ချန်ပီယံဆုအကြောင်း မပြောသေးဘူးဆိုတဲ့ မန်ယူနည်းပြ ဆိုးလ်ရှား

0
125

SBOTOP NOV

မန်ယူအသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်မတည်ငြိမ်မှုတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ရလဒ်ပြန်ကောင်းလာခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမဲ့ လတ်တလောမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း မပြောလိုသေးဘူးလို့ ဆိုးလ်ရှားက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ မန်ယူအသင်းဟာ ရှက်ဖီးယူနိုက်တက်နဲ့ လိဒ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့ပါတယ်။

ဒါ့အပြင် မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း အသင်းဟာ ချန်ပီယံဆု ပြန်ရယူနိုင်ရေးကို ရည်မှန်းနိုင်နေပြီလို့ ခန့်မှန်းသုံးသပ်ထားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာလည်း အဲဗာတန်အသင်းကို ၂-ဝ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင် နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်စီးတီအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လက်စတာနဲ့ ရင်ဆိုင်ရမယ့် ဒီညပွဲမတိုင်ခင်မှာ ဆိုးလ်ရှားက ချန်ပီယံဆုအကြောင်း မပြောလိုသေးဘူးလို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက “ မန်ယူအသင်းအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုပဲ သတင်းတွေ ထွက်ပေါ်နေပါစေ၊ ကျွန်တော်တို့ကတော့ အသင်းတစ်သင်းအနေနဲ့ တိုးတက်မှုရှိအောင် ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ရာသီကုန်မှာ ဘယ်အရာကိုမဆို စိန်ခေါ်နိုင်ဖို့အတွက် တစ်ပွဲချင်း ကြိုးစားရမှာဖြစ်ပြီး လတ်တလောမှာ ချန်ပီယံဆုအကြောင်း ပြောဖို့မလိုသေးပါဘူး။ တစ်နေ့ပြီးတစ်နေ့ တိုးတက်လာရေးအတွက် သာ ကျွန်တော်တို့ ဆွေးနွေးကြရမှာဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ခ်န္ပီယံဆုအေၾကာင္း မေျပာေသးဘူးဆိုတဲ့ မန္ယူနည္းျပ ဆိုးလ္ရွား

မန္ယူအသင္းဟာ ဒီရာသီအစပိုင္းမွာ ရလဒ္မတည္ၿငိမ္မႈေတြ ရွိခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ရလဒ္ျပန္ေကာင္းလာခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနေပမဲ့ လတ္တေလာမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအေၾကာင္း မေျပာလိုေသးဘူးလို႔ ဆိုးလ္ရွားက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ မန္ယူအသင္းဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ လိဒ္အသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ ဇယားထိပ္ဆုံးက လီဗာပူးအသင္းနဲ႔ ၅ မွတ္သာ ကြာဟေတာ့ပါတယ္။

ဒါ့အျပင္ မန္ယူအသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္ကလည္း အသင္းဟာ ခ်န္ပီယံဆု ျပန္ရယူႏုိင္ေရးကို ရည္မွန္းႏိုင္ေနၿပီလို႔ ခန္႔မွန္းသုံးသပ္ထားခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္မွာလည္း အဲဗာတန္အသင္းကို ၂-၀ ဂိုးနဲ႔ အႏုိင္ရခဲ့ၿပီးေနာက္ ဆီမီးဖိုင္ နယ္အဆင့္ကို တက္လွမ္းထားႏုိင္ခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီအသင္းနဲ႔ ထိပ္တိုက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

လက္စတာနဲ႔ ရင္ဆိုင္ရမယ့္ ဒီညပြဲမတိုင္ခင္မွာ ဆိုးလ္ရွားက ခ်န္ပီယံဆုအေၾကာင္း မေျပာလိုေသးဘူးလို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားက “ မန္ယူအသင္းအေၾကာင္းနဲ႔ပတ္သက္ၿပီး ဘယ္လိုပဲ သတင္းေတြ ထြက္ေပၚေနပါေစ၊ ကၽြန္ေတာ္တုိ႔ကေတာ့ အသင္းတစ္သင္းအေနနဲ႔ တိုးတက္မႈရွိေအာင္ ႀကိဳးစားသြားရမွာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ ရာသီကုန္မွာ ဘယ္အရာကိုမဆို စိန္ေခၚႏုိင္ဖို႔အတြက္ တစ္ပြဲခ်င္း ႀကိဳးစားရမွာျဖစ္ၿပီး လတ္တေလာမွာ ခ်န္ပီယံဆုအေၾကာင္း ေျပာဖို႔မလိုေသးပါဘူး။ တစ္ေန႔ၿပီးတစ္ေန႔ တိုးတက္လာေရးအတြက္ သာ ကၽြန္ေတာ္တို႔ ေဆြးေႏြးၾကရမွာျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။