အာဆင်နယ်နဲ့ အီဂျစ်ကွင်းလယ်ကစားသမား အယ်နီနီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

0
82

 

ezgif-7-2c3afbe0f68a       အာဆင်နယ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အယ်နီနီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အယ်နီနီးဟာ စနေနေ့က တိုဂိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အပြီး ရောဂါပိုးကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးချိန်မှာ ရောဂါပိုး ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့ ရောဂါ လက္ခဏာပြသခြင်း မရှိဘူးလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ကစားသမားနဲ့ နည်းပြအဖွဲ့ ၁၂၀၇ ဦးကို စစ်ဆေးခဲ့ချိန်မှာ ၁၆ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပါရှိပါတယ်။ အဆိုပါ စစ်ဆေးမှုတွေကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကို ၁၀ ရက် သီးခြားခွဲပြီး နေထိုင်သွားရမှာဖြစ်ပါတယ်။

အီဂျစ်ကစားသမားဖြစ်တဲ့ အယ်နီနီးကို ရောဂါပိုးတွေ့ခဲ့သလို အီဂျစ်တိုက်စစ်မှူး ဖြစ်တဲ့ လီဗာပူးလ် ကစားသမား ဆာလက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အယ်နီနီးကို ရောဂါပိုးစစ်ဆေးမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိခဲ့လို့ စနေနေ့က ကစားခဲ့တဲ့ တိုဂိုအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ပေးခဲ့ပါတယ်။

အယ်နီနီးဟာ အာဆင်နယ်အသင်းနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ၁၁ ပွဲပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်မှာ အာဆင်နယ်က အဆင့် ၁၁ နေရာမှာ ရှိနေပြီး ဥရောပလိဂ်မှာတော့ အုပ်စုကို ဦးဆောင်ထားပါတယ်။ ၎င်းဟာ အီဂျစ်ကနေ ပြန်လာခဲ့ရင် ရောဂါပိုး ရှိမရှိ ထပ်မံ စစ်ဆေးမှုခံယူသွားရမှာ ဖြစ်ပေမဲ့ အာဆင်နယ်အသင်းရဲ့ တနင်္ဂနွေနေ့ ကစားရမဲ့ လိဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲနဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ကစားရမဲ့ ယူရိုပါလိဂ်ပွဲဖြစ်တဲ့ မိုလ်ဒီအသင်းနဲ့ပွဲမှာလည်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

Zawgyi

အာဆင္နယ္နဲ႔ အီဂ်စ္ကြင္းလယ္ကစားသမား အယ္နီနီးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိ

အာဆင္နယ္အသင္းရဲ့ အီဂ်စ္လက္ေရြးစင္ ကြင္းလယ္ကစားသမား အယ္နီနီးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္လိုက္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ အယ္နီနီးဟာ စေနေန႔က တိုဂိုအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အၿပီး ေရာဂါပိုးကူးစက္ခံထားရျခင္း ရွိမရွိ စစ္ေဆးခ်ိန္မွာ ေရာဂါပိုး ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ၎ဟာ ေရာဂါပိုးေတြ႕ရွိခဲ့ေပမဲ့ ေရာဂါ လကၡဏာျပသျခင္း မရွိဘူးလို႔ အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ့ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
အဂၤလန္ ပရီးမီးယားလိဂ္က တနလၤာေန႔မွာ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္မွာ ကစားသမားနဲ႔ နည္းျပအဖြဲ႕ ၁၂၀၇ ဦးကို စစ္ေဆးခဲ့ခ်ိန္မွာ ၁၆ ေယာက္မွာ ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ ပါရွိပါတယ္။ အဆိုပါ စစ္ေဆးမႈေတြကို နိုဝင္ဘာ ၉ ရက္ေန႔ကေန ၁၅ ရက္ေန႔အတြင္း စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ကစားသမားနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကို ၁၀ ရက္ သီးျခားခြဲၿပီး ေနထိုင္သြားရမွာျဖစ္ပါတယ္။
အီဂ်စ္ကစားသမားျဖစ္တဲ့ အယ္နီနီးကို ေရာဂါပိုးေတြ႕ခဲ့သလို အီဂ်စ္တိုက္စစ္မႉး ျဖစ္တဲ့ လီဗာပူးလ္ ကစားသမား ဆာလက္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ ေသာၾကာေန႔က သတင္းထုတ္ျပန္ခဲ့ ပါတယ္။ အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က အယ္နီနီးကို ေရာဂါပိုးစစ္ေဆးမႈ သုံးႀကိမ္ျပဳလုပ္ခဲ့ၿပီး ေရာဂါပိုးမေတြ႕ရွိခဲ့လို႔ စေနေန႔က ကစားခဲ့တဲ့ တိုဂိုအသင္းကို ၁-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္ေပးခဲ့ပါတယ္။
အယ္နီနီးဟာ အာဆင္နယ္အသင္းနဲ႔ ယခုႏွစ္ ေဘာလုံးရာသီမွာ ၁၁ ပြဲပါဝင္ကစားထားၿပီး ပရီးမီးယားလိဂ္မွာ အာဆင္နယ္က အဆင့္ ၁၁ ေနရာမွာ ရွိေနၿပီး ဥေရာပလိဂ္မွာေတာ့ အုပ္စုကို ဦးေဆာင္ထားပါတယ္။ ၎ဟာ အီဂ်စ္ကေန ျပန္လာခဲ့ရင္ ေရာဂါပိုး ရွိမရွိ ထပ္မံ စစ္ေဆးမႈခံယူသြားရမွာ ျဖစ္ေပမဲ့ အာဆင္နယ္အသင္းရဲ့ တနဂၤေႏြေန႔ ကစားရမဲ့ လိဒ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲနဲ႔ နိုဝင္ဘာ ၂၆ ရက္ေန႔ ကစားရမဲ့ ယူရိုပါလိဂ္ပြဲျဖစ္တဲ့ မိုလ္ဒီအသင္းနဲ႔ပြဲမွာလည္း ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။