အသင်းဖော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရတ်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ ကာဗာနီလောက် ကမ္ဘာ့ထိပ်တန်း အတွေ့အကြုံမရှိကြသေးဘူးလို့ ပေါ့ဘာ ပြောကြား

0
168

 

မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာက ကာဗာနီဟာ အသင်းအတွက် အကျိုးဖြစ်ထွန်းစေမဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေသလို အသင်းမှာ ရှိနေတဲ့ မာရှယ်နဲ့ ရတ်ဖို့ဒ်တို့နဲ့ ကွဲပြားခြားနားတဲ့ အတွေ့အကြုံနဲ့ အရည်အချင်းလည်း ရှိနေသူလို့ ဆိုပါတယ်။

ကာဗာနီဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သလို ပေါ့ဘာကလည်း အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၂ ပွဲကစားအပြီး လေးဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပေါ့ဘာက “ ကမ္ဘာမှာ ရှိနေတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးအနည်းငယ်ထဲမှာ ကာဗာနီ ပါဝင်နေတယ်ဆိုတာ လူတိုင်းက သိနေပါတယ်။ ကွျန်တော်တို့မှာ ဒီလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ အခွင့်အရေး တစ်ခုပါပဲ။ ဂိုးတစ်ဂိုး ရဖို့ဆိုတာ ခက်ခက်ခဲခဲကြိုးစားရတယ်ဆိုတာ ကွျန်တော်တို့ သိကြပါတယ်။ ကွျန်တော်တို့မှာ ကိုယ်ပိုင် အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိကြပါတယ်။ ရှေ့တန်းမှာ ဆိုရင် မာရှယ်၊ ရတ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ပေါ့လေ။ သူတို့တွေကလည်း အပြင်ဘက်ကနေ ကန်တာတွေ ပိတ်သွင်းနိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ကာဗာနီ လောက်တော့ အတွေ့အကြုံမရှိကြသေးပါဘူး။ သူတို့မှာ ကာဗာနီလို့ အကောင်းဆုံးသော တူညီတဲ့ အရည်အချင်းလည်း မရှိကြသေးပါဘူး။ ဒါကြောင့် တိုက်စစ်ပိုင်းမှာ ကာဗာနီနဲ့ တွဲပြီး ပြည့်စုံတဲ့ တိုက်စစ်ဖြစ်လာ အောင်ပုံဖော်သွားနိုင်မယ်လို့ တွေးမိပါတယ်။ ကာဗာနီက အမြဲတမ်းလိုလို ချိန်သားကိုက် နေရာမှန်တစ်ခုကို ရွေ့လျားပြီး အသင်းကို အနိုင်ရလဒ်ဖြစ်အောင် ကူညီပေးသူပါ ” လို့ မန်ချက်စတာရဲ့ ရုပ်သံကနေ ဆိုပါတယ်။

ရတ်ဖို့ဒ်ဟာ ဘယ်တောင်ပံမှာ ကစားရင်းနဲ့ ခုနစ်ဂိုးသွင်းယူနိုင်ခဲ့သလို မာရှယ်က တိုက်စစ်ဗဟိုကနေ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ အက်ဖ်အေ ဖလား စတုတ္ထအဆင့်ပွဲစဉ် ကစားအပြီး ဗုဒ္ဓဟူးနေ့မှာ အမှတ်ပေးဇယား အောက်ခြေမှာ ရှိနေတဲ့ ရှက်ဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားသွားဖို့ ရှိနေပါတယ်။

Zawgyi

အသင္းေဖာ္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရတ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ဟာ ကာဗာနီေလာက္ ကမၻာ့ထိပ္တန္း အေတြ႕အၾကဳံမရွိၾကေသးဘူးလို႔ ေပါ့ဘာ ေျပာၾကား

