ရော်နယ်ဒိုရဲ့ ၇၆၀ ပြည့်သွင်းဂိုးနဲ့ ကိုးကြိမ်မြောက် အီတလီစူပါဖလားကို ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်

0
123

 

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ အီတလီစူပါဖလားဖိုင်နယ်ပွဲမှာ နာပိုလီအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ကိုးကြိမ်မြောက် အီတလီစူပါဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အဖွင့်ဂိုးပိတ်သွင်းခဲ့တဲ့ ရော်နယ်ဒိုအတွက် ၎င်းရဲ့ ကစားသမားဘ၀ဖြတ်သန်းမှုမှာ ဂိုး ၇၆၀ ပြည့် သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်းတစ်ခု ရယူနိုင်ခဲ့ပါတယ်။ အသင်းမန်နေဂျာအသစ်ဖြစ်တဲ့ ပီယာရိုအတွက်လည်း ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဆုဖလား တစ်လုံး ဖြစ်ခဲ့ရပါတယ်။

အဆိုပါပွဲအပြီးမှာ ပီယာရိုက “ ဆုဖလားရရှိခြင်းက အပျော်ရွှင်ဆုံးတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါကလည်း ကစားသမားတွေက ပုံမှန်ထက်ပိုပြီး လှပအောင် ကစားခဲ့ကြသလို ဖိုင်နယ်ပွဲမှာ လှပတဲ့ အခက်အခဲတွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဒီအနိုင်ရလဒ်က အင်တာမီလန်ကို ရှုံးခဲ့ပြီးနောက် အနိုင်ရခြင်းဖြစ်လို့ အရမ်းကို အရေးပါပါတယ်။ ကွျန်တော်တို့မှာ ရှိနေတဲ့ ဂုဏ်သိက္ခာကိုလည်း ပြသနိုင်ခဲ့တယ် ” လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ သွင်းဂိုး ၇၆၀ ပြည့်ခဲ့လို့ ၁၉၃၁ ခုနှစ်ကနေ ၁၉၅၅ အထိ ကစားခဲ့တဲ့ ချက်တိုက်စစ်မှူး ဂျိုးဆက် ဘိုင်ကန်ရဲ့ ဂိုးသွင်းအများဆုံးမှတ်တမ်းဖြစ်တဲ့ ၇၅၉ ဂိုးကို ကျော်လွန်ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ခေတ်ပြိုင်ဖြစ်နေတဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ သွင်းဂိုး ၇၄၂ ဂိုးနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး ဂန္ထဝင်ကစားသမား ပီလီက ၇၅၇ ဂိုးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေမှာ ညာခြေနဲ့ ၄၈၈ ဂိုး၊ ဘယ်ခြေနဲ့ ၁၃၉ ဂိုး၊ ခေါင်းတိုက်ဂိုး ၁၃၁ ဂိုး၊ လက်မောင်နဲ့ ထိပြီး ဝင်ခဲ့ဂိုး တစ်ဂိုးနဲ့ အခြားပုံစံနဲ့ ထိပြီး ဂိုးဝင်ခဲ့တာ တစ်ဂိုး ရှိခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ့ ၇၆၀ ျပည့္သြင္းဂိုးနဲ႔ ကိုးႀကိမ္ေျမာက္ အီတလီစူပါဖလားကို ရရွိခဲ့တဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ ၿပီးခဲ့တဲ့ အီတလီစူပါဖလားဖိုင္နယ္ပြဲမွာ နာပိုလီအသင္းကို ၂-၀ နဲ႔ အနိုင္ရခဲ့ၿပီး ကိုးႀကိမ္ေျမာက္ အီတလီစူပါဖလား ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အဆိုပါပြဲမွာ အဖြင့္ဂိုးပိတ္သြင္းခဲ့တဲ့ ေရာ္နယ္ဒိုအတြက္ ၎ရဲ့ ကစားသမားဘ၀ျဖတ္သန္းမႈမွာ ဂိုး ၇၆၀ ျပည့္ သြင္းဂိုးလည္း ျဖစ္ခဲ့ၿပီး ကမၻာ့မွတ္တမ္းတစ္ခု ရယူနိုင္ခဲ့ပါတယ္။ အသင္းမန္ေနဂ်ာအသစ္ျဖစ္တဲ့ ပီယာရိုအတြက္လည္း ပထမဆုံး ရယူနိုင္ခဲ့တဲ့ ဆုဖလား တစ္လုံး ျဖစ္ခဲ့ရပါတယ္။
အဆိုပါပြဲအၿပီးမွာ ပီယာရိုက “ ဆုဖလားရရွိျခင္းက အေပ်ာ္ရႊင္ဆုံးတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ဒါကလည္း ကစားသမားေတြက ပုံမွန္ထက္ပိုၿပီး လွပေအာင္ ကစားခဲ့ၾကသလို ဖိုင္နယ္ပြဲမွာ လွပတဲ့ အခက္အခဲေတြကိုလည္း ျမင္ေတြ႕ခဲ့ရတယ္။ ဒီအနိုင္ရလဒ္က အင္တာမီလန္ကို ရႈံးခဲ့ၿပီးေနာက္ အနိုင္ရျခင္းျဖစ္လို႔ အရမ္းကို အေရးပါပါတယ္။ ကြ်န္ေတာ္တို႔မွာ ရွိေနတဲ့ ဂုဏ္သိကၡာကိုလည္း ျပသနိုင္ခဲ့တယ္ ” လို႔ ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ သြင္းဂိုး ၇၆၀ ျပည့္ခဲ့လို႔ ၁၉၃၁ ခုႏွစ္ကေန ၁၉၅၅ အထိ ကစားခဲ့တဲ့ ခ်က္တိုက္စစ္မႉး ဂ်ိဳးဆက္ ဘိုင္ကန္ရဲ့ ဂိုးသြင္းအမ်ားဆုံးမွတ္တမ္းျဖစ္တဲ့ ၇၅၉ ဂိုးကို ေက်ာ္လြန္ၿပီး သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္နိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုနဲ႔ ေခတ္ၿပိဳင္ျဖစ္ေနတဲ့ ဘာစီလိုနာတိုက္စစ္မႉး မက္ဆီကေတာ့ သြင္းဂိုး ၇၄၂ ဂိုးနဲ႔ စတုတၳေနရာမွာ ရွိေနၿပီး ဂႏၴဝင္ကစားသမား ပီလီက ၇၅၇ ဂိုးနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။
ေရာ္နယ္ဒိုရဲ့ သြင္းဂိုးေတြမွာ ညာေျခနဲ႔ ၄၈၈ ဂိုး၊ ဘယ္ေျခနဲ႔ ၁၃၉ ဂိုး၊ ေခါင္းတိုက္ဂိုး ၁၃၁ ဂိုး၊ လက္ေမာင္နဲ႔ ထိၿပီး ဝင္ခဲ့ဂိုး တစ္ဂိုးနဲ႔ အျခားပုံစံနဲ႔ ထိၿပီး ဂိုးဝင္ခဲ့တာ တစ္ဂိုး ရွိခဲ့ပါတယ္။