တစ်နှစ်အတွင်း စီးရီးအေဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုပါဝင်လာ

0
192

SBOTOP NOV

ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြက္ခဒိန်တစ်နှစ်တာအတွင်း ဂိုးသွင်းအများဆုံး ကစားသမား ၅ ဦးစာရင်းမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ပါးမားအသင်းနဲ့ပွဲမှာ ဂျူဗင်တပ်အသင်းအတွက် ၂ ဂိုးသွင်းပေးခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အတွက် သွင်းဂိုးအရေအတွက်မှာ ၃၃ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒိုဟာ စီးရီးအေသမိုင်းတစ်လျှောက် ဂန္ထဝင်တိုက်စစ်မှူး စတီဖာနိုနော်ယာရဲ့ တစ်နှစ်အတွင်း သွင်းဂိုးစံချိန် ၃၂ ဂိုးကိုကျော်ဖြတ်ပြီး တခြားစီးရီးအေဂန္ထဝင်တိုက်စစ်မှူးဖြစ်တဲ့ ဆီဗော်ရီရဲ့ ၃၃ ဂိုး စံချိန်ကို လိုက်မီခဲ့တယ်လို့ သိရပါတယ်။ စတီဖာနိုနဲ့ ဆီဗော်ရီတို့ကတော့ အဲဒီစံချိန်တွေကို ၁၉၅၁ ခုနှစ်နဲ့ ၁၉၆၁ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

စီးရီးအေပြိုင်ပွဲတစ်လျှောက် တစ်နှစ်တာအတွင်း ဂိုးသွင်းအများဆုံး ကစားသမားကတော့ ဂျူဗင်တပ်၊ တိုရီနို၊ အလက်ဇန်ဒရီယာ၊ နာပိုလီအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပြင်သစ်တိုက်စစ်မှူး ဖီလစ်ဘိုရယ်လ်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဂန္ထဝင်ကစားသမားဟာ ၁၉၃၃ နှစ်အတွင်းမှာ စီးရီးအေသွင်းဂိုး ၄၁ ဂိုးအထိ သွင်းယူထားနိုင် ခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဂျူဗင်တပ်ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂန်းနားနော်ဒဲလ်က ၃၆ ဂိုးနဲ့ ရပ်တည်နေခဲ့တာဖြစ်သလို ရော်နယ်ဒိုအနေနဲ့ ဒီနှစ်မကုန်ခင် နောက်ဆုံးပွဲမှာ ဂိုးတွေထပ်သွင်းနိုင်ခဲ့ရင် ဒုတိယနေရာစံချိန်ကို လိုက်မီနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။

SBOTOP NOV

(zawgyi)

တစ္ႏွစ္အတြင္း စီးရီးေအဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ ေရာ္နယ္ဒိုပါ၀င္လာ

ဂ်ဴဗင္တပ္အသင္းတိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ျပကၡဒိန္တစ္ႏွစ္တာအတြင္း ဂိုးသြင္းအမ်ားဆုံး ကစားသမား ၅ ဦးစာရင္းမွာ ပါ၀င္လာခဲ့တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ပါးမားအသင္းနဲ႔ပြဲမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ၂ ဂိုးသြင္းေပးခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္အတြက္ သြင္းဂိုးအေရအတြက္မွာ ၃၃ ဂိုးအထိ ရွိလာခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေရာ္နယ္ဒိုဟာ စီးရီးေအသမိုင္းတစ္ေလွ်ာက္ ဂႏၳ၀င္တိုက္စစ္မွဴး စတီဖာႏုိေနာ္ယာရဲ႕ တစ္ႏွစ္အတြင္း သြင္းဂိုးစံခ်ိန္ ၃၂ ဂိုးကိုေက်ာ္ျဖတ္ၿပီး တျခားစီးရီးေအဂႏၳ၀င္တိုက္စစ္မွဴးျဖစ္တဲ့ ဆီေဗာ္ရီရဲ႕ ၃၃ ဂိုး စံခ်ိန္ကို လုိက္မီခဲ့တယ္လို႔ သိရပါတယ္။ စတီဖာႏုိနဲ႔ ဆီေဗာ္ရီတို႔ကေတာ့ အဲဒီစံခ်ိန္ေတြကို ၁၉၅၁ ခုႏွစ္နဲ႔ ၁၉၆၁ ခုႏွစ္ေတြမွာ ရရွိခဲ့တာျဖစ္ပါတယ္။

စီးရီးေအၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ႏွစ္တာအတြင္း ဂိုးသြင္းအမ်ားဆုံး ကစားသမားကေတာ့ ဂ်ဴဗင္တပ္၊ တိုရီႏို၊ အလက္ဇန္ဒရီယာ၊ နာပိုလီအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ျပင္သစ္တိုက္စစ္မွဴး ဖီလစ္ဘိုရယ္လ္ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီဂႏၳ၀င္ကစားသမားဟာ ၁၉၃၃ ႏွစ္အတြင္းမွာ စီးရီးေအသြင္းဂိုး ၄၁ ဂိုးအထိ သြင္းယူထားႏုိင္ ခဲ့တာျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ဂ်ဴဗင္တပ္ဂႏၳ၀င္တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဂန္းနားေနာ္ဒဲလ္က ၃၆ ဂိုးနဲ႔ ရပ္တည္ေနခဲ့တာျဖစ္သလို ေရာ္နယ္ဒိုအေနနဲ႔ ဒီႏွစ္မကုန္ခင္ ေနာက္ဆုံးပြဲမွာ ဂိုးေတြထပ္သြင္းႏုိင္ခဲ့ရင္ ဒုတိယေနရာစံခ်ိန္ကို လိုက္မီႏုိင္ဖို႔ အခြင့္အေရး ရွိေနပါတယ္။