မန္ခ်က္စတာယူနိုက္တက္ရဲ့ ကြင္းလယ္ကစားသမားေပါ့ဘာက ကာဗာနီဟာ အသင္းအတြက္ အက်ိဳးျဖစ္ထြန္းေစမဲ့ ကစားသမားျဖစ္တယ္လို႔ ယုံၾကည္ေနသလို အသင္းမွာ ရွိေနတဲ့ မာရွယ္နဲ႔ ရတ္ဖို႔ဒ္တို႔နဲ႔ ကြဲျပားျခားနားတဲ့ အေတြ႕အၾကဳံနဲ႔ အရည္အခ်င္းလည္း ရွိေနသူလို႔ ဆိုပါတယ္။
ကာဗာနီဟာ ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ဖူလ္ဟမ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့သလို ေပါ့ဘာကလည္း အနိုင္ဂိုးတစ္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ထားနိုင္ပါတယ္။ ကာဗာနီဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ၁၂ ပြဲကစားအၿပီး ေလးဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။
ေပါ့ဘာက “ ကမၻာမွာ ရွိေနတဲ့ ကမၻာ့အဆင့္တိုက္စစ္မႉးအနည္းငယ္ထဲမွာ ကာဗာနီ ပါဝင္ေနတယ္ဆိုတာ လူတိုင္းက သိေနပါတယ္။ ကြ်န္ေတာ္တို႔မွာ ဒီလို ကစားသမားမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ အခြင့္အေရး တစ္ခုပါပဲ။ ဂိုးတစ္ဂိုး ရဖို႔ဆိုတာ ခက္ခက္ခဲခဲႀကိဳးစားရတယ္ဆိုတာ ကြ်န္ေတာ္တို႔ သိၾကပါတယ္။ ကြ်န္ေတာ္တို႔မွာ ကိုယ္ပိုင္ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ရွိၾကပါတယ္။ ေရွ႕တန္းမွာ ဆိုရင္ မာရွယ္၊ ရတ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ေပါ့ေလ။ သူတို႔ေတြကလည္း အျပင္ဘက္ကေန ကန္တာေတြ ပိတ္သြင္းနိုင္တာေတြ ရွိပါတယ္။ ဒါေပမဲ့ သူတို႔မွာ ကာဗာနီ ေလာက္ေတာ့ အေတြ႕အၾကဳံမရွိၾကေသးပါဘူး။ သူတို႔မွာ ကာဗာနီလို႔ အေကာင္းဆုံးေသာ တူညီတဲ့ အရည္အခ်င္းလည္း မရွိၾကေသးပါဘူး။ ဒါေၾကာင့္ တိုက္စစ္ပိုင္းမွာ ကာဗာနီနဲ႔ တြဲၿပီး ျပည့္စုံတဲ့ တိုက္စစ္ျဖစ္လာ ေအာင္ပုံေဖာ္သြားနိုင္မယ္လို႔ ေတြးမိပါတယ္။ ကာဗာနီက အျမဲတမ္းလိုလို ခ်ိန္သားကိုက္ ေနရာမွန္တစ္ခုကို ေရြ႕လ်ားၿပီး အသင္းကို အနိုင္ရလဒ္ျဖစ္ေအာင္ ကူညီေပးသူပါ ” လို႔ မန္ခ်က္စတာရဲ့ ႐ုပ္သံကေန ဆိုပါတယ္။
ရတ္ဖို႔ဒ္ဟာ ဘယ္ေတာင္ပံမွာ ကစားရင္းနဲ႔ ခုနစ္ဂိုးသြင္းယူနိုင္ခဲ့သလို မာရွယ္က တိုက္စစ္ဗဟိုကေန ႏွစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းနဲ႔ အက္ဖ္ေအ ဖလား စတုတၳအဆင့္ပြဲစဥ္ ကစားအၿပီး ဗုဒၶဟူးေန႔မွာ အမွတ္ေပးဇယား ေအာက္ေျခမွာ ရွိေနတဲ့ ရွက္ဖီးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားသြားဖို႔ ရွိေနပါတယ္။