အာတီတာကို ထုတ်ပယ်ရင် မှားလိမ့်မယ်လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

0
114

SBOTOP NOV

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ကာရာဘောာင်ဖလား ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းကို ဖြုတ်ချပြီးနောက် ပြိုင်ဘက်အသင်းအနေနဲ့ သူ့လက်ထောက်ဟောင်း အာတီတာကို ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။နည်းပြ အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂါဘရီရယ်ဂျီးဆပ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမဲ့ အာဆင်နယ်အတွက် လာကာဇက်တီက ပြန်ချေပပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မန်စီးတီးအသင်းအတွက် မာရက်ဇ်, ဖိုဒန်နဲ့ လာပေါ့တို့က ဂိုးတွေဆက်သွင်းပေးနိုင်တာကြောင့် အာဆင်နယ်အသင်း ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် 15 နေရာမှာ ရပ်တည်နေပြီး ဖိအားတွေ များနေတာကြောင့် အာတီတာအတွက်လည်း သို့လောသို့လောသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာကတော့ တပည့်ဟောင်း အာတီတာကို ထောက်ခံပေးခဲ့ပြီး သူ့ကိုထုတ်ပယ်ရင် အာဆင်နယ် အမှားကြီးမှားလိမ့်မယ်လို့ ဆိုပါတယ်။ဂွါဒီယိုလာက “ သူတို့အနေနဲ့ အာတီတာကို ထုတ်ပယ်ဖို့ စဉ်းစားမယ်ဆိုရင် အမှားကြီးမှားပါလိမ့်မယ်။ ရလဒ်တွေကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြတာကို ကျွန်တော်နားလည်ပေမဲ့ သူက အရည်အသွေးရှိတဲ့ နည်းပြကောင်းတစ်ယောက်ဆိုတာလည်း သိနေတာကြောင့်ပါ။ သူနဲ့ ကျွန်တော် အချိန်အကြာကြီး လက်တွဲခဲ့ဖူးတာကြောင့် သူ့အကြောင်း နားလည်ပါတယ်။ အာဆင်နယ်ဟာ အချိန်အကြာကြီးနေမှ ဖလား ၂ လုံး ရယူနိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

အာတီတာကို ထုတ္ပယ္ရင္ မွားလိမ့္မယ္လို့ အာဆင္နယ္ကို သတိေပးလိုက္တဲ့ ဂြါဒီယိုလာ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္မွာ အာဆင္နယ္အသင္းကို ျဖုတ္ခ်ျပီးေနာက္ ျပိုင္ဘက္အသင္းအေနနဲ့ သူ့လက္ေထာက္ေဟာင္း အာတီတာကို ထုတ္ပယ္ရင္ အမွားျကီး မွားလိမ့္မယ္လို့ သတိေပးစကား ေျပာျကားသြားခဲ့ပါတယ္။နည္းျပ အာတီတာ ဦးေဆာင္တဲ့ အာဆင္နယ္ဟာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္မွာ မန္စီးတီးအသင္းကို ၄-၁ ဂိုးနဲ့ အနိုင္ရခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဂါဘရီရယ္ဂ်ီးဆပ္ရဲ့သြင္းဂိုးနဲ့ ဦးေဆာင္နိုင္ေပမဲ့ အာဆင္နယ္အတြက္ လာကာဇက္တီက ျပန္ေခ်ပေပးခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ မန္စီးတီးအသင္းအတြက္ မာရက္ဇ္, ဖိုဒန္နဲ့ လာေပါ့တို့က ဂိုးေတြဆက္သြင္းေပးနိုင္တာေျကာင့္ အာဆင္နယ္အသင္း ျပိုင္ပြဲက ထြက္ခဲ့ရတာျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ 15 ေနရာမွာ ရပ္တည္ေနျပီး ဖိအားေတြ မ်ားေနတာေျကာင့္ အာတီတာအတြက္လည္း သို့ေလာသို့ေလာသတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒါေပမဲ့ ဂြါဒီယိုလာကေတာ့ တပည့္ေဟာင္း အာတီတာကို ေထာက္ခံေပးခဲ့ျပီး သူ့ကိုထုတ္ပယ္ရင္ အာဆင္နယ္ အမွားျကီးမွားလိမ့္မယ္လို့ ဆိုပါတယ္။

ဂြါဒီယိုလာက “ သူတို့အေနနဲ့ အာတီတာကို ထုတ္ပယ္ဖို့ စဉ္းစားမယ္ဆိုရင္ အမွားျကီးမွားပါလိမ့္မယ္။ ရလဒ္ေတြကိုျကည့္ျပီး ဆံုးျဖတ္တတ္ျကတာကို ကြ်န္ေတာ္နားလည္ေပမဲ့ သူက အရည္အေသြးရွိတဲ့ နည္းျပေကာင္းတစ္ေယာက္ဆိုတာလည္း သိေနတာေျကာင့္ပါ။ သူနဲ့ ကြ်န္ေတာ္ အခ်ိန္အျကာျကီး လက္တြဲခဲ့ဖူးတာေျကာင့္ သူ့အေျကာင္း နားလည္ပါတယ္။ အာဆင္နယ္ဟာ အခ်ိန္အျကာျကီးေနမွ ဖလား ၂ လံုး ရယူနိုင္ခဲ့တာ ဂုဏ္ယူစရာပါပဲ” လို့ ေျပာသြားခဲ့ပါတယ္။