ယိုကိုဟားမားအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ဂျပန်တိုက်စစ်မှူး ကာဇူယိုရှီ မာယူရီ

0
282

 

ဂျပန် ဂျေလိဂ်ကလပ်တစ်သင်းဖြစ်တဲ့ ယိုကိုဟားမားအသင်းက အသက် ၅၃ နှစ်အရွယ် တိုက်စစ်မှူး ကာဇူယိုရှီ မာယူရီကို သက်တမ်းတစ်နှစ် တိုးမြှင့်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် မာယူရီဟာ အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတစ်ဦးအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ မာယူရီဟာ လာမဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ၎င်းရဲ့ အသက် ၅၄ နှစ်ပြည့်မှာ ဖြစ်သလို ၂၀၂၁ အတွက် ဂျေလိဂ် ဘောလုံးရာသီလည်း စတင်သွားမှာ ဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်ကစားသမား ဖြစ်တဲ့ မာယူရီက ယိုကိုဟားမားအသင်းနဲ့ ၂၀၀၅ ခုနှစ်မှာ စတင်ပြီး ၁၇ နှစ်ကြာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းက “ ကွျန်တော်က ဘောလုံးအတွက် ပြင်းပြတဲ့ဆန္ဒတွေ ရှိပြီး ရည်မှန်းချက်ထားပြီး ရှေ့တိုးသွားချင်သူပါ ” လို့ ဆိုပါတယ်။

မာယူရီဟာ ၁၉၈၆ ခုနှစ်က ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာ ဘောလုံးသမားဘ၀ကို စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ကစားခဲ့တဲ့ ဂမ်မားအသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ဂိုးသွင်းယူခဲ့ချိန်မှာ ၎င်းရဲ့ အသက် ၅၀ နှစ် ၁၄ ရက် ဖြစ်ခဲ့လို့ ဂျပန် ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ အသက်အကြီးဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

၎င်းဟာ ဂျပန်နိုင်ငံရဲ့ အားကစားလောကမှာ ဘုရင် ကာဇူး ဆိုပြီး နာမည်ကျော်သူ ဖြစ်ပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်သလို ၁၉၉၃ ခုနှစ်က ဂျေလိဂ်စတင်မိတ်ဆက်စဉ်မှာ ၎င်းရဲ့ ရုပ်ပုံကို အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲကစားခဲ့ပြီး ၅၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၎င်းက အီတလီစီးရီးအေကလပ် ဂျီနိုအာအသင်းနဲ့ ခရိုအေးရှားနဲ့ ဩစတြေးလျနိုင်ငံ ကလပ်တွေမှာလည်း ကစားခဲ့ပါတယ်။

Zawgyi

ယိုကိုဟားမားအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ အသက္ ၅၃ ႏွစ္အရြယ္ ဂ်ပန္တိုက္စစ္မႉး ကာဇူယိုရွီ မာယူရီ

ဂ်ပန္ ေဂ်လိဂ္ကလပ္တစ္သင္းျဖစ္တဲ့ ယိုကိုဟားမားအသင္းက အသက္ ၅၃ ႏွစ္အရြယ္ တိုက္စစ္မႉး ကာဇူယိုရွီ မာယူရီကို သက္တမ္းတစ္ႏွစ္ တိုးျမႇင့္ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ မာယူရီဟာ အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းေရးထိုးနိုင္ခဲ့ပါတယ္။ မာယူရီဟာ လာမဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ ၎ရဲ့ အသက္ ၅၄ ႏွစ္ျပည့္မွာ ျဖစ္သလို ၂၀၂၁ အတြက္ ေဂ်လိဂ္ ေဘာလုံးရာသီလည္း စတင္သြားမွာ ျဖစ္ပါတယ္။
ဂ်ပန္လက္ေရြးစင္ကစားသမား ျဖစ္တဲ့ မာယူရီက ယိုကိုဟားမားအသင္းနဲ႔ ၂၀၀၅ ခုႏွစ္မွာ စတင္ၿပီး ၁၇ ႏွစ္ၾကာ ကစားခဲ့သူလည္း ျဖစ္ပါတယ္။ ၎က “ ကြ်န္ေတာ္က ေဘာလုံးအတြက္ ျပင္းျပတဲ့ဆႏၵေတြ ရွိၿပီး ရည္မွန္းခ်က္ထားၿပီး ေရွ႕တိုးသြားခ်င္သူပါ ” လို႔ ဆိုပါတယ္။
မာယူရီဟာ ၁၉၈၆ ခုႏွစ္က ဘရာဇီးကလပ္ ဆန္းတို႔စ္အသင္းမွာ ေဘာလုံးသမားဘ၀ကို စတင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ ကစားခဲ့တဲ့ ဂမ္မားအသင္းနဲ႔ ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီး ဂိုးသြင္းယူခဲ့ခ်ိန္မွာ ၎ရဲ့ အသက္ ၅၀ ႏွစ္ ၁၄ ရက္ ျဖစ္ခဲ့လို႔ ဂ်ပန္ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကမွာ အသက္အႀကီးဆုံး ဂိုးသြင္းရွင္အျဖစ္ မွတ္တမ္းတင္ နိုင္ခဲ့ပါတယ္။
၎ဟာ ဂ်ပန္နိုင္ငံရဲ့ အားကစားေလာကမွာ ဘုရင္ ကာဇူး ဆိုၿပီး နာမည္ေက်ာ္သူ ျဖစ္ၿပီး ပရိသတ္အခ်စ္ေတာ္ ကစားသမားတစ္ဦးျဖစ္သလို ၁၉၉၃ ခုႏွစ္က ေဂ်လိဂ္စတင္မိတ္ဆက္စဥ္မွာ ၎ရဲ့ ႐ုပ္ပုံကို အသုံးျပဳခဲ့ပါတယ္။ ၎ဟာ ဂ်ပန္လက္ေရြးစင္အသင္းအတြက္ ၈၉ ပြဲကစားခဲ့ၿပီး ၅၅ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ ၎က အီတလီစီးရီးေအကလပ္ ဂ်ီနိုအာအသင္းနဲ႔ ခရိုေအးရွားနဲ႔ ဩစေၾတးလ်နိုင္ငံ ကလပ္ေတြမွာလည္း ကစားခဲ့ပါတယ္။