စပါးလ်အသင်းအတွက် မော်ရင်ဟို ခေါ်ယူချင်နေတဲ့ မိုဒရစ် ရီးရဲလ်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးသွားဖို့ သဘောတူညီမှု ရရှိ

0
147

 

SBOTop Dec           စပါးလ်အသင်း မန်နေဂျာ မော်ရင်ဟိုက ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ် ကစား သမား မိုဒရစ်ဟာ ရီးရဲလ်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ မော်ရင်ဟို အနေနဲ့ ယခင်က ရီးရဲလ်မှာ အတူလက်တွဲခဲ့တဲ့ စပါးလ်ကစားသမားဟောင်း ဂါရတ်ဘေးလ်ကို အငှား ကစားသမားအဖြစ် ခေါ်ယူထားသလို မိုဒရစ်ကိုလည်း ခေါ်ယူနိုင်ခဲ့ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

မိုဒရစ်ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ပျော်ရွှင်နေပြီး လာမဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ စနေနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ခရိုအေးရှားကစားသမားဖြစ်တဲ့ မိုဒရစ်က စာချုပ်သက်တမ်းတိုးသွားဖို့ သဘောတူထားတယ်လို့ သိရပါတယ်။ မိုဒရစ်ဟာ ၂၀၂၁ ခုနှစ် ဇွန်လရောက်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမဲ့ နောက်ထပ် တစ်နှစ် အနေနဲ့ ၂၀၂၂ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

108

စပါးလ်အသင်းကနေ ၂၀၁၂ ခုနှစ် ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာတဲ့ မိုဒရစ်အနေနဲ့ စာချုပ်သက်တမ်း တိုးခဲ့ရင် ရီးရဲလ်ကစားသမားအဖြစ် ၁၀ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ၎င်းဟာ ရီးရဲလ်အသင်းနဲ့ ရှစ်နှစ်ခွဲကြာ ကစားခဲ့အပြီးမှာ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ လာလီဂါဖလား နှစ်ကြိမ်နဲ့ ၎င်းအတွက် ဘရွန်းဒီအော်ဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ၎င်းက ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘ၀ ပြီးဆုံးသွားလိုတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မိုဒရစ်က “ ကွျန်တော့်ရဲ့ စိတ်ခံစားမှုတွေ ကောင်းမွန်နေပြီး ကွျန်တော့်ရဲ့ အကောင်းဆုံးရှိနေဆဲလို့ ခံစားနေမိတယ်။ ကွျန်တော့်ရဲ့ ခြေထောက်ထဲမှာ ဘောလုံးကစားနိုင်တဲ့အထိ ဆက်လက် ကစားသွားမှာပါ။ ကွျန်တော်ဟိုယခင်အချိန်ကပြောခဲ့သလို နောက်တစ်ဖန် ပြန်ပြောရမယ်ဆိုရင် ကွျန်တော် ရီးရဲလ်မက်ဒရစ်မှာ နေထိုင်ရတာကို နှစ်သက်တယ်၊ ကွျန်တော့်ရဲ့ ကစားသမားဘ၀ကိုလည်း ဒီမှာပဲ ပြီးဆုံးချင်တယ်။ ဒါပေမဲ့ ဘာတွေ ဖြစ်လာမယ်ဆိုတာကို မမြင်နိုင်ဘူးလေ။ ဘယ်သူမဆို ရီးရဲလ်မှာ ကစားသမား ကုန်ဆုံးသွားတာကို အလိုမရှိဘဲ မရှိပါဘူး။ ဒါကလည်း များစွာသော အကြောင်းအရာတွေအပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရီးရဲလ်မှာ ဆက်လက်နေထိုင်ဖို့အတွက် ကွျန်တော့်လောက် ပျော်ရွှင်နေမဲ့သူ တစ်ဦးမှတော့ ရှိမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။

Zawgyi

စပါးလ္အသင္းအတြက္ ေမာ္ရင္ဟို ေခၚယူခ်င္ေနတဲ့ မိုဒရစ္ ရီးရဲလ္နဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တိုးသြားဖို႔ သေဘာတူညီမႈ ရရွိ

