ဘရိုင်တန်ကွင်းမှာ စပါးလ်အနိုင်ရဖို့ ၈၀% ရှိနေတယ်

0
156

 

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် ဘရိုင်တန်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ ဘရိုင်တန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁-၂-၂၀၂၁ ရက် တနင်္လာနေ့ နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘရိုင်တန်အသင်းက ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပြီး စပါးလ်အသင်းက ၁၉ ပွဲ ကစားအပြီး ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စပါးလ် ၂ – ၁ ဘရိုင်တန်(ပရီးမီးယားလိဂ်)

စပါးလ် ၂ – ၁ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၃ – ၀ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ဘရိုင်တန်က သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး စပါးလ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲ ကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ စပါးလ်က ဘရိုင်တန်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲမှာ ခုနစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ဘရိုင်တန်က ပရီးမီးယားလိဂ်မှာ စပါးလ်နဲ့ ခုနစ်ပွဲတွေ့ဆုံအပြီး ၂၀၁၉ အောက်တိုဘာက အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပေမဲ့ တစ်ပွဲသရေ ငါးပွဲရှုံးထားပါတယ်။ စပါးလ်က ဘရိုင်တန်နဲ့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၁၀ ပွဲမှာ ရှစ်ပွဲ အနိုင်ရထားပါတယ်။ ဘရိုင်တန်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၁၄ ပွဲမှာ အနိုင်ရရှိခြင်း မရှိသေးပါဘူး။ စပါးလ်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ၁၂ ပွဲ ကစားအပြီး ၁၁ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ စပါးလ်က ၂၀၂၁ ခုနှစ်အစမှာ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်းပွဲ သုံးပွဲနိုင်ထားပြီး သွင်းဂိုး ၁၂-၂ ဂိုး ဖြစ်ပေါ်ထားပါတယ်။ စပါးလ်က တန်းဆင်းဇုံအောက်တန်းက အသင်းလေးသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ တွေ့ဆုံချိန် ၁၂ ပွဲ ရှုံးပွဲမရှိဖြစ်ပေါ်ထားပြီး ခြောက်ပွဲနိုင် ခြောက်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။

ဘရိုင်တန်အသင်းမှာ အီကွစ်အာဒို၊ အမ်ဒိုနီ၊ လန့်ပ်တေး၊ ဝဲလ်ဘက်နဲ့ ဂျာဟန်ဘာကက်တို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ လိုဆယ်ဆို၊ ရီဂူလွန်နဲ့ ဟာရီကိန်းတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် ဘရိုင်တန်ကွင်းမှာ စပါးလ်က အနိုင်ရဖို့ ၈၀% ရှိနေပြီး ဘရိုင်တန်အနိုင်ဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

