ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် ပြုလုပ်နေတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ကြောင်း ကိုးမန်း ပြော

0
347

 

ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို အငှားချထားပြီး အသင်းကို ပြန်လည်ရောက်ရှိနေတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် ပြုလုပ်နေတဲ့ အစီအမံတွေထဲမှာ ပါဝင်သူတစ်ယောက် ဖြစ်ကြောင်း အသင်းမန်နေဂျာအသစ်ဖြစ်တဲ့ ကိုးမန်းက ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ကာလရှည်အငှားကစားအဖြစ် ကစားခဲ့ရတဲ့ ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ် က အပြီးသတ်ခေါ်ယူဖို့ အစီအစဉ် မရှိပေမဲ့ ၎င်းကို ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြ ပါတယ်။ ဒါပေမဲ့ ဆက်တီယမ်ကို ထုတ်ပယ်ပြီး အစားထိုးခန့်အပ်လိုက်ထားတဲ့ ကိုးမန်းကတော့ နောက်နှစ်ဘောလုံးရာသီအတွက် ပြုလုပ်နေတဲ့ အစီအမံတွေမှာ ကော်တင်ဟိုအတွက် ပြုလုပ်နေတာ ရှိတယ်လို့ ဆိုပါတယ်။

ကိုးမန်းက ကော်တင်ဟိုက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ပြောကြားခဲ့သလို ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီမှာလည်း ကော်တင်ဟိုအနေနဲ့ ၎င်းရဲ့ လက်အောက် ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာ ရဖို့ကအရေးကြီးတယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရာဇီး ကစားသမား ကော်တင်ဟိုက ဘာစီလိုနာနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကော်တင်ဟိုက ပြိုင်ပွဲတွေ ရပ်ဆိုင်းထားလို့ မိသားစုတွေရှိတဲ့ ဘရာဇီးနိုင်ငံကို ခဏသွားရောက်ပြီးရင် ပထမဆုံးအနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လာမှာ ဖြစ်ပြီး ကိုးမန်းနဲ့ လာမဲ့ ဘောလုံးရာသီအတွက် အစီအစဉ်တွေ ရေးဆွဲရမှာဖြစ်ပါတယ်။

ကော်တင်ဟိုကို စပါးလ်အသင်းနဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမဲ့ ကိုးမန်း ကတော့ ပုံမှန်ပွဲကစားခွင့်တွေပေးပြီး အသင်းမှာ ဆက်လက်နေထိုင်နိုင်ဖို့ ပြုလုပ်သွားမှာဖြစ်တယ်လိုပ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

Zawgyi

ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းအတြက္ ျပဳလုပ္ေနတဲ့ အစီအစဥ္ေတြထဲမွာ ပါဝင္ေၾကာင္း ကိုးမန္း ေျပာ

ဘာစီလိုနာအသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားခ်ထားၿပီး အသင္းကို ျပန္လည္ေရာက္ရွိေနတဲ့ ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းအတြက္ ျပဳလုပ္ေနတဲ့ အစီအမံေတြထဲမွာ ပါဝင္သူတစ္ေယာက္ ျဖစ္ေၾကာင္း အသင္းမန္ေနဂ်ာအသစ္ျဖစ္တဲ့ ကိုးမန္းက ေျပာၾကားလိုက္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကာလရွည္အငွားကစားအျဖစ္ ကစားခဲ့ရတဲ့ ေကာ္တင္ဟိုကို ဘိုင္ယန္ျမဴးနစ္ က အၿပီးသတ္ေခၚယူဖို႔ အစီအစဥ္ မရွိေပမဲ့ ၎ကို ပရီးမီးယားလိဂ္အသင္းေတြက ေခၚယူနိုင္ဖို႔ စိတ္ဝင္စားေနၾက ပါတယ္။ ဒါေပမဲ့ ဆက္တီယမ္ကို ထုတ္ပယ္ၿပီး အစားထိုးခန႔္အပ္လိုက္ထားတဲ့ ကိုးမန္းကေတာ့ ေနာက္ႏွစ္ေဘာလုံးရာသီအတြက္ ျပဳလုပ္ေနတဲ့ အစီအမံေတြမွာ ေကာ္တင္ဟိုအတြက္ ျပဳလုပ္ေနတာ ရွိတယ္လို႔ ဆိုပါတယ္။
ကိုးမန္းက ေကာ္တင္ဟိုက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ရယူနိုင္ခဲ့လို႔ ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့သလို ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီမွာလည္း ေကာ္တင္ဟိုအေနနဲ႔ ၎ရဲ့ လက္ေအာက္ ဘာစီလိုနာအသင္းမွာ ပုံမွန္ေနရာ ရဖို႔ကအေရးႀကီးတယ္လို႔ ဆိုပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ဘရာဇီး ကစားသမား ေကာ္တင္ဟိုက ဘာစီလိုနာနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေကာ္တင္ဟိုက ၿပိဳင္ပြဲေတြ ရပ္ဆိုင္းထားလို႔ မိသားစုေတြရွိတဲ့ ဘရာဇီးနိုင္ငံကို ခဏသြားေရာက္ၿပီးရင္ ပထမဆုံးအေနနဲ႔ ဘာစီလိုနာအသင္းကို ျပန္လာမွာ ျဖစ္ၿပီး ကိုးမန္းနဲ႔ လာမဲ့ ေဘာလုံးရာသီအတြက္ အစီအစဥ္ေတြ ေရးဆြဲရမွာျဖစ္ပါတယ္။
ေကာ္တင္ဟိုကို စပါးလ္အသင္းနဲ႔ အာဆင္နယ္အသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားေနၾကေပမဲ့ ကိုးမန္း ကေတာ့ ပုံမွန္ပြဲကစားခြင့္ေတြေပးၿပီး အသင္းမွာ ဆက္လက္ေနထိုင္နိုင္ဖို႔ ျပဳလုပ္သြားမွာျဖစ္တယ္လိုပ စပိန္မီဒီယာေတြက ေဖာ္ျပထားပါတယ္။