ပွဲအရေအတွက်ထက် သွင်းဂိုးနဲ့ ဖန်တီးမှုနှုန်းကို ပိုပစ်မှတ်ထားနေတဲ့ ဖာနန်ဒက်စ်

0
162

SBOTOP NOV

မန်ယူအသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ပွဲအရေအတွက်ထက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှုန်း ပိုများအောင်ကြိုးစားဖို့ ပိုပစ်မှတ်ထားတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်းနဲ့ ပြောင်းလာပြီးနောက် မန်ယူအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၅ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။

အဲဒီထဲမှာ လိဒ်ကို ၆-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပါအဝင် ဒီရာသီ ၁၂ ပွဲမှာ ၉ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးမှု ပြုလုပ်ပေး ထားတဲ့ စွမ်းဆောင်မှုလည်း ပါဝင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလမှာ ပွဲဦးထွက်ပါဝင်လာပြီးကတည်း က အဲဒီလိဒ်အသင်းနဲ့ပွဲစဉ်မှာ ကိုယ်တိုင်လည်းဂိုးသွင်း၊ ဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်တာဟာ ၇ ကြိမ်မြောက် အထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် ကာယကံရှင်က သူ့အနေနဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှု ပိုများဖို့အတွက် ရည်မှန်းထားတယ်လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က “ ကျွန်တော် အစောက ပြောထားသလိုပဲ ခင်ဗျားဟာ မန်ယူလိုအသင်းမှာ ကစားနေရတယ်ဆိုရင် လွယ်ကူမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းမှာက ကစားသမားကောင်းတွေ အများကြီးပဲလေ။ သူတို့က ခင်ဗျားကို ပိုကောင်းအောင် ကူညီပေးနိုင်ပြီး ကျွန်တော်ကလည်း သူတို့ကို ပိုကောင်းအောင် ကူညီပေးဖို့ ဒီကိုရောက်လာတာပါ။ ဒါကြောင့် အရေအတွက်တွေဟာ တကယ်ကောင်းမွန်တဲ့အရာတွေဖြစ်ပြီး ဒါပေမဲ့ ကျွန်တော်ကတော့ ဒီထက်ပိုတိုးတက် အောင်လုပ်ဖို့ပဲ ရည်ရွယ်ပါတယ်။ အရည်အသွေးပိုကောင်းအောင်လုပ်ဖို့ဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပိုခက်လှ ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)



