တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် – ၀ုဗ်
- ကစားမည့်ကွင်း – အီးမရိတ်စ်
- ကစားမည့်အချိန် – နံနက် ၁း၄၅
(နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု)
- ၀ုဗ် ၀-၂ အာဆင်နယ်
- အာဆင်နယ် ၁-၁ ၀ုဗ်
- ၀ုဗ် ၃-၁ အာဆင်နယ်
(အာဆင်နယ်၏ နောက်ဆုံး ၃ ပွဲရလဒ်)
- မိုလ်ဒီ ၀-၃ အာဆင်နယ်
- လိဒ် ၀-၀ အာဆင်နယ်
- အာဆင်နယ် ၀-၃ အက်စတွန်ဗီလာ
(၀ုဗ်၏ နောက်ဆုံး ၃ ပွဲရလဒ်)
- ၀ုဗ် ၁-၁ ဆောက်သမ်တန်
- လက်စတာ ၁-၀ ၀ုဗ်
- ၀ုဗ် ၂-၀ ပဲလေ့စ်
(ပွဲကြိုသုံးသပ်ချက်)
- အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့တာ ကြောင့် အမှတ်ပေးဇယားအောက်ပိုင်းကို ကျရောက်နေတယ်။ ဒါကြောင့် ဒီပွဲမှာ အမှတ်ပြန်စုဆောင်းနိုင်ဖို့ ရေကုန်ရေခမ်း ကြိုးစားလာပါလိမ့်မယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲဆက် ဂိုးပေါက်ပျောက် နေတာကိုလည်း ရပ်တန့်ဖို့ အားထုတ်လာမှာပါ။ ၀ုဗ်က ဒဏ်ရာပြဿနာကင်းစင်နေပြီး ဂျီမီနက်ဇ် ဦးဆောင်တဲ့ တိုက်စစ်က မထင်မှတ်ဘဲ ခြိမ်းခြောက်လာနိုင်တာကြောင့် အာဆင်နယ် သက်သောင့် သက်သာ ကစားနိုင်မှာမဟုတ်တာတော့ သတိပြုရမယ်။ အမှားမခံ ကစားကြမယ့်ပွဲဖြစ်တာကြောင့် ဘော်ဒီထက် ဂိုးပေါင်းအောက်ကိုပဲ ပိုနှစ်သက်မိပါတယ်။
- ခန့်မှန်းရလဒ် – (၁-၀)
(zawgyi)
သံသယဖြစ်စရာကောင်းတဲ့ပေါက်ကြေးကြောင့် အိမ်ရှင်ပဲရွေးမယ်
စီးရီးအေပွဲကြိုသုံးသပ်ချက်
ဆက်ဆူအိုလို – အင်တာမီလန်
– ကစားမည့်ကွင်း – ထရီကိုလိုရီ
– ကစားမည့်အချိန် – ည ၈း၃၀
(နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု)
– အင်တာမီလန် ၃-၃ ဆက်ဆူအိုလို
– ဆက်ဆူအိုလို ၃-၄ အင်တာမီလန်
– အင်တာမီလန် ၀-၀ ဆက်ဆူအိုလို
(ဆက်ဆူအိုလို၏ နောက်ဆုံး ၃ ပွဲရလဒ်)
– ဗီရိုနာ ၀-၂ ဆက်ဆူအိုလို
– ဆက်ဆူအိုလို ၀-၀ အူဒီးနီးစ်
– နာပိုလီ ၀-၂ ဆက်ဆူအိုလို
(အင်တာမီလန်၏ နောက်ဆုံး ၃ ပွဲရလဒ်)
– အင်တာမီလန် ၀-၂ ရီးရဲလ်မက်ဒရစ်
– အင်တာမီလန် ၄-၂ တိုရီနို
– အတ္တလန္တာ ၁-၁ အင်တာမီလန်
(ပွဲကြိုသုံးသပ်ချက်)
– ဆက်ဆူအိုလိုက ဒီရာသီမှာ ခြေစွမ်းတောက်ပနေပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းဖို့တောင် ခြိမ်းခြောက်နိုင်စွမ်းရှိနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲမှာ ရှုံးပွဲမရှိခဲ့သလို အူဒီးနီးစ်ကို သရေကျခဲ့တဲ့ပွဲကလွဲလို့ ကျန်ပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းနိုင်ခဲ့တယ်။ နည်းပြကွန်တီရဲ့ အင်တာမီလန်အသင်းက ဒီရာသီမှာ အနည်းငယ် ရုန်းကန်နေရပြီး နောက်ပိုင်းနှစ်တွေ ဆက်ဆူအိုလိုကွင်းမှာ ရလဒ်မကောင်းတတ်တာကြောင့် ယုံကြည်ရခက်နေပါတယ်။ အင်တာမီလန်တိုက်စစ်မှာ လူကာကူနဲ့ မာတီနက်ဇ် ပါဝင်လာနိုင်တာ မှန်ပေမဲ့ ပေါက်ကြေးအရ သံသယရှိတာကြောင့် အိမ်ရှင် ဆက်ဆူအိုလိုကိုပဲ ရွေးချယ်စေချင်ပါတယ်။
– ခန့်မှန်းရလဒ် – (၁-၀)