ကမ္ဘာ့စျေးအကြီးဆုံး ခံစစ်ကစားသမား ပြောင်းရွှေ့ကြေးနဲ့ ချီဝဲလ်ကို ချဲလ်ဆီးအသင်း လက်စတာကနေ ခေါ်ယူဖို့ ရှိနေ

0
303

 

ချဲလ်ဆီးအသင်းအနေနဲ့ လက်စတာစီးတီးရဲ့ တောင်ပံခံစစ်ကစားသမား ချီဝဲလ်ကို ခေါ်ယူနေဖို့ ပြုလုပ်နေပြီး တကယ်လို့ ချဲလ်ဆီးက ခေါ်ယူဖြစ်ခဲ့ရင် ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ခံစစ်ကစားသမားတွေကြား အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ချဲလ်ဆီး မန်နေဂျာ လမ်းပတ်ကလည်း နောက်နှစ် ဘောလုံးရာသီမှာ ချီဝဲလ်ကို အသင်းမှာ ပေါင်းထည့် ကစားသွားလိုနေပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား ချီဝဲလ်က လက်စတာစီးတီးအသင်းမှာ အသက် ၁၂ နှစ်အရွယ် ကတည်းက စတင်ကစားခဲ့ပြီး လက်ရှိစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေပါတယ်။ အင်္ဂလန်မီဒီယာ တွေရဲ့ ဖော်ပြချက်အရ လက်စတာစီးတီးက သူတို့ရဲ့ ကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှ အသင်းကနေ ထွက်ခွာခွင့်ပြုမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ချီဝဲလ်ကလည်း ချဲလ်ဆီးအသင်းကို ရောက်ရှိသွားမယ်လို့ ယုံကြည်ထားသလို ၎င်းကိုယ်တိုင်ကလည်း အနာဂတ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဒရင့်ဝါတာက ချီဝဲလ်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံမှာ “ ဒီနှစ် နွေရာသီကို ကြီးမားစွာစောင့်ကြည့်ရမှာပဲ ” ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့သလို ၎င်းတင်ခဲ့တဲ့ ပို့စ်ကို ချဲလ်ဆီးအသင်းတရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ် ကိုလည်း မျှဝေခဲ့ပါတယ်။

လက်စတာစီးတီးက ယခုနှစ် နွေရာသီမှာ ချီဝဲလ်ကို အသင်းမှာ ဆက်လက်ထားဖို့ မျှော်မှန်းထားပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ကျဆုံးခဲ့ခြင်းက ထိုးနှက်ချက် တစ်ခုဖြစ်စေခဲ့ပါတယ်။ လက်စတာက ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးခဲ့တဲ့အတွက် နောက်ဆုံးပွဲမှာ စိတ်ပျက်စရာနဲ့ ရင်ဆိုင်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ အသင်းမန်နေဂျာ ရော်ဂျာကတော့ ချီဝဲလ်ကိုအသင်းမှာ ဆက်လက်ထားရှိမှာဖြစ်ပြီး ချီဝဲလ်က ရောင်းချရမဲ့ ကစားသမားတစ်ဦး မဟုတ်ဘူးလို့ ဆိုပါတယ်။

ရော်ဂျာက “ သူက ကွျန်တော်တို့ ဆုံးရှုံးလို့မဖြစ်တဲ့ ကစားသမားတစ်ဦးပါ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စိုးရိမ်မနေဘဲ ပေါ့ပေါ့ပါးပါးပဲ ရှိနေပါတယ်။ ကွျန်တော်တို့ဟာ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ကို ရရှိထားပြီး သူတို့အားလုံးကို အသင်းမှာ ဆက်လက်ထိန်းသွားမှာဖြစ်လို့ ကွျန်တော်တို့တွေ စိုးရိမ်မနေပါဘူး။ မင်းက ဘယ်လိုလမ်းကြောင်းနဲ့ ဖြစ်ဖြစ် သူ့ကို ရရှိနိုင်ပါတယ်။ ချီဝဲလ်ကို ရောင်းချဖို့အတွက် ကွျန်တော်တို့တွေမှာ ကြီးမားတဲ့ ဖိအားရှိမနေပါဘူး။ ကွျန်တော်တို့အတွက်လည်း ရောင်းချဖို့ မလိုအပ်တဲ ကစားသမားပါ။ မင်းက သူ့နဲ့ပတ်သက်ပြီး သိခွင့်ရှိတာလေးများပေးပါဆိုရင် သူက ရောင်းချရမဲ့ ကစားသမား မဟုတ်ဘူးဆိုတာပါပဲ ” လို့ ပြောပါတယ်။

Zawgyi

ကမၻာ့ေစ်းအႀကီးဆုံး ခံစစ္ကစားသမား ေျပာင္းေရႊ႕ေၾကးနဲ႔ ခ်ီဝဲလ္ကို ခ်ဲလ္ဆီးအသင္း လက္စတာကေန ေခၚယူဖို႔ ရွိေန

