လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ပွဲပယ်ခံလိုက်ရတဲ့ ထရစ်ပီယာ

0
151

SBOTOP NOV

အက်သလက်တီကိုအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ထရစ်ပီယာဟာ အက်ဖ်အေက ထုတ်ပြန်ထားတဲ့ လောင်းကစားစည်းမျဉ်းနဲ့ ငြိစွန်းမှုကြောင့် သီတင်းပတ် ၁၀ ပတ် ပွဲပယ်ခံလိုက်ရသလို ဒဏ်ငွေအဖြစ်လည်း ပေါင ်၇၀ဝ၀ဝ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ဒီကစားသမားဟာ အဲဒီပြစ်ဒဏ်ကြောင့် ဘောလုံးလောကနဲ့ပတ်သက်ခွင့် ချက်ချင်း ပိတ်ပင်ခံခဲ့ရသလို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပွဲပယ်ခံရမှာဖြစ်ပါတယ်။

အက်ဖ်အေက E8(1)(b) အရ စွဲချက်တင်ထားတဲ့ ၇ ချက်ကို ကာယကံရှင်က ငြင်းဆန်ထားပေမဲ့ အဲဒီအချက်တွေထဲက ၄ ချက်ဟာ ပြစ်ဒဏ်ရှိကြောင်း ပေါ်လွင်နေတာကြောင့် အခုလို ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ထရစ်ပီယာဟာ ချဲလ်ဆီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲအပါအဝင် အက်သလက်တီကိုအသင်းအတွက် အနည်းဆုံး ၁၄ ပွဲလောက်အထိ လွဲချော်ရတော့ မှာဖြစ်ပါတယ်။

ထရစ်ပီယာအနေနဲ့ အခုပြစ်ဒဏ်ကြောင့် မတ်လ ၇ ရက်နေ့မှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒါဘီပွဲစဉ်မှသာ ပြန်ပါလာနိုင်ဖွယ် ရှိနေပါတယ်။ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်ထဲမှာ “ ထရစ်ပီယာဟာ အက်ဖ်အေက ထုတ်ပြန်ထားတဲ့ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ ပတ် ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၇၀ဝ၀ဝ ဒဏ်ငွေပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပါတယ်။ အက်သလက်တီကိုနောက်ခံလူဟာ စွဲချက် ၇ ချက်ကို ငြင်းဆန်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့အရာတွေအတွက် အချက် ၄ ချက်က သက်သေထူနိုင်ခဲ့တာကြောင့် ပွဲပယ်ခံခဲ့ရတာပါ” လို့ ပါရှိခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ ပြဲပယ္ခံလိုက္ရတဲ့ ထရစ္ပီယာ

အက္သလက္တီကိုအသင္းနဲ႔ အဂၤလန္လက္ေရြးစင္ကစားသမား ထရစ္ပီယာဟာ အက္ဖ္ေအက ထုတ္ျပန္ထားတဲ့ ေလာင္းကစားစည္းမ်ဥ္းနဲ႔ ၿငိစြန္းမႈေၾကာင့္ သီတင္းပတ္ ၁၀ ပတ္ ပြဲပယ္ခံလိုက္ရသလို ဒဏ္ေငြအျဖစ္လည္း ေပါင ္၇၀၀၀၀ ခ်မွတ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။ အသက္ ၃၀ အရြယ္ ဒီကစားသမားဟာ အဲဒီျပစ္ဒဏ္ေၾကာင့္ ေဘာလုံးေလာကနဲ႔ပတ္သက္ခြင့္ ခ်က္ခ်င္း ပိတ္ပင္ခံခဲ့ရသလို ၂၀၂၁ ေဖေဖာ္၀ါရီ ၂၈ ရက္ေန႔အထိ ပြဲပယ္ခံရမွာျဖစ္ပါတယ္။

အက္ဖ္ေအက E8(1)(b) အရ စြဲခ်က္တင္ထားတဲ့ ၇ ခ်က္ကို ကာယကံရွင္က ျငင္းဆန္ထားေပမဲ့ အဲဒီအခ်က္ေတြထဲက ၄ ခ်က္ဟာ ျပစ္ဒဏ္ရွိေၾကာင္း ေပၚလြင္ေနတာေၾကာင့္ အခုလို ကာလရွည္ ပြဲပယ္ျပစ္ဒဏ္ က်ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ထရစ္ပီယာဟာ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲအပါအ၀င္ အက္သလက္တီကိုအသင္းအတြက္ အနည္းဆုံး ၁၄ ပြဲေလာက္အထိ လြဲေခ်ာ္ရေတာ့ မွာျဖစ္ပါတယ္။

ထရစ္ပီယာအေနနဲ႔ အခုျပစ္ဒဏ္ေၾကာင့္ မတ္လ ၇ ရက္ေန႔မွာ ကစားရမယ့္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဒါဘီပြဲစဥ္မွသာ ျပန္ပါလာႏုိင္ဖြယ္ ရွိေနပါတယ္။ အက္ဖ္ေအရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ “ ထရစ္ပီယာဟာ အက္ဖ္ေအက ထုတ္ျပန္ထားတဲ့ ေလာင္းကစားစည္းမ်ဥ္းခ်ဳိးေဖာက္မႈေၾကာင့္ ၁၀ ပတ္ ပြဲပယ္ျပစ္ဒဏ္နဲ႔ ေပါင္ ၇၀၀၀၀ ဒဏ္ေငြျပစ္ဒဏ္ကို က်ခံရမွာျဖစ္ပါတယ္။ အက္သလက္တီကိုေနာက္ခံလူဟာ စြဲခ်က္ ၇ ခ်က္ကို ျငင္းဆန္ခဲ့ေပမဲ့ ၂၀၁၉ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့အရာေတြအတြက္ အခ်က္ ၄ ခ်က္က သက္ေသထူႏုိင္ခဲ့တာေၾကာင့္ ပြဲပယ္ခံခဲ့ရတာပါ” လို႔ ပါရွိခဲ့ပါတယ္။