အန္တရာယ်ဖြစ်ဖွယ် ယာဉ်တိုက်မှုကြောင့် အဖမ်းခံလိုက်ရတဲ့ ဒန်နီရို့စ်

0
194

SBOTOP NOV

စပါးအသင်းနောက်ခံကစားသမား ဒန်နီရို့စ်ဟာ မနက်စောစောစီးစီး အန္တရယ်ဖြစ်ဖွယ် ယာဉ်အက်ဆီးဒင့် တစ်ရပ်ကြောင့် ဗုဒ္ဒဟူးနေ့ညမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ စပါးအသင်းအတွက် ပွဲထွက်ခွင့်နည်းပါးနေ သူ အသက် ၃၀ အရွယ် ဒန်နီရို့စ်ဟာ သတင်းတွေရဲ့ ဖော်ပြချက်အရ နော်သမ်တန်ရဲ့ A45 နေရာအတွင်းမှာ အရှိန်ပြင်းပြင်းမောင်းနှာင်လာရင်း အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့ရတာပါ။

ဒါပေမဲ့ ကံကောင်းတာက သူမောင်းနှင်လာတဲ့ ကားဟာ ဘီးကျွတ်ထွက်သွားတဲ့အထိ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ဒန်နီရို့စ်ကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။ အက်ဆီးဒင့်ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒန်နီရို့စ်ကို အရက်သေစာသောက်စားထားခြင်း ရှိမရှိ စစ်ဆေးရာမှာ အနုတ်လက္ခဏာ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဒန်နီရို့စ်ဟာ နော်သမ်တန် ရဲစခန်းမှာ ဖမ်းဆီးခံထားရပြီး နောက်ထပ်စုံစမ်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ခံရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နော်သမ်တန်ရဲတပ်ဖွဲ့က “ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ မနက် ၄ နာရီလောက် နော်သမ်တန်ရဲ့ A45 နေရာမှာ အန္တရာယ်ဖြစ်ဖွယ် ကားမောင်းနှင်မှုကြောင့် ဖမ်းဆီးခံခဲ့ရတာကို ကျွန်တော်တို့ အတည်ပြုပေးနိုင်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ အနေနဲ့ နောက်ထပ် မှတ်ချက်တွေကို ထပ်မံစစ်ဆေးရယူနေပါတယ်” လို့ ထုတ်ဖော်ပြာကြားသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

အႏၱရာယ္ျဖစ္ဖြယ္ ယာဥ္တိုက္မႈေၾကာင့္ အဖမ္းခံလိုက္ရတဲ့ ဒန္နီရို႕စ္

စပါးအသင္းေနာက္ခံကစားသမား ဒန္နီရို႕စ္ဟာ မနက္ေစာေစာစီးစီး အႏၱရယ္ျဖစ္ဖြယ္ ယာဥ္အက္ဆီးဒင့္ တစ္ရပ္ေၾကာင့္ ဗုဒၵဟူးေန႔ညမွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။ စပါးအသင္းအတြက္ ပြဲထြက္ခြင့္နည္းပါးေန သူ အသက္ ၃၀ အရြယ္ ဒန္နီရို႕စ္ဟာ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေနာ္သမ္တန္ရဲ႕ A45 ေနရာအတြင္းမွာ အရွိန္ျပင္းျပင္းေမာင္းႏွာင္လာရင္း အခုလို ျဖစ္ရပ္ျဖစ္ပြားခဲ့ရတာပါ။

ဒါေပမဲ့ ကံေကာင္းတာက သူေမာင္းႏွင္လာတဲ့ ကားဟာ ဘီးကၽြတ္ထြက္သြားတဲ့အထိ ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့ေပမဲ့ ဒန္နီရို႕စ္ကေတာ့ ထိခိုက္ဒဏ္ရာမရခဲ့ဘူးလို႔ သိရပါတယ္။ အက္ဆီးဒင့္ျဖစ္ပြားၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာကို ရဲတပ္ဖြဲ႕၀င္ေတြ ေရာက္ရွိလာၿပီး ဒန္နီရို႕စ္ကို အရက္ေသစာေသာက္စားထားျခင္း ရွိမရွိ စစ္ေဆးရာမွာ အႏုတ္လကၡဏာ ထြက္ေပၚခဲ့တယ္လုိ႔ သိရပါတယ္။

ဒါေပမဲ့ လတ္တေလာမွာေတာ့ ဒန္နီရို႕စ္ဟာ ေနာ္သမ္တန္ ရဲစခန္းမွာ ဖမ္းဆီးခံထားရၿပီး ေနာက္ထပ္စုံစမ္း စစ္ေဆးေမးျမန္းမႈေတြ လုပ္ခံရတယ္လုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။ ေနာ္သမ္တန္ရဲတပ္ဖြဲ႕က “ အသက္ ၃၀ အရြယ္ အမ်ဳိးသားတစ္ဦးဟာ မနက္ ၄ နာရီေလာက္ ေနာ္သမ္တန္ရဲ႕ A45 ေနရာမွာ အႏၱရာယ္ျဖစ္ဖြယ္ ကားေမာင္းႏွင္မႈေၾကာင့္ ဖမ္းဆီးခံခဲ့ရတာကို ကၽြန္ေတာ္တုိ႔ အတည္ျပဳေပးႏုိင္ပါတယ္။ လက္ရွိမွာေတာ့ ရဲတပ္ဖြဲ႕ အေနနဲ႔ ေနာက္ထပ္ မွတ္ခ်က္ေတြကို ထပ္မံစစ္ေဆးရယူေနပါတယ္” လို႔ ထုတ္ေဖာ္ျပာၾကားသြားခဲ့ပါတယ္။