ဟာသာဘာလင်ကွင်းမှာ ဒေါ့မွန်က နိုင်ပွဲတစ်ပွဲဖြစ်အောင် စွမ်းဆောင်သွားမှာပါ

0
124

 

ezgif-7-2c3afbe0f68a      ဘွန်ဒက်စ်လီဂါပွဲစဉ် ၈ အဖြစ် ဟာသာဘာလင်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဟာသာဘာလင်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၁-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဟာသာဘာလင်အသင်းက ဘွန်ဒက်စ်လီဂါ ၇ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပြီး ဒေါ့မွန် အသင်းက ရမှတ် ၁၅ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဒေါ့မွန် ၁ – ၀ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ဟာသာဘာလင် ၁ – ၂ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဟာသာဘာလင် ၂ – ၃ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဒေါ့မွန် ၂ – ၂ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ဟာသာဘာလင် ၁ – ၁ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဒေါ့မွန် ၂ – ၀ ဟာသာဘာလင်(ဘွန်ဒက်စ်လီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဟာသာဘာလင်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေ လေးပွဲရှုံးထားပြီး ဒေါ့မွန်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲအနိုင်ရထားပါတယ်။ ဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲ ခုနစ်ပွဲ ကစားအပြီး ဒေါ့မွန်က ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဒေါ့မွန်အသင်းက ဟာသာဘာလင်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲ အနိုင်ရထားပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။

ဟာသာဘာလင်အသင်းမှာ ကော်ဒိုဘာက ဒဏ်ရာရနေပြီး ဒေါ့မွန်အသင်းမှာ ရှ်မိုက်ဇာနဲ့ ဇာဂါဒူတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဟာသာဘာလင်ကွင်းမှာ ဒေါ့မွန်အသင်းက အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး ၂-၁ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