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္စတာစီးတီးရဲ့ ေတာင္ပံခံစစ္ကစားသမား ခ်ီဝဲလ္ကို ေခၚယူေနဖို႔ ျပဳလုပ္ေနၿပီး တကယ္လို႔ ခ်ဲလ္ဆီးက ေခၚယူျဖစ္ခဲ့ရင္ ခ်ီဝဲလ္ရဲ့ ေျပာင္းေရႊ႕ေၾကးဟာ ခံစစ္ကစားသမားေတြၾကား အျမင့္ဆုံးေျပာင္းေရႊ႕ေၾကးျဖစ္လာနိုင္ဖြယ္ ရွိေနပါတယ္။ ခ်ဲလ္ဆီး မန္ေနဂ်ာ လမ္းပတ္ကလည္း ေနာက္ႏွစ္ ေဘာလုံးရာသီမွာ ခ်ီဝဲလ္ကို အသင္းမွာ ေပါင္းထည့္ ကစားသြားလိုေနပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္နိုင္ငံသား ခ်ီဝဲလ္က လက္စတာစီးတီးအသင္းမွာ အသက္ ၁၂ ႏွစ္အရြယ္ ကတည္းက စတင္ကစားခဲ့ၿပီး လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္အထိ က်န္ရွိေနပါတယ္။ အဂၤလန္မီဒီယာ ေတြရဲ့ ေဖာ္ျပခ်က္အရ လက္စတာစီးတီးက သူတို႔ရဲ့ ကစားသမားကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးရမွ အသင္းကေန ထြက္ခြာခြင့္ျပဳမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ခ်ီဝဲလ္ကလည္း ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိသြားမယ္လို႔ ယုံၾကည္ထားသလို ၎ကိုယ္တိုင္ကလည္း အနာဂတ္မွာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ဖို႔ ရည္ရြယ္ထားပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ ကြင္းလယ္ကစားသမား ျဖစ္တဲ့ ဒရင့္ဝါတာက ခ်ီဝဲလ္နဲ႔အတူ ရိုက္ထားတဲ့ ဓာတ္ပုံမွာ “ ဒီႏွစ္ ေႏြရာသီကို ႀကီးမားစြာေစာင့္ၾကည့္ရမွာပဲ ” ဆိုၿပီး လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့သလို ၎တင္ခဲ့တဲ့ ပို႔စ္ကို ခ်ဲလ္ဆီးအသင္းတရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ ကိုလည္း မၽွေဝခဲ့ပါတယ္။
လက္စတာစီးတီးက ယခုႏွစ္ ေႏြရာသီမွာ ခ်ီဝဲလ္ကို အသင္းမွာ ဆက္လက္ထားဖို႔ ေမၽွာ္မွန္းထားေပမဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ က်ဆုံးခဲ့ျခင္းက ထိုးႏွက္ခ်က္ တစ္ခုျဖစ္ေစခဲ့ပါတယ္။ လက္စတာက ပရီးမီးယားလိဂ္ ေနာက္ဆုံးပြဲမွာ မန္ခ်က္စတာယူနိုက္တက္ကို ၂-၀ နဲ႔ ရႈံးခဲ့တဲ့အတြက္ ေနာက္ဆုံးပြဲမွာ စိတ္ပ်က္စရာနဲ႔ ရင္ဆိုင္ခဲ့ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုလည္း လက္လႊတ္ခဲ့ရပါတယ္။ အသင္းမန္ေနဂ်ာ ေရာ္ဂ်ာကေတာ့ ခ်ီဝဲလ္ကိုအသင္းမွာ ဆက္လက္ထားရွိမွာျဖစ္ၿပီး ခ်ီဝဲလ္က ေရာင္းခ်ရမဲ့ ကစားသမားတစ္ဦး မဟုတ္ဘူးလို႔ ဆိုပါတယ္။
ေရာ္ဂ်ာက “ သူက ကြ်န္ေတာ္တို႔ ဆုံးရႈံးလို႔မျဖစ္တဲ့ ကစားသမားတစ္ဦးပါ။ သူနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို စိုးရိမ္မေနဘဲ ေပါ့ေပါ့ပါးပါးပဲ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔ဟာ ေကာင္းမြန္တဲ့ ကစားသမား အစုအဖြဲ႕ကို ရရွိထားၿပီး သူတို႔အားလုံးကို အသင္းမွာ ဆက္လက္ထိန္းသြားမွာျဖစ္လို႔ ကြ်န္ေတာ္တို႔ေတြ စိုးရိမ္မေနပါဘူး။ မင္းက ဘယ္လိုလမ္းေၾကာင္းနဲ႔ ျဖစ္ျဖစ္ သူ႔ကို ရရွိနိုင္ပါတယ္။ ခ်ီဝဲလ္ကို ေရာင္းခ်ဖို႔အတြက္ ကြ်န္ေတာ္တို႔ေတြမွာ ႀကီးမားတဲ့ ဖိအားရွိမေနပါဘူး။ ကြ်န္ေတာ္တို႔အတြက္လည္း ေရာင္းခ်ဖို႔ မလိုအပ္တဲ ကစားသမားပါ။ မင္းက သူ႔နဲ႔ပတ္သက္ၿပီး သိခြင့္ရွိတာေလးမ်ားေပးပါဆိုရင္ သူက ေရာင္းခ်ရမဲ့ ကစားသမား မဟုတ္ဘူးဆိုတာပါပဲ ” လို႔ ေျပာပါတယ္။