ပထမအကျော့အိမ်ကွင်းရှုံးပွဲကို ချေဖျက်နိုင်ဖို့ ရီးရဲလ်က အနိုင်ရလဒ် ၇၅% ရှိနေတယ်

0
246

 

SBOTop Dec         ချန်ပီယံလိဂ် အုပ်စု(B) ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် ရှက်တာဒိုးနက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း တို့ဟာ ရှက်တာဒိုးနက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁-၁၂-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရှက်တာဒိုးနက်အသင်းက အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၈ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က ရမှတ် ၇ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး သုံးကြိမ်

ရီးရဲလ်မက်ဒရစ် ၂ – ၃ ရှက်တာဒိုးနက်(ချန်ပီယံလိဂ်)

ရှက်တာဒိုးနက် ၃ – ၄ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ်)

ရီးရဲလ်မက်ဒရစ် ၄ – ၀ ရှက်တာဒိုးနက်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ရှက်တာဒိုးနက်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး ရီးရဲလ်မက်ဒရစ်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ရှက်တာဒိုးနက်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ၂၂ ပွဲကစားအပြီး ၁၈ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ရှက်တာဒိုးနက်က ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် နောက်ဆုံးလေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပြီး ရှက်တာဒိုးနက်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲတွေ့ဆုံအပြီးမှာ ရီးရဲလ်က သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။

ရှက်တာဒိုးနက်အသင်းမှာ ဒါတင်ဟို၊ ခိုချိုလာဗာ၊ အစ္စမေလီ၊ ကိုနော့ယန်ကာနဲ့ ကိုမီအမ်ကိုတို့က ဒဏ်ရာ ရနေပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ဟာဇက်၊ ကာဗာဂျယ်၊ ရာမို့စ်နဲ့ ဗယ်ဗာဒီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ရှက်တာဒိုးနက်က အနိုင်ရဖို့ ၂၅% ရှိနေပြီး ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၇၅% ရှိနေပါတယ်။

Zawgyi

