ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်းမှာ ၁၇ နှစ်ဆက် ပါဝင်ခဲ့တဲ့ ရော်နယ်ဒို

0
213

SBOTOP NOV

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံး အသင်းစာရင်းမှာ ၁၇ နှစ်ဆက် ပါဝင်တဲ့ စံချိန်ကို စိုက်ထူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းသားတွေက အဲဒီစာရင်းမှာ လွှမ်းမိုးခဲ့တယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေဟာ အင်္ဂါနေ့(ယနေ့)မှာ ဆန်ခါတင်စာရင်း အတွက် မဲပေးရွေးချယ်ရာမှာ ရော်နယ်ဒိုပါဝင်ခဲ့တာဖြစ်ပြီး လီဗာပူးအသင်းသားတွေက ၁၀ ယောက်နဲ့ အများဆုံး ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ရွေးချယ်တဲ့ ဆန်ခါတင် ၅၀ ဦးစာရင်းကို ဥရောပပြိုင်ပွဲတွေနဲ့ ဒေသတွင်း ပြိုင်ပွဲတွေက ကစားသမားတွေရဲ့ ခြေစွမ်းကို အခြေခံပြီး ရွေးချယ်တာဖြစ်တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လပိုင်းမှာ ပီအက်စ်ဂျီအသင်းကို ၁-ဝ ဂိုးနဲ့ အနိုင်ရပြီးနောက် ဥရောပဆုဖလားကို ၆ ကြိမ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဥရောပအကောင်းဆုံးအသင်းစာရင်းမှာ ၁၇ ကြိမ်ဆက် ပါဝင်နိုင်ခဲ့တာဖြစ်ပြီး ခေတ်ပြိုင် မက်ဆီထက် ၄ ကြိမ် အသာရထားတယ်လို့လည်း သိရပါတယ်။ အဲဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ လူတွေထဲမှာ အသက်အငယ်ဆုံးဆိုလို့ ၂၀ အရွယ် အယ်ဖွန်ဆိုဒါဗီးစ်ပါဝင်ပြီး အကြီးဆုံးကတော့ အသက် ၃၆ နှစ်အရွယ် သီယာဂိုဆေးလ်ဗားပဲဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးကို မပြောင်းခင် ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ယူအီးအက္ဖ္ေအ အေကာင္းဆုံးအသင္းမွာ ၁၇ ႏွစ္ဆက္ ပါ၀င္ခဲ့တဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ယူအီးအက္ဖ္ေအတစ္ႏွစ္တာ အေကာင္းဆုံး အမ်ဳိးသားေဘာလုံး အသင္းစာရင္းမွာ ၁၇ ႏွစ္ဆက္ ပါ၀င္တဲ့ စံခ်ိန္ကို စိုက္ထူႏုိင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းသားေတြက အဲဒီစာရင္းမွာ လႊမ္းမိုးခဲ့တယ္လို႔ သိရပါတယ္။ ယူအီးအက္ဖ္ေအဟာ အဂၤါေန႔(ယေန႔)မွာ ဆန္ခါတင္စာရင္း အတြက္ မဲေပးေရြးခ်ယ္ရာမွာ ေရာ္နယ္ဒိုပါ၀င္ခဲ့တာျဖစ္ၿပီး လီဗာပူးအသင္းသားေတြက ၁၀ ေယာက္နဲ႔ အမ်ားဆုံး ပါ၀င္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ေရြးခ်ယ္တဲ့ ဆန္ခါတင္ ၅၀ ဦးစာရင္းကို ဥေရာပၿပိဳင္ပြဲေတြနဲ႔ ေဒသတြင္း ၿပိဳင္ပြဲေတြက ကစားသမားေတြရဲ႕ ေျခစြမ္းကို အေျခခံၿပီး ေရြးခ်ယ္တာျဖစ္တယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လပိုင္းမွာ ပီအက္စ္ဂ်ီအသင္းကို ၁-၀ ဂိုးနဲ႔ အႏုိင္ရၿပီးေနာက္ ဥေရာပဆုဖလားကို ၆ ႀကိမ္အထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဥေရာပအေကာင္းဆုံးအသင္းစာရင္းမွာ ၁၇ ႀကိမ္ဆက္ ပါ၀င္ႏုိင္ခဲ့တာျဖစ္ၿပီး ေခတ္ၿပိဳင္ မက္ဆီထက္ ၄ ႀကိမ္ အသာရထားတယ္လို႔လည္း သိရပါတယ္။ အဲဒီစာရင္းမွာ ပါ၀င္ခဲ့တဲ့ လူေတြထဲမွာ အသက္အငယ္ဆုံးဆုိလို႔ ၂၀ အရြယ္ အယ္ဖြန္ဆိုဒါဗီးစ္ပါ၀င္ၿပီး အႀကီးဆုံးကေတာ့ အသက္ ၃၆ ႏွစ္အရြယ္ သီယာဂိုေဆးလ္ဗားပဲျဖစ္ပါတယ္။ သူဟာ ခ်ဲလ္ဆီးကို မေျပာင္းခင္ ၿပီးခဲ့တဲ့ရာသီမွာ ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲေရာက္ေအာင္ ပို႔ေဆာင္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။