ကစားသမားတွေကို ထွက်ခွာခွင့်ပေးပို့ ကြိုးစားနေတဲ့ အာဆင်နယ်

0
197

SBOTOP NOV

လက်ရှိမှာ အသင်းရဲ့နေရာတချို့မှာ ကစားသမားများစွာ ပြည့်နှက်နေတဲ့ အာဆင်နယ်အသင်းဟာ အခု ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အသင်းရဲ့ကစားသမားတချို့ကို ထွက်ခွါခွင့်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို အာဆင်နယ်နည်းပြ အာတီတာကလည်း အတည်ပြုထားပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမား ကိုလာစီနက်ကတော့ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းကို ပြောင်းရွှေ့ကစားသွားတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ ဆိုကရာတီးစ်ကလည်း ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး ဆွေးနွေးမှုတွေက တိုးတက်နေတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း အာဆင်နယ်အသင်းမှာ ပွဲကစားခွင့် လုံးဝမရသေးတဲ့ အိုဇေးလ်ကလည်း အသင်းကနထွက်ခွါဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်ကတော့ ကစားသမားကို စာချုပ်ဖျက်သိမ်းချင်နေပြီး အိုဇေးလ်ရဲ့ဆန္ဒကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

132992567_3147315675487516_8375022509486983279_o

ဒါ့အပြင် ဒီနှစ်မှ အသင်းကို ရောက်လာပေမယ့် အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်မရသေးတဲ့ ဆလီဘာဟာ အခုအပြောင်းအရွှေ့မှာ အငှားထွက်ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ် ။ သူနဲ့အတူ ဝီလ်ဆင် ၊ နယ်ဆင်တို့လည်း အငှားထွက်ကစားဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမား မူစတာဖီကလည်း ဘာကာကို ပြောင်းရွှေ့ဖို့ နီးစပ်နေသလို အက်သလက်မှာ အငှားကစားနေတဲ့ တော်ရိုင်းရားကလည်း စီးရီးအေဆီ ပြန်သွားဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်ပဲ အခုအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဆီကနေ ကစားသမား တော်တော်များများ ထွက်ခွါဖွယ်ရှိနေတာပါ။

အခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေပြီး ဈေးကွက်ထဲမှာ ချိတ်ဆက်နေပါတယ်။ ဒါကြောင့် အခု အပြောင်းအရွှေ့ကတော့ အာဆင်နယ်ရဲ့အလုပ်များတဲ့ ဈေးကွက်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ကစားသမားေတြကို ထြက္ခြာခြင့္ေပးပို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္
=============================================
လက္ရွိမွာ အသင္းရဲ့ေနရာတခ်ို့မွာ ကစားသမားမ်ားစြာ ျပည့္နွက္ေနတဲ့ အာဆင္နယ္အသင္းဟာ အခု ဇန္နဝါရီအေျပာင္းအေရွြ့မွာပဲ အသင္းရဲ့ကစားသမားတခ်ို့ကို ထြက္ခြါခြင့္ေပးသြားေတာ့မွာျဖစ္တယ္လို့ သိရပါတယ္။ ဒီသတင္းကို အာဆင္နယ္နည္းျပ အာတီတာကလည္း အတည္ျပုထားပါတယ္။
လက္ရွိမွာ အာဆင္နယ္အသင္းရဲ့ေနာက္ခံကစားသမား ကိုလာစီနက္ကေတာ့ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ေကးအသင္းကို ေျပာင္းေရွြ့ကစားသြားေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္ အာဆင္နယ္အသင္းရဲ့ေနာက္ခံကစားသမားျဖစ္တဲ့ ဆိုကရာတီးစ္ကလည္း ဖီနာဘာခ်ီကို ေျပာင္းေရွြ့ဖို့ နီးစပ္ေနျပီး ေဆြးေနြးမႈေတြက တိုးတက္ေနတယ္လို့ သိရပါတယ္။
အျခားတစ္ဖက္မွာလည္း အာဆင္နယ္အသင္းမွာ ပြဲကစားခြင့္ လံုးဝမရေသးတဲ့ အိုေဇးလ္ကလည္း အသင္းကေန ထြက္ခြါဖို့ နီးစပ္ေနပါတယ္။ အာဆင္နယ္ကေတာ့ ကစားသမားကို စာခ်ုပ္ဖ်က္သိမ္းခ်င္ေနျပီး အိုေဇးလ္ရဲ့ဆနၵကို ေစာင့္ျကည့္သြားရမွာျဖစ္ပါတယ္။
ဒါ့အျပင္ ဒီနွစ္မွ အသင္းကို ေရာက္လာေပမယ့္ အာဆင္နယ္အသင္းမွာ ပြဲကစားခြင့္မရေသးတဲ့ ဆလီဘာဟာ အခုအေျပာင္းအေရွြ့မွာ အငွားထြက္ကစားဖြယ္ရွိေနတယ္လို့ သိရပါတယ္ ။ သူနဲ့အတူ ဝီလ္ဆင္ ၊ နယ္ဆင္တို့လည္း အငွားထြက္ကစားဖြယ္ရွိေနပါတယ္။
ဒါ့အျပင္ အာဆင္နယ္အသင္းရဲ့ေနာက္ခံကစားသမား မူစတာဖီကလည္း ဘာကာကို ေျပာင္းေရွြ့ဖို့ နီးစပ္ေနသလို အက္သလက္မွာ အငွားကစားေနတဲ့ ေတာ္ရိုင္းရားကလည္း စီးရီးေအဆီ ျပန္သြားဖို့ ျကိုးစားေနပါတယ္။ ဒါေျကာင့္ပဲ အခုအေျပာင္းအေရွြ့မွာ အာဆင္နယ္အသင္းဆီကေန ကစားသမား ေတာ္ေတာ္မ်ားမ်ား ထြက္ခြါဖြယ္ရွိေနတာပါ။
အျခားတစ္ဖက္မွာေတာ့ အာဆင္နယ္အသင္းဟာ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးကို ေခၚယူခ်င္ေနျပီး ေဈးကြက္ထဲမွာ ခ်ိတ္ဆက္ေနပါတယ္။ ဒါေျကာင့္ အခု အေျပာင္းအေရွြ့ကေတာ့ အာဆင္နယ္ရဲ့အလုပ္မ်ားတဲ့ ေဈးကြက္လို့ ဆိုရမွာပဲျဖစ္ပါတယ္။