အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်အတွက် သရေရလဒ်လောက်ပဲ ‌မျှော်မှန်းသွားလို့ ရနိုင်မယ်

0
130

 

ezgif-7-2c3afbe0f68a            လာလီဂါပွဲစဉ် ၈ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၁-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက လာလီဂါ ၇ ပွဲ ကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဘာစီလိုနာအသင်းက ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘာစီလိုနာ ၂ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ဘာစီလိုနာ ၂ – ၃ အက်သလက်တီကိုမက်ဒရစ်(စပိန်စူပါဖလား)

အက်သလက်တီကိုမက်ဒရစ် ၀ – ၁ ဘာစီလိုနာ(လာလီဂါ)

ဘာစီလိုနာ ၂ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ ဘာစီလိုနာ(လာလီဂါ)

ဘာစီလိုနာ ၁ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အက်သလက်တီကိုမက်ဒရစ်က လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဘာစီလိုနာက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ အက်သလက်တီကို မက်ဒရစ်က လာလီဂါနောက်ဆုံး ၂၃ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုက လာလီဂါ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုက လာလီဂါ နောက်ဆုံး လေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဘာစီလိုနာက အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုက ဘာစီလိုနာနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူ နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဗာဆာဂျီကိုနဲ့ ဟာအဲယားတို့က ဒဏ်ရာရနေပြီး တော်အဲယား၊ ဆွာရတ်ဇ်၊ ဆာဗစ်၊ ကော်စတာတို့က ပါဝင်နိုင်ဖို့မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီကိုအနိုင်ရဖို့ ၃၀%ရှိနေပြီး သရေဖြစ်ဖို့ ၄၀% နဲ့ ဘာစီလိုနာအနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

