သွင်းဂိုး ၇၅၀ ပြည့်ပြီးနောက် ရော်နယ်ဒို ကျေးဇူးတင်စကားဆို

0
232

SBOTOP NOV

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၅၀ ပြည့်ပြီးနောက် သူ ကြုံတွေ့ခဲ့ရတဲ့ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ပြိုင်ဘက်ကစားသမားတွေအပေါ် ကျေးဇူးတင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဗုဒ္ဒဟူးနေ့က ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်ကို ၃-ဝ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ် ၅၇ မိနစ်မှာ ဂိုးသွင်းနိုင်ပြီးနောက် အဲဒီမိုင်တိုင်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ပြောင်းလာပြီးနောက် တူရင်ကလပ်အတွက် ပြိုင်ပွဲစုံ ၇၅ဂိုးမြောက် လည်းဖြစ်ပြီး မက်ဒရစ်အသင်းမှာတုန်းကတော့ ၄၅၀ ဂိုးအထိ သွင်းပေးနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆု ၅ ကြိမ်ရထားသူလည်းဖြစ်ပြီး ၂၀ဝ၉ ခုနှစ်မှာ မန်ယူအသင်းကနေ မက်ဒရစ် ကိုပြောင်းရွှေ့ပြီးနောက် ပြိုင်ပွဲစုံ ၄၃၈ ပွဲ ကစားပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ ရှိခဲ့တဲ့ ၆ နှစ်တာကာလအတွင်းမှာတော့ သွင်းဂိုးပေါင်း ၁၁၈ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။ ဒီကစားသမားဟာ မကြာသေးခင်ကလည်း ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဂိုး ၁၀ဝ ပြည့်မိုင်တိုင်ကို ကျော်လွန်ထားသူဖြစ်ပြီး နိုင်ငံတကာပွဲစဉ်လောကမှာတော့ အီရန်ကစားသမား အလီဒေယီ ပြီးနောက် ဒီလိုစွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက် အမျိုးသားဘောလုံးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းမှာလည်း ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်ထားပြီး ရာအူးလ်ထက် သွင်းဂိုး ၁၂၇ ဂိုး ပိုများထားပါတယ်။

SBOTOP NOV

(zawgyi)

သြင္းဂိုး ၇၅၀ ျပည့္ၿပီးေနာက္ ေရာ္နယ္ဒို ေက်းဇူးတင္စကားဆို

ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုး ၇၅၀ ျပည့္ၿပီးေနာက္ သူ ႀကဳံေတြ႕ခဲ့ရတဲ့ အသင္းေဖာ္ေတြ၊ နည္းျပေတြနဲ႔ ၿပိဳင္ဘက္ကစားသမားေတြအေပၚ ေက်းဇူးတင္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ဗုဒၵဟူးေန႔က ကစားခဲ့တဲ့ ဒိုင္နမိုကိဗ္ကို ၃-၀ ဂိုးနဲ႔ အႏုိင္ရတဲ့ ပြဲစဥ္ ၅၇ မိနစ္မွာ ဂိုးသြင္းႏုိင္ၿပီးေနာက္ အဲဒီမိုင္တိုင္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဒါဟာ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္ကို ေျပာင္းလာၿပီးေနာက္ တူရင္ကလပ္အတြက္ ၿပိဳင္ပြဲစုံ ၇၅ဂိုးေျမာက္ လည္းျဖစ္ၿပီး မက္ဒရစ္အသင္းမွာတုန္းကေတာ့ ၄၅၀ ဂိုးအထိ သြင္းေပးႏုိင္ခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ေရာ္နယ္ဒိုဟာ ဘလြန္းဒီေအာ္ဆု ၅ ႀကိမ္ရထားသူလည္းျဖစ္ၿပီး ၂၀၀၉ ခုႏွစ္မွာ မန္ယူအသင္းကေန မက္ဒရစ္ ကိုေျပာင္းေရႊ႕ၿပီးေနာက္ ၿပိဳင္ပြဲစုံ ၄၃၈ ပြဲ ကစားေပးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ရွိခဲ့တဲ့ ၆ ႏွစ္တာကာလအတြင္းမွာေတာ့ သြင္းဂိုးေပါင္း ၁၁၈ ဂိုး သြင္းယူႏုိင္ ခဲ့ပါတယ္။ ဒီကစားသမားဟာ မၾကာေသးခင္ကလည္း ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ဂိုး ၁၀၀ ျပည့္မိုင္တိုင္ကို ေက်ာ္လြန္ထားသူျဖစ္ၿပီး ႏိုင္ငံတကာပြဲစဥ္ေလာကမွာေတာ့ အီရန္ကစားသမား အလီေဒယီ ၿပီးေနာက္ ဒီလိုစြမ္းေဆာင္ႏုိင္တဲ့ ဒုတိယေျမာက္ အမ်ဳိးသားေဘာလုံးသမားတစ္ဦး ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းသမုိင္းမွာလည္း ထာ၀ရဂုိးသြင္းအမ်ားဆုံး ကစားသမားျဖစ္ထားၿပီး ရာအူးလ္ထက္ သြင္းဂိုး ၁၂၇ ဂိုး ပိုမ်ားထားပါတယ္။