ဂျာဂင်ကလော့အတွက် ဂုဏ်ယူစရာ အခိုက်အတန့်

0
118

SBOTOP NOV

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ဟာ ဒီနှစ်မှာလည်း တစ်ဦးချင်းဆုတွေ ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီး ဂုဏ်ယူစရာ အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလော့ဟာ ဒီနှစ်အတွင်း ဖီဖာကချီးမြှင့်တဲ့ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးထားနိုင်ခဲ့သလို အခုလည်း BBC က ချီးမြှင့်ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုပါ ထပ်မံဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းဟာလည်း BBC က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး အသင်းဆုကို ဆွတ်ခူးရရှိခဲ့သလို အကောင်းဆုံး အားကစားသမားဆုကိုတော့ ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ရရှိခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းအတွက် ရရှိတဲ့ အကောင်းဆုံး အသင်းဆုကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆင်နဲ့ နည်းပြ ကလော့တို့က တက်ရောက်ရယူပေးခဲ့တာ ဖြစ်ပါတယ်။

132245620_1289176038109870_4898157180150379340_n

လီဗာပူးအသင်းဟာ ဒီရာသီအစပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ဒုက္ခကြုံတွေ့ခဲ့ရပေမဲ့ လတ်တလောမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထပ်မံ ဦးဆောင်ထားနိုင်နေပြီး ခရစ္စမတ်ကာလမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးဦးဆောင်နိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ ဂိုမက်စ်အပါအဝင် အဓိကနောက်ခံလူတွေ ဒဏ်ရာခဲ့ကြပေမဲ့ ဖာဘင်ဟိုနဲ့ လူငယ်ကစားသမားတွေ အကောင်းဆုံး ဝင်ကစားပေးနိုင်ခဲ့တာကြောင့် လက်ရှိမှာ ထိပ်ဆုံးရပ်တည်နေနိုင်တာဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ဂ်ာဂင္ကေလာ့အတြက္ ဂုဏ္ယူစရာ အခိုက္အတန္႔

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ဟာ ဒီႏွစ္မွာလည္း တစ္ဦးခ်င္းဆုေတြ ထပ္မံဆြတ္ခူးႏုိင္ခဲ့ၿပီီး ဂုဏ္ယူစရာ အခိုက္အတန္႔ကို ဖန္တီးႏုိင္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကေလာ့ဟာ ဒီႏွစ္အတြင္း ဖီဖာကခ်ီးျမွင့္တဲ့ အေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးထားႏုိင္ခဲ့သလို အခုလည္း BBC က ခ်ီးျမွင့္ေပးအပ္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုပါ ထပ္မံဆြတ္ခူးသြားႏုိင္ခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးအသင္းဟာလည္း BBC က ခ်ီးျမွင့္တဲ့ တစ္ႏွစ္တာအေကာင္းဆုံး အသင္းဆုကို ဆြတ္ခူးရရွိခဲ့သလို အေကာင္းဆုံး အားကစားသမားဆုကိုေတာ့ ေဖာ္ျမဴလာ၀မ္းကားေမာင္းသမား လူး၀စ္ဟာမီလ္တန္က ရရွိခဲ့တယ္လို႔ သိရပါတယ္။ လီဗာပူးအသင္းအတြက္ ရရွိတဲ့ အေကာင္းဆုံး အသင္းဆုကိုေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆင္နဲ႔ နည္းျပ ကေလာ့တို႔က တက္ေရာက္ရယူေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီအစပိုင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ဒုကၡႀကဳံေတြ႕ခဲ့ရေပမဲ့ လတ္တေလာမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ထပ္မံ ဦးေဆာင္ထားႏုိင္ေနၿပီး ခရစၥမတ္ကာလမွာ ၂ ႏွစ္ဆက္တိုက္ ထိပ္ဆုံးဦးေဆာင္ႏုိင္တဲ့အသင္းအျဖစ္လည္း မွတ္တမ္း၀င္ႏိုင္ခဲ့ပါတယ္။ လီဗာပူးအသင္းဟာ ဗန္ဒိုက္နဲ႔ ဂိုမက္စ္အပါအ၀င္ အဓိကေနာက္ခံလူေတြ ဒဏ္ရာခဲ့ၾကေပမဲ့ ဖာဘင္ဟိုနဲ႔ လူငယ္ကစားသမားေတြ အေကာင္းဆုံး ၀င္ကစားေပးႏုိင္ခဲ့တာေၾကာင့္ လက္ရွိမွာ ထိပ္ဆုံးရပ္တည္ေနႏိုင္တာျဖစ္ပါတယ္။