ဘာစီလိုနာမှာ ပေါင်ဒဏ်ရာရနေတဲ့ တောင်ပံခံစစ်ကစားသမား ရောဘတ်တိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိ

0
105

 

ezgif-7-cbfa92492bb7-2           ဘာစီလိုနာအသင်းရဲ့ ညာတောင်ပံခံစစ်ကစားသမား ရောဘတ်တိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက ရောဘတ်တိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားကြောင်းကို ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ကစားသမားမှာ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပါရှိပါတယ်။

အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ ပထမပွဲထွက်ကစားသမားတွေကို POR Test နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးချိန်မှာ ရောဘတ်တိုမှာ ကူးစက်ခံထားရတယ်လို့ တွေ့ရပါတယ်။ ကစားသမားက ကျန်းမာရေးကောင်းမွန်နေပေမဲ့ အိမ်မှာ သီးခြားခွဲထားသလို သူ့မှာလည်း နိုဝင်ဘာ ၂၁ ရက်နေ့ က ရရှိခဲ့တဲ့ ဒဏ်ရာကလည်း ရှိနေပါတယ် ” လို့ ပါရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားအာဏာပိုင်တွေက ရောဘတ်တိုနဲ့ POR Test စစ်ဆေးချိန်မှာ ထိတွေ့ခဲ့သူတွေကိုလည်း သတင်းပို့ပေးဖို့ မှာကြားထားတာ ရှိပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁-၀ နဲ့ အဝေးကွင်းမှာ ရှုံးခဲ့တဲ့ ပွဲမှာ ညာပေါင်ဒဏ်ရာရရှိခဲ့တဲ့ ရောဘတ်တိုဟာ အသင်းနဲ့ ပါဝင်ဖို့ ခက်ခဲနေပြီး နှစ်လလောက် အနားယူသွားရဖို့ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရောဘတ်တိုက အိမ်မှာပဲ နေထိုင်ပြီး ရောဂါပိုးမရှိမှသာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိကာလမှာ ဒဏ်ရာရကစားသမား အခက်အခဲနဲ့ ရင်ဆိုင်နေရသလို လာလီဂါ အမှတ်ပေးဇယားမှာလည်း အဆင့် ၇ နေရာမှာ ရပ်တည်နေရပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိနေပြီး ပီကေး၊ ရော်နယ် အာရာဂျို၊ အမ်တီတီ၊ ဘက်ကွက်စ်နဲ့ ဖာတီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ၄ ပွဲကစားအပြီး ၄ ပွဲနိုင် ရမှတ် ၁၂ နဲ့ အုပ်စုပထမ နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi

ဘာစီလိုနာမွာ ေပါင္ဒဏ္ရာရေနတဲ့ ေတာင္ပံခံစစ္ကစားသမား ေရာဘတ္တိုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိ

ဘာစီလိုနာအသင္းရဲ့ ညာေတာင္ပံခံစစ္ကစားသမား ေရာဘတ္တိုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ ထားရတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းက ေရာဘတ္တိုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားေၾကာင္းကို ဗုဒၶဟူးေန႔ ေန႔လည္ပိုင္းက အတည္ျပဳထုတ္ျပန္ခဲ့ၿပီး ကစားသမားမွာ က်န္းမာေရးေကာင္းမြန္တယ္လို႔လည္း ပါရွိပါတယ္။
အသင္းရဲ့ ထုတ္ျပန္ခ်က္မွာ “ ပထမပြဲထြက္ကစားသမားေတြကို POR Test နဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရျခင္း ရွိမရွိ စစ္ေဆးခ်ိန္မွာ ေရာဘတ္တိုမွာ ကူးစက္ခံထားရတယ္လို႔ ေတြ႕ရပါတယ္။ ကစားသမားက က်န္းမာေရးေကာင္းမြန္ေနေပမဲ့ အိမ္မွာ သီးျခားခြဲထားသလို သူ႔မွာလည္း နိုဝင္ဘာ ၂၁ ရက္ေန႔ က ရရွိခဲ့တဲ့ ဒဏ္ရာကလည္း ရွိေနပါတယ္ ” လို႔ ပါရွိပါတယ္။ က်န္းမာေရးနဲ႔ အားကစားအာဏာပိုင္ေတြက ေရာဘတ္တိုနဲ႔ POR Test စစ္ေဆးခ်ိန္မွာ ထိေတြ႕ခဲ့သူေတြကိုလည္း သတင္းပို႔ေပးဖို႔ မွာၾကားထားတာ ရွိပါတယ္။
နိုဝင္ဘာ ၂၁ ရက္ေန႔က အက္သလက္တီကိုမက္ဒရစ္အသင္းကို ၁-၀ နဲ႔ အေဝးကြင္းမွာ ရႈံးခဲ့တဲ့ ပြဲမွာ ညာေပါင္ဒဏ္ရာရရွိခဲ့တဲ့ ေရာဘတ္တိုဟာ အသင္းနဲ႔ ပါဝင္ဖို႔ ခက္ခဲေနၿပီး ႏွစ္လေလာက္ အနားယူသြားရဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ ေရာဘတ္တိုက အိမ္မွာပဲ ေနထိုင္ၿပီး ေရာဂါပိုးမရွိမွသာ အသင္းရဲ့ ေလ့က်င့္ေရးကြင္းကို လာေရာက္ရမွာ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ လက္ရွိကာလမွာ ဒဏ္ရာရကစားသမား အခက္အခဲနဲ႔ ရင္ဆိုင္ေနရသလို လာလီဂါ အမွတ္ေပးဇယားမွာလည္း အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရပါတယ္။ ဗုဒၶဟူးေန႔ညမွာ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ရွိေနၿပီး ပီေကး၊ ေရာ္နယ္ အာရာဂ်ိဳ၊ အမ္တီတီ၊ ဘက္ကြက္စ္နဲ႔ ဖာတီတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၄ ပြဲကစားအၿပီး ၄ ပြဲနိုင္ ရမွတ္ ၁၂ နဲ႔ အုပ္စုပထမ ေနရာမွာ ရပ္တည္ေနပါတယ္။