အာဆင်နယ်ခံစစ်ကစားသမား ကိုလာစီနစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဟာဇီဂိုးဗီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

0
93

 

SBOTOP NOV      အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမားဖြစ်တဲ့ ကိုလာစီနစ်မှာ နိုင်ငံအတွက် ကစားပေးရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း လက်ရွေးစင်အသင်းဖြစ်တဲ့ ဘောစနီးယား- ဟာဇီဂိုးဗီးယားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ကိုလာစီနစ်ဟာ ဟာဇီဂိုးဗီးယားအသင်းနဲ့ အီတလီအသင်းတို့ကစားသွားမဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အသက် ၂၇ နှစ်အရွယ် ကိုလာစီနစ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် အသင်းကို ရှုံးခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ မိနစ် ၉၀ ပွဲချိန်အပြည့် ပါဝင်ကစားခဲ့ပါတယ်။ ၎င်းဟာ ယခုတစ်ပတ်အတွင်းမှာ အာဆင်နယ်ရဲ့ အီဂျစ်ကစားသမား အယ်နီနီးပြီးနောက် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကစားသမား ဖြစ်လာပါတယ်။

ဒါကြောင့် ၎င်းဟာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကစားရမဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ လွဲချော်သွားမှာ ဖြစ်သလို ယူရိုပါလိဂ်ပွဲဖြစ်တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကစားရမဲ့ မိုလ်ဒီအသင်းနဲ့ပွဲစဉ် မှာလည်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကစားသွားရမဲ့ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲမှာလည်း ကိုလာစီနစ်က လွဲချော်သွားဖို့ ရှိနေပါတယ်။

ရှော်ကေးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ကိုလာစီနစ်ဟာ အာဆင်နယ်အသင်းနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ် ခုနစ်ပွဲပါဝင်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ကိုလာစီနစ်ရဲ့ နိုင်ငံအသင်းဖော်ဖြစ်တဲ့ အီဘရာဟင် စီဟစ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ အီတလီနဲ့ ပွဲစဉ်မှာ လွဲချော်သွားဖို့ ရှိနေပါတယ်။

Zawgyi

အာဆင္နယ္ခံစစ္ကစားသမား ကိုလာစီနစ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ဟာဇီဂိုးဗီးယားနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ထုတ္ျပန္

အာဆင္နယ္အသင္းရဲ့ ခံစစ္ကစားသမားျဖစ္တဲ့ ကိုလာစီနစ္မွာ နိုင္ငံအတြက္ ကစားေပးရင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း လက္ေရြးစင္အသင္းျဖစ္တဲ့ ေဘာစနီးယား- ဟာဇီဂိုးဗီးယားေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။
ဒါေၾကာင့္ ကိုလာစီနစ္ဟာ ဟာဇီဂိုးဗီးယားအသင္းနဲ႔ အီတလီအသင္းတို႔ကစားသြားမဲ့ ေနးရွင္းလိဂ္ ပြဲစဥ္မွာ ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။ အသက္ ၂၇ ႏွစ္အရြယ္ ကိုလာစီနစ္က ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယ္သာလန္ အသင္းကို ရႈံးခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ မိနစ္ ၉၀ ပြဲခ်ိန္အျပည့္ ပါဝင္ကစားခဲ့ပါတယ္။ ၎ဟာ ယခုတစ္ပတ္အတြင္းမွာ အာဆင္နယ္ရဲ့ အီဂ်စ္ကစားသမား အယ္နီနီးၿပီးေနာက္ ဒုတိယေျမာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ကစားသမား ျဖစ္လာပါတယ္။
ဒါေၾကာင့္ ၎ဟာ အာဆင္နယ္အသင္းရဲ့ ပြဲစဥ္ေတြျဖစ္တဲ့ တနဂၤေႏြေန႔မွာ ကစားရမဲ့ လိဒ္ယူနိုက္တက္နဲ႔ ပြဲမွာ လြဲေခ်ာ္သြားမွာ ျဖစ္သလို ယူရိုပါလိဂ္ပြဲျဖစ္တဲ့ နိုဝင္ဘာ ၂၆ ရက္ေန႔မွာ ကစားရမဲ့ မိုလ္ဒီအသင္းနဲ႔ပြဲစဥ္ မွာလည္း ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ နိုဝင္ဘာ ၂၉ ရက္ေန႔မွာ ကစားသြားရမဲ့ ဝုဗ္အသင္းနဲ႔ အိမ္ကြင္းပြဲမွာလည္း ကိုလာစီနစ္က လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။
ေရွာ္ေကးအသင္းရဲ့ ကစားသမားေဟာင္းျဖစ္တဲ့ ကိုလာစီနစ္ဟာ အာဆင္နယ္အသင္းနဲ႔ ယခုႏွစ္ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ခုနစ္ပြဲပါဝင္ရခဲ့ေပမဲ့ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲသာ ပါဝင္ခြင့္ရခဲ့ပါတယ္။ ကိုလာစီနစ္ရဲ့ နိုင္ငံအသင္းေဖာ္ျဖစ္တဲ့ အီဘရာဟင္ စီဟစ္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရလို႔ အီတလီနဲ႔ ပြဲစဥ္မွာ လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။