ကာဗာနီ‌ခြေစွမ်းကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ ဆိုးလ်ရှား

0
198

SBOTOP NOV

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ပြီးနောက် တိုက်စစ်မှူးသစ် ကာဗာနီရဲ့ ခြေစွမ်းအပေါ် ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ မန်ယူအတွက် အဖွင့်ဂိုးကို ၈၈ မိနစ်မှာ ကာဗာနီက သွင်းယူပေးခဲ့သလို မာရှယ်ကလည်း နောက်တစ်ဂိုးသွင်းခဲ့တာကြောင့် အဲဗာတန်ကို 2-0ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးရဲ့ သွင်းဂိုးဟာ ဂိုးပေါက်ကန်သွင်းချက်တည့်မှု ၄ ကြိမ်မြောက်မှာ ရခဲ့တာဖြစ်ပြီး အဲဒါဟာ အဲဗာတန်အသင်းတစ်သင်းလုံးစွမ်း‌ေဆာင်ရည်ထက် တစ်ကြိမ် ပိုများတဲ့ ပမာဏဖြစ်ခဲ့ပါတယ်။ ကာဗာနီဟာ ဒီရာသီ မန်ယူအသင်းအတွက် ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၄ ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး ရာသီအစပိုင်းမှာ အထနှေးတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဆိုးလ်ရှားက ငြင်းဆန်လိုက်တာပါ။

ဆိုးလ်ရှားက “ခင်ဗျားတို့အတွေး မှားတယ်လို့ ကျွန်တော်ထင်တယ်။ သူက ထူးချွန်ပြောင်မြောက်သူတစ်ယောက်ဖြစ်ပြီး အရမ်းကိုတော်တဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ အထနှေးခဲ့တယ်လို့ ကျွန်တော်တော့မထင်ဘူး။ သူက ဒဏ်ရာရခဲ့တာမှန်ပေမဲ့ ဘယ်သူမဆို ဒဏ်ရာရနိုင်တာပဲလေ။ ဒါပေမဲ့ သူ့ရဲ့အရှိန်အဝါနဲ့ စိတ်ပြင်းပြမှုအပေါ် ကျွန်တော် ကျေနပ်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးကြီးချိန်တွေမှာ ဂိုးသွင်းပေးနိုင်သူတစ်ယောက်ပါ။ သူ့အတွက် ကျွန်တော်တို့ စိတ်ရှည်သည်းခံပေးရမယ်” လို့ ပြောသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ကာဗာနီ‌ေျခစြမ္းကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ တက္ေရာက္နိုင္ျပီးေနာက္ တိုက္စစ္မႉးသစ္ ကာဗာနီရဲ့ ေျခစြမ္းအေပၚ ခ်ီးမြမ္းခန္း ဖြင့္သြားခဲ့ပါတယ္။ ဂြတ္ဒီဆင္ပါ့ခ္မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ မန္ယူအတြက္ အဖြင့္ဂိုးကို ၈၈ မိနစ္မွာ ကာဗာနီက သြင္းယူေပးခဲ့သလို မာရွယ္ကလည္း ေနာက္တစ္ဂိုးသြင္းခဲ့တာေျကာင့္ အဲဗာတန္ကို 2-0ဂိုးနဲ့ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဥရုေဂြးတိုက္စစ္မႉးရဲ့ သြင္းဂိုးဟာ ဂိုးေပါက္ကန္သြင္းခ်က္တည့္မႈ ၄ ျကိမ္ေျမာက္မွာ ရခဲ့တာျဖစ္ျပီး အဲဒါဟာ အဲဗာတန္အသင္းတစ္သင္းလံုးစြမ္း‌ေဆာင္ရည္ထက္ တစ္ျကိမ္ ပိုမ်ားတဲ့ ပမာဏျဖစ္ခဲ့ပါတယ္။ ကာဗာနီဟာ ဒီရာသီ မန္ယူအသင္းအတြက္ ကစားခဲ့တဲ့ ၁၂ ပြဲမွာ ၄ ဂိုးသြင္းေပးခဲ့တာျဖစ္ျပီး ရာသီအစပိုင္းမွာ အထေနွးတယ္ဆိုတဲ့ ေဝဖန္မႈေတြကို ဆိုးလ္ရွားက ျငင္းဆန္လိုက္တာပါ။

ဆိုးလ္ရွားက “ခင္ဗ်ားတို့အေတြး မွားတယ္လို့ ကြ်န္ေတာ္ထင္တယ္။ သူက ထူးခြ်န္ေျပာင္ေျမာက္သူတစ္ေယာက္ျဖစ္ျပီး အရမ္းကိုေတာ္တဲ့သူတစ္ေယာက္ပါ။ သူ့အေနနဲ့ အထေနွးခဲ့တယ္လို့ ကြ်န္ေတာ္ေတာ့မထင္ဘူး။ သူက ဒဏ္ရာရခဲ့တာမွန္ေပမဲ့ ဘယ္သူမဆို ဒဏ္ရာရနိုင္တာပဲေလ။ ဒါေပမဲ့ သူ့ရဲ့အရွိန္အဝါနဲ့ စိတ္ျပင္းျပမႈအေပၚ ကြ်န္ေတာ္ ေက်နပ္ပါတယ္။ သူက ကြ်န္ေတာ္တို့အတြက္ အေရးျကီးခ်ိန္ေတြမွာ ဂိုးသြင္းေပးနိုင္သူတစ္ေယာက္ပါ။ သူ့အတြက္ ကြ်န္ေတာ္တို့ စိတ္ရွည္သည္းခံေပးရမယ္” လို့ ေျပာသြားခဲ့ပါတယ္။