ဗယ်လာဒိုလိဒ်ကွင်းမှာ ဂိုးပြတ်အနိုင်မရခဲ့ဘဲ ဘာစီလိုနာ နိုင်ပွဲဖြစ်လာနိုင်ပေမဲ့ ဂိုးမပြတ်နိုင်ဘူး

0
211

 

SBOTop Dec        လာလီဂါပွဲစဉ် ၁၅ အဖြစ် ဗယ်လာဒိုလိဒ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဗယ်လာဒိုလိဒ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၃-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဗယ်လာဒိုလိဒ် အသင်းက လာလီဂါ ၁၄ ပွဲကစားအပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး ဘာစီလိုနာက လာလီဂါ ၁၃ ပွဲ ကစားအပြီး ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၅ နေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဗယ်လာဒိုလိဒ် ၀ – ၁ ဘာစီလိုနာ(လာလီဂါ)

ဘာစီလိုနာ ၅ – ၁ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဘာစီလိုနာ ၁ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၀ – ၁ ဘာစီလိုနာ(လာလီဂါ)

ဗယ်လာဒိုလိဒ် ၁ – ၀ ဘာစီလိုနာ(လာလီဂါ)

ဘာစီလိုနာ ၄ – ၁ ဗယ်လာဒိုလိဒ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဗယ်လာဒိုလိဒ်က သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဘာစီလိုနာက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဘာစီလိုနာက ဗယ်လာဒိုလိဒ် အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၃ ပွဲကစားအပြီး ၁၂ ပွဲ အနိုင်ရထားပါတယ်။ ဗယ်လာဒိုလိဒ်အသင်းက ဘာစီလိုနာအသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ ဗယ်လာဒိုလိဒ်အသင်းက လာလီဂါနောက်ဆုံး ခုနစ်ပွဲကစားအပြီးမှာ တစ်ပွဲသာ ရှုံးထားပါတယ်။ ဘာစီလိုနာက ဗယ်လာဒိုလိဒ်အိမ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ လာလီဂါ သုံးပွဲမှာ သွင်းဂိုး တစ်ဂိုးလောက်ပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဗယ်လာဒိုလိဒ်အသင်းမှာ အိုလီဗက်နဲ့ ဂျန်ကို တို့က ဒဏ်ရာရနေပြီး ဘာစီလိုနာအသင်းမှာ ဖာတီ၊ ရော်ဘတ်တိုနဲ့ ပီကေးတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဗယ်လာဒိုလိဒ်က အနိုင်ရဖို့ ၂၀% ရှိနေပြီး သရေဖြစ်ဖို့ ၅၀% နဲ့ ဘာစီလိုနာအနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

