ပြိုင်ဘက်ဂိုးသမား ဂျန်အော့ဘလက်ကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ မက်ဆီ

0
149

SBOTOP NOV

ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား မက်ဆီဟာ ပြိုင်ဘက် အက်သလက်တီကိုအသင်း ဂိုးသမား ဂျန်အော့ဘလက်ကို ချီးမွမ်းခန်းဖွင့်လိုက်ပြီး အော့ဘလက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မက်ဆီက အော့ဘလက်ကို အနိုင်ရယူဖို့ အတွက် စိန်ခေါ်ရတာကိုလည်း နှစ်သက်မိတယ်လို့ ဝန်ခံသွားခဲ့ပါသေးတယ်။

အော့ဘလက်ဟာ ၂၀၁၄ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ အက်သလက်တီကိုအသင်းကို ယူရို ၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဈေးအကြီးဆုံးဂိုးသမားဖြစ်လာခဲ့ပြီး မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်ကို ရယူထားနိုင်သူ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ အက်သလက်တီကိုအသင်းအတွက် ၂၀၂၀-၂၁ ရာသီမှာလည်း ပုံမှန်လက်စွမ်း ပြထားနိုင်ခဲ့ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင် အော့ဘလက်ဟာ ဒီရာသီ လာလီဂါ ၁၃ ပွဲမှာ ၉ ပွဲအထိ ပေးဂိုးမရှိအောင် ကစားထားနိုင်ခဲ့ပြီး ဒါဘီပြိုင်ဘက် ရီးရဲလ်အထက် ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေး ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ အက်သလက်တီကိုနဲ့ ရမှတ်တူညီနေပေမဲ့ ၂ ပွဲပိုကစားထားတာကြောင့် နောက်ကောက်ကျနေခဲ့တာဖြစ်ပါတယ်။

ဂျန်အော့ဘလက်ရဲ့ ဂိုးကာကွယ်နိုင်မှုဟာ ၈၈ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးအဆင့်မှာ ရှိနေပြီး ဆီဗီလာ ဂိုးသမား ယက်ဆိုင်းဘွန်နူးကတော့ ၈၀ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် မက်ဆီက “ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ကစားရတာ အရမ်းကိုကောင်းပါတယ်။ သူက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အကောင်းဆုံးလူတစ်ယောက်နဲ့ ရင်ဆိုင်ကစားရတာဟာ အမြဲတမ်းကိုကောင်းတဲ့အချက်တစ်ချက်ပါပဲ။ သူက သူရဲ့အစွမ်းအစကို ပွဲတိုင်းမှာ ပြသထားနိုင်တယ်။ သူ့ကို အပြင်မှာတွေ့ရတာ ဝမ်းသာသလို ကွင်းထဲမှာ ရင်ဆိုင်ခွင့်ရတာကိုလည်း ကျေနပ်မိပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ၿပိဳင္ဘက္ဂိုးသမား ဂ်န္ေအာ့ဘလက္ကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ မက္ဆီ

ဘာစီလိုနာအသင္းတိုက္စစ္ကစားသမား မက္ဆီဟာ ၿပိဳင္ဘက္ အက္သလက္တီကိုအသင္း ဂိုးသမား ဂ်န္ေအာ့ဘလက္ကို ခ်ီးမြမ္းခန္းဖြင့္လိုက္ၿပီး ေအာ့ဘလက္ဟာ ကမၻာ့အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအပါအ၀င္ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ မက္ဆီက ေအာ့ဘလက္ကို အႏုိင္ရယူဖို႔ အတြက္ စိန္ေခၚရတာကိုလည္း ႏွစ္သက္မိတယ္လို႔ ၀န္ခံသြားခဲ့ပါေသးတယ္။

ေအာ့ဘလက္ဟာ ၂၀၁၄ ခုႏွစ္မွာ ဘင္ဖီကာအသင္းကေန အက္သလက္တီကိုအသင္းကို ယူရို ၁၆ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပိုင္း ေစ်းအႀကီးဆုံးဂိုးသမားျဖစ္လာခဲ့ၿပီး မက္ဒရစ္မွာ ပုံမွန္္ပြဲထြက္ခြင့္ကို ရယူထားႏုိင္သူ ျဖစ္ပါတယ္။ အဲဒီေနာက္ သူဟာ အက္သလက္တီကိုအသင္းအတြက္ ၂၀၂၀-၂၁ ရာသီမွာလည္း ပုံမွန္လက္စြမ္း ျပထားႏုိင္ခဲ့ပါတယ္။ ဆလိုေဗးနီးယားလက္ေရြးစင္ ေအာ့ဘလက္ဟာ ဒီရာသီ လာလီဂါ ၁၃ ပြဲမွာ ၉ ပြဲအထိ ေပးဂိုးမရွိေအာင္ ကစားထားႏုိင္ခဲ့ၿပီး ဒါဘီၿပိဳင္ဘက္ ရီးရဲလ္အထက္ ထိပ္ဆုံးမွာ ရပ္တည္ႏုိင္ေအာင္ ကူညီေပး ထားႏုိင္ခဲ့ပါတယ္။ ရီးရဲလ္ဟာ အက္သလက္တီကိုနဲ႔ ရမွတ္တူညီေနေပမဲ့ ၂ ပြဲပိုကစားထားတာေၾကာင့္ ေနာက္ေကာက္က်ေနခဲ့တာျဖစ္ပါတယ္။

ဂ်န္ေအာ့ဘလက္ရဲ႕ ဂိုးကာကြယ္ႏုိင္မႈဟာ ၈၈ ဒသမ ၁ ရာခိုင္ႏႈန္းနဲ႔ ထိပ္ဆုံးအဆင့္မွာ ရွိေနၿပီး ဆီဗီလာ ဂိုးသမား ယက္ဆိုင္းဘြန္ႏူးကေတာ့ ၈၀ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေၾကာင့္ မက္ဆီက “ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္ဆုိင္ကစားရတာ အရမ္းကိုေကာင္းပါတယ္။ သူက ကမၻာေပၚက အေကာင္းဆုံး ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။ အေကာင္းဆုံးလူတစ္ေယာက္နဲ႔ ရင္ဆိုင္ကစားရတာဟာ အၿမဲတမ္းကိုေကာင္းတဲ့အခ်က္တစ္ခ်က္ပါပဲ။ သူက သူရဲ႕အစြမ္းအစကို ပြဲတိုင္းမွာ ျပသထားႏုိင္တယ္။ သူ႕ကို အျပင္မွာေတြ႕ရတာ ၀မ္းသာသလို ကြင္းထဲမွာ ရင္ဆိုင္ခြင့္ရတာကိုလည္း ေက်နပ္မိပါတယ္” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။