အိမ်ရှင် အီဘာအတွက် သရေရလဒ်လောက်ပဲ မျှော်လင့်လို့ ရနိုင်တယ်

0
217

 

လာလီဂါပွဲစဉ် ၁၉ အဖြစ် အီဘာအသင်းနဲ့ အက်သလက်တီကိမက်ဒရစ်အသင်းတို့ဟာ အီဘာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁-၂၀၂၁ ရက်နေ့ ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အီဘာ အသင်းက လာလီဂါ ၁၈ ပွဲ ကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်က ၁၆ ပွဲကစားအပြီး ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အီဘာ ၂ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၃ – ၂ အီဘာ(လာလီဂါ)

အီဘာ ၀ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ အီဘာ(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၂ – ၂ အီဘာ(လာလီဂါ)

အီဘာ ၀ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး အီဘာအသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲ ကစားအပြီး လေးပွဲနိုင် တစ်ပွဲရှုံး ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ၁၅ ပွဲကစားအပြီး ၁၁ ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ် ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ၁၃ ပွဲ ကစားအပြီး ၁၂ ပွဲအနိုင်ရထားပါတယ်။ အီဘာက လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီးခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ အီဘာက အိမ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်နဲ့ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။

အီဘာအသင်းမှာ ကိုတီက ဒဏ်ရာရနေပြီး အက်သလက်တီကိုမက်ဒရစ်မှာ ကိုကီနဲ့ ထရစ်ပီယာတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ဟာအဲယားနဲ့ ဟာမိုဆိုတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အီဘာအနေနဲ့ သရေဖြစ်ဖို့ ၅၀%နဲ့ အက်သလက်တီကိုမက်ဒရစ် အနိုင်ရဖို့ ၅၀% ရှိနေပါတယ်။

Zawgyi

