ဝက်ဟမ်းကွင်းမှာ လီဗာပူးလ်က တစ်ဂိုးအသာလောက် အနိုင်ယူသွားမှာပါ

0
189

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် ဝက်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဝက်ဟမ်းရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃၁-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝက်ဟမ်းက ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားအပြီး ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး လီဗာပူးလ်က ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၂ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၂ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၀ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၀ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ဝက်ဟမ်းအသင်းက ခြောက်ပွဲဆက် အနိုင်ရထားပြီး လီဗာပူးလ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ဝက်ဟမ်းက လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ကိုးပွဲမှာ အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ဘဲ နှစ်ပွဲသရေ ခုနစ်ပွဲရှုံးထားပါတယ်။ ဝက်ဟမ်းက ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်ရထားပြီး အနိုင်ပွဲတွေမှာ အနိုင်ဂိုး တစ်ဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးလ်က ဝက်ဟမ်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲ ကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ခဲ့ပါ တယ်။ ဝက်ဟမ်းအသင်းက ၂၀၂၁ နှစ်စပိုင်း ပွဲစဉ် ခြောက်ပွဲကို အနိုင်နေပြီး အသင်းရဲ့ သမိုင်းကြောင်းမှာ ပထမဆုံး နှစ်စမှာ ခြောက်ပွဲဆက် အနိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းမှာ မာဆူအာခူက ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ကီတာ၊ ဗန်ဒိုက်၊ ဂျိုတာနဲ့ ဂိုမက်ဇ်တို့က ဒဏ်ရာရနေသလို မာတစ်နဲ့ ဖာဘင်ဟိုက ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဝက်ဟမ်းအသင်းက အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၆၀% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က လီဗာပူးလ် ၂-၁ လောက်နဲ့ အနိုင်ရသွား နိုင်ပါတယ်။

Zawgyi

ဝက္ဟမ္းကြင္းမွာ လီဗာပူးလ္က တစ္ဂိုးအသာေလာက္ အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၂၁ အျဖစ္ ဝက္ဟမ္းအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ဝက္ဟမ္းရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၃၁-၁-၂၀၂၁ ရက္ တနဂၤေႏြေန႔ည ၁၁း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဝက္ဟမ္းက ပရီးမီးယားလိဂ္ ပြဲ ၂၀ ကစားအၿပီး ရမွတ္ ၃၅ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရွိေနၿပီး လီဗာပူးလ္က ရမွတ္ ၃၇ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လီဗာပူးလ္ ၂ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၃ – ၂ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၀ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၁ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၄ – ၀ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၄ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲ ကစားအၿပီး ဝက္ဟမ္းအသင္းက ေျခာက္ပြဲဆက္ အနိုင္ရထားၿပီး လီဗာပူးလ္အသင္းက ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ ဝက္ဟမ္းက လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံး ကိုးပြဲမွာ အနိုင္ရရွိခဲ့ျခင္း မရွိခဲ့ဘဲ ႏွစ္ပြဲသေရ ခုနစ္ပြဲရႈံးထားပါတယ္။ ဝက္ဟမ္းက ပရီးမီးယားလိဂ္ ေလးပြဲဆက္ အနိုင္ရထားၿပီး အနိုင္ပြဲေတြမွာ အနိုင္ဂိုး တစ္ဂိုးနဲ႔သာ အနိုင္ရရွိခဲ့ပါတယ္။ လီဗာပူးလ္က ဝက္ဟမ္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ကိုးပြဲ ကစားအၿပီး ရွစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ခဲ့ပါ တယ္။ ဝက္ဟမ္းအသင္းက ၂၀၂၁ ႏွစ္စပိုင္း ပြဲစဥ္ ေျခာက္ပြဲကို အနိုင္ေနၿပီး အသင္းရဲ့ သမိုင္းေၾကာင္းမွာ ပထမဆုံး ႏွစ္စမွာ ေျခာက္ပြဲဆက္ အနိုင္ပြဲရယူနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။
ဝက္ဟမ္းအသင္းမွာ မာဆူအာခူက ဒဏ္ရာရေနၿပီး လီဗာပူးလ္အသင္းမွာ ကီတာ၊ ဗန္ဒိုက္၊ ဂ်ိဳတာနဲ႔ ဂိုမက္ဇ္တို႔က ဒဏ္ရာရေနသလို မာတစ္နဲ႔ ဖာဘင္ဟိုက ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဝက္ဟမ္းအသင္းက အနိုင္ရဖို႔ ၃၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၆၀% ရွိေနပါတယ္။ ျဖစ္ေပၚလာနိုင္တဲ့ ဂိုးရလဒ္က လီဗာပူးလ္ ၂-၁ ေလာက္နဲ႔ အနိုင္ရသြား နိုင္ပါတယ္။