သရေရလဒ်ဖြစ်လာနိုင်တဲ့ ဗလင်စီယာနဲ့ အက်သလက်တီကိုမက်ဒရစ်

0
173

ezgif-7-2c3afbe0f68a

 

လာလီဂါပွဲစဉ် ၁၁ အဖြစ် ဗလင်စီယာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ဗလင်စီယာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၈-၁၁-၂၀၂၀ ရက် စနေနေ့ည ၉း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဗလင်စီယာက လာလီဂါ ၁၀ ပွဲကစားအပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး အက်သလက်တီကိုမက်ဒရစ်က ၈ ပွဲကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဗလင်စီယာ ၂ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ ဗလင်စီယာ(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၃ – ၂ ဗလင်စီယာ(လာလီဂါ)

ဗလင်စီယာ ၁ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဗလင်စီယာ(လာလီဂါ)

ဗလင်စီယာ ၀ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ဗလင်စီယာက တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ၂၄ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ဗလင်စီယာကလည်း လာလီဂါအိမ်ကွင်းပွဲ နောက်ဆုံး ၂၅ ပွဲ ကစားအပြီး ၂၃ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဗလင်စီယာက အက်သလက်တီကိုမက်ဒရစ်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ သုံးပွဲမှာ သရေရလဒ် ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ဗလင်စီယာနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဗလင်စီယာ အသင်းက လာလီဂါ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရသလို လာလီဂါ နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။

ဗလင်စီယာအသင်းမှာ စီလက်ဆင်နဲ့ ဂေယာတို့က ဒဏ်ရာရနေပြီး အက်သလက်တီကိုမက်ဒရစ် အသင်းမှာ ဗာဆာဂျီကို၊ ဟာအဲယားနဲ့ ကော်စတာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီကိုမက်ဒရစ်က အနိုင်ရဖို့ ၅၀% ရှိနေပြီး ဗလင်စီယာ အနိုင်ရဖို့ ၂၀% နဲ့ သရေဖြစ်ဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

သေရရလဒ္ျဖစ္လာနိုင္တဲ့ ဗလင္စီယာနဲ႔ အက္သလက္တီကိုမက္ဒရစ္

လာလီဂါပြဲစဥ္ ၁၁ အျဖစ္ ဗလင္စီယာအသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ဟာ ဗလင္စီယာရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၈-၁၁-၂၀၂၀ ရက္ စေနေန႔ည ၉း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဗလင္စီယာက လာလီဂါ ၁၀ ပြဲကစားအၿပီး ရမွတ္ ၁၂ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရွိေနၿပီး အက္သလက္တီကိုမက္ဒရစ္က ၈ ပြဲကစားအၿပီး ရမွတ္ ၂၀ နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဗလင္စီယာ ၂ – ၂ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၁ ဗလင္စီယာ(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၃ – ၂ ဗလင္စီယာ(လာလီဂါ)
ဗလင္စီယာ ၁ – ၁ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဗလင္စီယာ(လာလီဂါ)
ဗလင္စီယာ ၀ – ၀ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ဗလင္စီယာက တစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားၿပီး အက္သလက္တီကိုမက္ဒရစ္က ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ ေနာက္ဆုံး ၂၄ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ဗလင္စီယာကလည္း လာလီဂါအိမ္ကြင္းပြဲ ေနာက္ဆုံး ၂၅ ပြဲ ကစားအၿပီး ၂၃ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ဗလင္စီယာက အက္သလက္တီကိုမက္ဒရစ္နဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ သုံးပြဲမွာ သေရရလဒ္ ျဖစ္ေပၚထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က ဗလင္စီယာနဲ႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၁ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ဗလင္စီယာ အသင္းက လာလီဂါ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ ေပးဂိုးအနည္းဆုံး ႏွစ္ဂိုး ေပးထားရသလို လာလီဂါ ေနာက္ဆုံး သုံးပြဲမွာ သြင္းဂိုး အနည္းဆုံး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။
ဗလင္စီယာအသင္းမွာ စီလက္ဆင္နဲ႔ ေဂယာတို႔က ဒဏ္ရာရေနၿပီး အက္သလက္တီကိုမက္ဒရစ္ အသင္းမွာ ဗာဆာဂ်ီကို၊ ဟာအဲယားနဲ႔ ေကာ္စတာတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အက္သလက္တီကိုမက္ဒရစ္က အနိုင္ရဖို႔ ၅၀% ရွိေနၿပီး ဗလင္စီယာ အနိုင္ရဖို႔ ၂၀% နဲ႔ သေရျဖစ္ဖို႔ ၃၀% ရွိေနပါတယ္။