ဆိုစီဒက်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ် သရေရလဒ်လောက်ပဲ မျှော်လင့်လို့ရမယ်

0
196

 

ezgif-7-cbfa92492bb7-2            လာလီဂါပွဲစဉ် ၁၆ အဖြစ် ဆိုစီဒက်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ဆိုစီဒက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၃-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဆိုစီဒက် အသင်းက လာလီဂါ ၁၅ ပွဲကစားအပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး အက်သလက်တီကိုမက်ဒရစ် က ၁၂ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၁ နေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ ဆိုစီဒက်(လာလီဂါ)

ဆိုစီဒက် ၂ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ဆိုစီဒက် ၀ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၂ – ၀ ဆိုစီဒက်(လာလီဂါ)

ဆိုစီဒက် ၃ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၂ – ၁ ဆိုစီဒက်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ဆိုစီဒက်က လေးပွဲသရေ နှစ်ပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ၂၈ ပွဲကစားအပြီး ၂၇ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဆိုစီဒက်အသင်းက လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ဆိုစီဒက်က လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး သုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။

ဆိုစီဒက်အသင်းမှာ ဂျန်နူဇာ၊ ဆန်ဂါလီ၊ အယ်လူစတွန်ဒိုနဲ့ ဆေးလ်ဗားတို့က ဒဏ်ရာရနေပြီး အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဟာအဲယား၊ ဂျင်မီနက်ဇ်နဲ့ ဖလစ်တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဆိုစီဒက်က အနိုင်ရဖို့ ၂၀% ရှိနေပြီး သရေဖြစ်ဖို့ ၅၀%နဲ့ အက်သလက်တီကိုမက်ဒရစ် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

ဆိုစီဒက္ကြင္းမွာ အက္သလက္တီကိုမက္ဒရစ္ သေရရလဒ္ေလာက္ပဲ ေမၽွာ္လင့္လို႔ရမယ္

လာလီဂါပြဲစဥ္ ၁၆ အျဖစ္ ဆိုစီဒက္အသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ဟာ ဆိုစီဒက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၃-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၁း၁၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဆိုစီဒက္ အသင္းက လာလီဂါ ၁၅ ပြဲကစားအၿပီး ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရွိေနၿပီး အက္သလက္တီကိုမက္ဒရစ္ က ၁၂ ပြဲကစားအၿပီး ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၁ ေနရာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အက္သလက္တီကိုမက္ဒရစ္ ၁ – ၁ ဆိုစီဒက္(လာလီဂါ)
ဆိုစီဒက္ ၂ – ၀ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
ဆိုစီဒက္ ၀ – ၂ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၂ – ၀ ဆိုစီဒက္(လာလီဂါ)
ဆိုစီဒက္ ၃ – ၀ အက္သလက္တီကိုမက္ဒရစ္(လာလီဂါ)
အက္သလက္တီကိုမက္ဒရစ္ ၂ – ၁ ဆိုစီဒက္(လာလီဂါ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ဆိုစီဒက္က ေလးပြဲသေရ ႏွစ္ပြဲရႈံးထားၿပီး အက္သလက္တီကိုမက္ဒရစ္က ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ ေနာက္ဆုံး ၂၈ ပြဲကစားအၿပီး ၂၇ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ဆိုစီဒက္အသင္းက လာလီဂါ အိမ္ကြင္းပြဲ ေနာက္ဆုံး ငါးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ဆိုစီဒက္က လာလီဂါ အိမ္ကြင္းပြဲ ေနာက္ဆုံး သုံးပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးေအာက္သာ သြင္းယူထားနိုင္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က လာလီဂါ အေဝးကြင္းပြဲ ေနာက္ဆုံး ခုနစ္ပြဲ ကစားအၿပီး ေျခာက္ပြဲမွာ သြင္းဂိုး ႏွစ္ဂိုးေအာက္သာ သြင္းယူထားနိုင္ပါတယ္။
ဆိုစီဒက္အသင္းမွာ ဂ်န္ႏူဇာ၊ ဆန္ဂါလီ၊ အယ္လူစတြန္ဒိုနဲ႔ ေဆးလ္ဗားတို႔က ဒဏ္ရာရေနၿပီး အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ဟာအဲယား၊ ဂ်င္မီနက္ဇ္နဲ႔ ဖလစ္တို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဆိုစီဒက္က အနိုင္ရဖို႔ ၂၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၅၀%နဲ႔ အက္သလက္တီကိုမက္ဒရစ္ အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။