စပါးလ္အသင္း မန္ေနဂ်ာ ေမာ္ရင္ဟိုက ေခၚယူခ်င္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ကြင္းလယ္ ကစား သမား မိုဒရစ္ဟာ ရီးရဲလ္နဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးျမႇင့္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟို အေနနဲ႔ ယခင္က ရီးရဲလ္မွာ အတူလက္တြဲခဲ့တဲ့ စပါးလ္ကစားသမားေဟာင္း ဂါရတ္ေဘးလ္ကို အငွား ကစားသမားအျဖစ္ ေခၚယူထားသလို မိုဒရစ္ကိုလည္း ေခၚယူနိုင္ခဲ့ဖို႔ ပစ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။
မိုဒရစ္ဟာ စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္မွာ ေပ်ာ္ရႊင္ေနၿပီး လာမဲ့ ဇန္နဝါရီ ၁ ရက္ေန႔မွာ အသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ စေနေန႔က ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ခရိုေအးရွားကစားသမားျဖစ္တဲ့ မိုဒရစ္က စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ သေဘာတူထားတယ္လို႔ သိရပါတယ္။ မိုဒရစ္ဟာ ၂၀၂၁ ခုႏွစ္ ဇြန္လေရာက္ရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ေပမဲ့ ေနာက္ထပ္ တစ္ႏွစ္ အေနနဲ႔ ၂၀၂၂ ခုႏွစ္ ဇြန္လအထိ စာခ်ဳပ္သက္တမ္း တိုးျမႇင့္သြားမွာ ျဖစ္ပါတယ္။
စပါးလ္အသင္းကေန ၂၀၁၂ ခုႏွစ္ ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕လာတဲ့ မိုဒရစ္အေနနဲ႔ စာခ်ဳပ္သက္တမ္း တိုးခဲ့ရင္ ရီးရဲလ္ကစားသမားအျဖစ္ ၁၀ ႏွစ္ျပည့္ေျမာက္မွာ ျဖစ္ပါတယ္။ ၎ဟာ ရီးရဲလ္အသင္းနဲ႔ ရွစ္ႏွစ္ခြဲၾကာ ကစားခဲ့အၿပီးမွာ ခ်န္ပီယံလိဂ္ဖလား ေလးႀကိမ္၊ လာလီဂါဖလား ႏွစ္ႀကိမ္နဲ႔ ၎အတြက္ ဘရြန္းဒီေအာ္ဆုေတြကို ရယူနိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လမွာ ၎က ရီးရဲလ္မက္ဒရစ္အသင္းမွာပဲ ကစားသမားဘ၀ ၿပီးဆုံးသြားလိုတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
မိုဒရစ္က “ ကြ်န္ေတာ့္ရဲ့ စိတ္ခံစားမႈေတြ ေကာင္းမြန္ေနၿပီး ကြ်န္ေတာ့္ရဲ့ အေကာင္းဆုံးရွိေနဆဲလို႔ ခံစားေနမိတယ္။ ကြ်န္ေတာ့္ရဲ့ ေျခေထာက္ထဲမွာ ေဘာလုံးကစားနိုင္တဲ့အထိ ဆက္လက္ ကစားသြားမွာပါ။ ကြ်န္ေတာ္ဟိုယခင္အခ်ိန္ကေျပာခဲ့သလို ေနာက္တစ္ဖန္ ျပန္ေျပာရမယ္ဆိုရင္ ကြ်န္ေတာ္ ရီးရဲလ္မက္ဒရစ္မွာ ေနထိုင္ရတာကို ႏွစ္သက္တယ္၊ ကြ်န္ေတာ့္ရဲ့ ကစားသမားဘ၀ကိုလည္း ဒီမွာပဲ ၿပီးဆုံးခ်င္တယ္။ ဒါေပမဲ့ ဘာေတြ ျဖစ္လာမယ္ဆိုတာကို မျမင္နိုင္ဘူးေလ။ ဘယ္သူမဆို ရီးရဲလ္မွာ ကစားသမား ကုန္ဆုံးသြားတာကို အလိုမရွိဘဲ မရွိပါဘူး။ ဒါကလည္း မ်ားစြာေသာ အေၾကာင္းအရာေတြအေပၚမွာ မူတည္ေနပါတယ္။ ဒါေပမဲ့ ဒီေနရာမွာ ရီးရဲလ္မွာ ဆက္လက္ေနထိုင္ဖို႔အတြက္ ကြ်န္ေတာ့္ေလာက္ ေပ်ာ္ရႊင္ေနမဲ့သူ တစ္ဦးမွေတာ့ ရွိမွာ မဟုတ္ပါဘူး ” လို႔ ေျပာခဲ့ပါတယ္။