလာ့ပ္အတြက္ ထိုးႏွက္ခ်က္တစ္ခု ျဖစ္ေစခဲ့ပါတယ္။