ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချဲလ်ဆီးအသင်းရဲ့ ကြိုတင်ပြင်ဆင်မှုထိခိုက်နိုင်

0
289

ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ပြန့်ပွားနေမှုကြောင့် ချဲလ်ဆီးအသင်းရဲ့ လာမယ့်ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှုတွေ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ လန်ဒန်ကလပ်ရဲ့ ကစားသမားအများစုဟာ ကိုဗစ်-၁၉ ဆေးစစ်မှု positive ဖြစ်နေတာတွေကြောင့် ကွာရန်တင်းဝင်ရမယ့်သူတွေ ရှိနေတာကြောင့်လို့ သိရ ပါတယ်။

လတ်တလောမှာတော့ မေဆင်မောက်၊ အေဘရာဟမ်၊ ပူလီဆစ်နဲ့ တိုမိုရီတို့ရဲ့ ဂရိနိုင်ငံ မိုင်ကွန်နော့စ်ကျွန်းစုက အားလပ်ရက်အပန်းဖြေခရီးဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေ မတိုင်မီ အစိုးရရဲ့ ညွှန်ကြားမှုအတိုင်း သီးခြားခွဲနေထိုင်ခံရတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီကစားသမား ၄ ဦး ဟာ ချဲလ်ဆီးအသင်းရဲ့ ကော့ဟမ်းလေ့ကျင့်ရေးကွင်းကို အချိန်မီလာရောက်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါပေမဲ့ မေဆင်မောက်၊ အေဘရာဟမ်၊ ပူလီဆစ်နဲ့ တိုမိုရီတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလားဆိုတာ တော့ ကျိန်သေးမသိရသေးဘဲ The Sun သတင်းစာကတော့ သီးခြားခွဲနေထိုင်ရမယ့် ကစားသမားတွေရဲ့နာ မည်တွေကို ဖော်ပြပေးသွားတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်း ကစားသမားအားလုံးဟာ ရာသီကြိုလေ့ ကျင့်ရေးအစီအစဉ်တွေမတိုင်မီ ပြီးခဲ့တဲ့တစ်ပတ်အကုန်မှာ ကိုဗစ်-၁၉ အတွက် ဆေးစစ်မှုခံယူခဲ့ကြရတာဖြစ်ပါ တယ်။ ဒါပေမဲ့ ကွာရန်တင်းဝင်ရမယ့် ကစားသမားတွေရဲ့ စာရင်းထွက်ပေါ်လာပြီးနောက် အများစုဟာ ကော့ဟမ်းလေ့ကျင့်ရေးကွင်းကို အချိန်မီလာရောက်နိုင်ဖို့မရှိဘူးလို့ သိရပါတယ်။

(zawgyi)

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ႀကိဳတင္ျပင္ဆင္မႈထိခိုက္ႏုိင္

ကိုရိုနာဗုိင္းရပ္စ္ ဆက္လက္ျပန္႔ပြားေနမႈေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ လာမယ့္ရာသီသစ္အတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြ ထိခိုက္ႏုိင္တယ္လို႔ သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ လန္ဒန္ကလပ္ရဲ႕ ကစားသမားအမ်ားစုဟာ ကိုဗစ္-၁၉ ေဆးစစ္မႈ positive ျဖစ္ေနတာေတြေၾကာင့္ ကြာရန္တင္း၀င္ရမယ့္သူေတြ ရွိေနတာေၾကာင့္လို႔ သိရ ပါတယ္။

လတ္တေလာမွာေတာ့ ေမဆင္ေမာက္၊ ေအဘရာဟမ္၊ ပူလီဆစ္နဲ႔ တိုမိုရီတို႔ရဲ႕ ဂရိႏုိင္ငံ မိုင္ကြန္ေနာ့စ္ကၽြန္းစုက အားလပ္ရက္အပန္းေျဖခရီးဓာတ္ပုံေတြ ထြက္ေပၚလာၿပီးေနာက္ ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္ေတြ မတိုင္မီ အစိုးရရဲ႕ ညႊန္ၾကားမႈအတိုင္း သီးျခားခြဲေနထိုင္ခံရေတာ့မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အဲဒီကစားသမား ၄ ဦး ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဟမ္းေလ့က်င့္ေရးကြင္းကို အခ်ိန္မီလာေရာက္ႏုိင္မွာမဟုတ္ေတာ့ပါဘူး။

ဒါေပမဲ့ ေမဆင္ေမာက္၊ ေအဘရာဟမ္၊ ပူလီဆစ္နဲ႔ တိုမိုရီတို႔မွာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသလားဆိုတာ ေတာ့ က်ိန္ေသးမသိရေသးဘဲ The Sun သတင္းစာကေတာ့ သီးျခားခြဲေနထိုင္ရမယ့္ ကစားသမားေတြရဲ႕နာ မည္ေတြကို ေဖာ္ျပေပးသြားတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္း ကစားသမားအားလုံးဟာ ရာသီႀကိဳေလ့ က်င့္ေရးအစီအစဥ္ေတြမတိုင္မီ ၿပီးခဲ့တဲ့တစ္ပတ္အကုန္မွာ ကိုဗစ္-၁၉ အတြက္ ေဆးစစ္မႈခံယူခဲ့ၾကရတာျဖစ္ပါ တယ္။ ဒါေပမဲ့ ကြာရန္တင္း၀င္ရမယ့္ ကစားသမားေတြရဲ႕ စာရင္းထြက္ေပၚလာၿပီးေနာက္ အမ်ားစုဟာ ေကာ့ဟမ္းေလ့က်င့္ေရးကြင္းကို အခ်ိန္မီလာေရာက္ႏုိင္ဖို႔မရွိဘူးလို႔ သိရပါတယ္။