၁၈ လကြာပြီးနောက် မန်နေဂျာ လမ်းပတ်ကို ချဲလ်ဆီးအသင်း ထုတ်ပယ်

0
281

 

ချဲလ်ဆီးအသင်းက မန်နေဂျာ လမ်းပတ်ကို ၁၈ လ ကြာပြီးနောက် ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်ကိုးနေရာမှာ ရပ်တည်နေသလို ပြီးခဲ့တဲ့ ပွဲစဉ်မှာ လက်စတာစီးတီးကို ရှုံးပွဲတွေ့ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ၎င်းရဲ့ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်ဖြစ်တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ချန်ပီယံရှစ်ကလပ် လူတန် အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက လမ်းပတ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လက အသင်းမန်နေဂျာ ဆာရီရဲ့ နေရာမှာ သုံးနှစ်စာချုပ်နဲ့ ခေါ်ယူအစားထိုးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ “ လမ်းပတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ရတာ အရမ်းကို ခက်ခဲစေခဲ့ပါ တယ်။ အသင်းမန်နေဂျာအဖြစ်နဲ့ ကိုင်တွယ်ခဲ့တဲ့ လမ်းပတ်ကို အသင်းအနေနဲ့ ကျေးဇူးများစွာ တင်ရှိပါတယ်။ ဒါပေမဲ့လည်း အသင်းရဲ့ နောက်ပိုင်းရလဒ်ပိုင်းတွေက အသင်းဘက်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် အသင်းရဲ့ ရလဒ်ပိုင်းနဲ့ အသင်းရဲ့ ကစားပုံတိုးတက်မှုဖြစ်လာအောင် ပြောင်းလဲမှု တစ်ခုကို ပြုလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြရတာပါ ” ဆိုပြီး ပါရှိပါတယ်။

38

အသင်းပိုင်ရှင် အေဗရာမိုဗစ်က “ အသင်းအတွက်လည်း အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက် လမ်းကြောင်း တစ်ခုကို သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကွျန်တော်နဲ့ လမ်းပတ်က အထူးတလည်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့သူတွေ ဖြစ်သလို ကွျန်တော်ကလည်း သူ့အပေါ်ကို လေးစားမှုရှိနေသူပါ။ သူက ဂုဏ်သိက္ခာ ရှိရှိနဲ့ အလုပ်တွေကို အမြင့်ဆုံးလုပ်ဆောင်နေသူပါ။ ဒါပေမဲ့ လက်ရှိအနေအထားအရ အကောင်းဆုံးဖြစ်တဲ့ မန်နေဂျာတစ်ယောက်ကို ပြောင်းလဲရမယ်လို့ ယုံကြည်နေမိကြလို့ပါ ” လို့ ဆိုပါတယ်။

လမ်းပတ်လက်ထက် ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ကိုးပွဲမှာ နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ ငါးပွဲရှုံးထားပါတယ်။ လမ်းပတ်က အသင်းပိုင်ရှင် အေဗရာမိုဗစ် လက်ထက်မှာ အသင်းကနေ ထုတ်ပယ်လိုက်တဲ့ ၁၀ ယောက်မြောက် မန်နေဂျာ တစ်ဦးလည်း ဖြစ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လမ်းပတ်ရဲ့ နေရာမှာ အစားထိုးဖို့ တူချယ်လ်ကတော့ ရေပန်းစားသူ တစ်ဦး ဖြစ်နေပါတယ်။

Zawgyi

၁၈ လၾကာၿပီးေနာက္ မန္ေနဂ်ာ လမ္းပတ္ကို ခ်ဲလ္ဆီးအသင္း ထုတ္ပယ္

ခ်ဲလ္ဆီးအသင္းက မန္ေနဂ်ာ လမ္းပတ္ကို ၁၈ လ ၾကာၿပီးေနာက္ ရာထူးကေန ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ့ အဆင့္ကိုးေနရာမွာ ရပ္တည္ေနသလို ၿပီးခဲ့တဲ့ ပြဲစဥ္မွာ လက္စတာစီးတီးကို ရႈံးပြဲေတြ႕ခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ငါးပြဲမွာ တစ္ပြဲသာ အနိုင္ရခဲ့ပါတယ္။ ၎ရဲ့ ေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့ ပြဲစဥ္ျဖစ္တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္မွာ ခ်န္ပီယံရွစ္ကလပ္ လူတန္ အသင္းကို ၃-၁ နဲ႔ အနိုင္ရခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းက လမ္းပတ္ကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လက အသင္းမန္ေနဂ်ာ ဆာရီရဲ့ ေနရာမွာ သုံးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူအစားထိုးခဲ့တာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ့ ထုတ္ျပန္ခ်က္မွာ “ လမ္းပတ္ကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္ရတာ အရမ္းကို ခက္ခဲေစခဲ့ပါ တယ္။ အသင္းမန္ေနဂ်ာအျဖစ္နဲ႔ ကိုင္တြယ္ခဲ့တဲ့ လမ္းပတ္ကို အသင္းအေနနဲ႔ ေက်းဇူးမ်ားစြာ တင္ရွိပါတယ္။ ဒါေပမဲ့လည္း အသင္းရဲ့ ေနာက္ပိုင္းရလဒ္ပိုင္းေတြက အသင္းဘက္က ေမၽွာ္လင့္ထားသလို ျဖစ္မလာခဲ့ပါဘူး။ ဒါေၾကာင့္ အသင္းရဲ့ ရလဒ္ပိုင္းနဲ႔ အသင္းရဲ့ ကစားပုံတိုးတက္မႈျဖစ္လာေအာင္ ေျပာင္းလဲမႈ တစ္ခုကို ျပဳလုပ္ရမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ၾကရတာပါ ” ဆိုၿပီး ပါရွိပါတယ္။
အသင္းပိုင္ရွင္ ေအဗရာမိုဗစ္က “ အသင္းအတြက္လည္း အရမ္းကို ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ လမ္းေၾကာင္း တစ္ခုကို သြားခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကြ်န္ေတာ္နဲ႔ လမ္းပတ္က အထူးတလည္ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိခဲ့သူေတြ ျဖစ္သလို ကြ်န္ေတာ္ကလည္း သူ႔အေပၚကို ေလးစားမႈရွိေနသူပါ။ သူက ဂုဏ္သိကၡာ ရွိရွိနဲ႔ အလုပ္ေတြကို အျမင့္ဆုံးလုပ္ေဆာင္ေနသူပါ။ ဒါေပမဲ့ လက္ရွိအေနအထားအရ အေကာင္းဆုံးျဖစ္တဲ့ မန္ေနဂ်ာတစ္ေယာက္ကို ေျပာင္းလဲရမယ္လို႔ ယုံၾကည္ေနမိၾကလို႔ပါ ” လို႔ ဆိုပါတယ္။
လမ္းပတ္လက္ထက္ ခ်ဲလ္ဆီးအသင္းရဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး ကိုးပြဲမွာ ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ ငါးပြဲရႈံးထားပါတယ္။ လမ္းပတ္က အသင္းပိုင္ရွင္ ေအဗရာမိုဗစ္ လက္ထက္မွာ အသင္းကေန ထုတ္ပယ္လိုက္တဲ့ ၁၀ ေယာက္ေျမာက္ မန္ေနဂ်ာ တစ္ဦးလည္း ျဖစ္ေစခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လမ္းပတ္ရဲ့ ေနရာမွာ အစားထိုးဖို႔ တူခ်ယ္လ္ကေတာ့ ေရပန္းစားသူ တစ္ဦး ျဖစ္ေနပါတယ္။