“ ကွျန်တော်မှာ မန်စီးတီးအသင်းကို တစ်ကြိမ်ထက်မက အနိုင်ရယူခဲ့ခြင်းတွေ ရှိနေတယ် ” လိုင်ယွန် တိုက်စစ်မှူး ကော်နက်

0
308

 

လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး ကော်နက်က မန်စီးတီးအသင်းကို ကွာတားဖိုင်နယ်မှာ အနိုင်ရရှိခဲ့လို့ ၎င်းရဲ့ ဝမ်းသာကြည်နှုးမှုတွေကို မဖုံးကွယ်နိုင်ဘဲ မန်စီးတီးကို တစ်ကြိမ်ထက်မက အနိုင်ရယူခဲ့တာတွေ ရှိတယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ လိုင်ယွန်အသင်းက ကော်နက်ရဲ့ အဖွင့်ဂိုးအပါအဝင် ၁-၃ နဲ့အနိုင်ရခဲ့ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ကို ရပ်တန့်လိုက်ပါတယ်။ ကော်နက်က မန်စီးတီး အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလက တွေ့ခဲ့စဉ်ကလည်း ဂိုးသွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပြီး အဆိုပါပွဲမှာလည်း အနိုင်ရခဲ့ပါတယ်။

ကော်နက်က “ ဒီပြိုင်ပွဲဟာ ထူးခြားတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တယ်။ မန်စီးတီးနဲ့ တွေ့ဆုံချိန်မှာ ကွျန်တော့်မှာ အောင်မြင်မှုတွေ ရရှိခဲ့တာ တစ်ကြိမ်ထက်မကတော့ပါဘူး။ ကွျန်တော်တို့မှာရှိတဲ့ အသင်းရဲ့ လမ်းစဉ်အတိုင်း ကစားခဲ့ကြပြီး ကွျန်တော်မှာ ကြည်နူးဝမ်းသာစရာတေွ ဖြစ်ရတယ်။ ကမ္ဘာ့မှာ အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်တွေ့ဆုံခွင့်ရတာ ကံကောင်းပါတယ်။ ဒီနေရာမှာ ကွျန်တော်တို့ မတော်တဆ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ကွျန်တော်တို့ လုပ်စရာရှိတာကို ကွျန်တော်တို့ ကြိုးစားလုပ်ခဲ့ကြသလို ကွျန်တော့်တို့မှာ ရှိတဲ့အရာတွေကို ဘယ်တော့မှာ ချမပစ်ခဲ့ကြဘူး ” လို့ ပြောပါတယ်။

ပြင်သစ်လီဂူး-၁ အသင်းဖြစ်တဲ့ လိုင်ယွန်က မန်စီးတီးကို အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်မှာ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က နာမည်ကြီး ဘာစီလိုနာကို ၈-၂ အနိုင်ရယူထားနိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

ဆက်လက်ပြီး ၎င်းက “ ကွျန်တော်တို့တွေက တိုက်စစ်အားကောင်းတဲ့ အသင်းတစ်သင်းလို့ သိထားကြပါတယ်။ ဘာကာနဲ့ ကစားခဲ့တာကိုလည်း မြင်တွေ့ခဲ့ကြရတယ်။ ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကွျန်တော့်မှာ ရှိနေတဲ့အရာတွေကလည်း ထွက်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ ကွျန်တော်တို့တွေက အောင်မြင်မှု မရှိသင့်ဘူးဆိုပြီး အကြောင်းပြချက်မရှိပါဘူး ” လို့ ပြောပါတယ်။

Zawgyi

“ ကြ်န္ေတာ္မွာ မန္စီးတီးအသင္းကို တစ္ႀကိမ္ထက္မက အနိုင္ရယူခဲ့ျခင္းေတြ ရွိေနတယ္ ” လိုင္ယြန္ တိုက္စစ္မႉး ေကာ္နက္

လိုင္ယြန္အသင္းရဲ့ တိုက္စစ္မႉး ေကာ္နက္က မန္စီးတီးအသင္းကို ကြာတားဖိုင္နယ္မွာ အနိုင္ရရွိခဲ့လို႔ ၎ရဲ့ ဝမ္းသာၾကည္ႏႈးမႈေတြကို မဖုံးကြယ္နိုင္ဘဲ မန္စီးတီးကို တစ္ႀကိမ္ထက္မက အနိုင္ရယူခဲ့တာေတြ ရွိတယ္ဆိုၿပီး ေျပာၾကားလိုက္ပါတယ္။ လိုင္ယြန္အသင္းက ေကာ္နက္ရဲ့ အဖြင့္ဂိုးအပါအဝင္ ၁-၃ နဲ႔အနိုင္ရခဲ့ၿပီး ဂြါဒီယိုလာရဲ့ မန္စီးတီးအသင္းကို ဆီမီးဖိုင္နယ္တက္ေရာက္ခြင့္ကို ရပ္တန႔္လိုက္ပါတယ္။ ေကာ္နက္က မန္စီးတီး အသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုပြဲအျဖစ္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလက ေတြ႕ခဲ့စဥ္ကလည္း ဂိုးသြင္းယူေပးနိုင္ခဲ့သူ ျဖစ္ၿပီး အဆိုပါပြဲမွာလည္း အနိုင္ရခဲ့ပါတယ္။
ေကာ္နက္က “ ဒီၿပိဳင္ပြဲဟာ ထူးျခားတဲ့ ပြဲစဥ္တစ္ပြဲျဖစ္တယ္။ မန္စီးတီးနဲ႔ ေတြ႕ဆုံခ်ိန္မွာ ကြ်န္ေတာ့္မွာ ေအာင္ျမင္မႈေတြ ရရွိခဲ့တာ တစ္ႀကိမ္ထက္မကေတာ့ပါဘူး။ ကြ်န္ေတာ္တို႔မွာရွိတဲ့ အသင္းရဲ့ လမ္းစဥ္အတိုင္း ကစားခဲ့ၾကၿပီး ကြ်န္ေတာ္မွာ ၾကည္ႏူးဝမ္းသာစရာေတြ ျဖစ္ရတယ္။ ကမၻာ့မွာ အေကာင္းဆုံးကစားသမားေတြနဲ႔ ရင္ဆိုင္ေတြ႕ဆုံခြင့္ရတာ ကံေကာင္းပါတယ္။ ဒီေနရာမွာ ကြ်န္ေတာ္တို႔ မေတာ္တဆ အနိုင္ရခဲ့တာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ လုပ္စရာရွိတာကို ကြ်န္ေတာ္တို႔ ႀကိဳးစားလုပ္ခဲ့ၾကသလို ကြ်န္ေတာ့္တို႔မွာ ရွိတဲ့အရာေတြကို ဘယ္ေတာ့မွာ ခ်မပစ္ခဲ့ၾကဘူး ” လို႔ ေျပာပါတယ္။
ျပင္သစ္လီဂူး-၁ အသင္းျဖစ္တဲ့ လိုင္ယြန္က မန္စီးတီးကို အနိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္မွာ ဘြန္ဒက္စ္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ေတြ႕ဆုံရမွာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က နာမည္ႀကီး ဘာစီလိုနာကို ၈-၂ အနိုင္ရယူထားနိုင္တဲ့ အသင္းတစ္သင္း ျဖစ္ေနပါတယ္။
ဆက္လက္ၿပီး ၎က “ ကြ်န္ေတာ္တို႔ေတြက တိုက္စစ္အားေကာင္းတဲ့ အသင္းတစ္သင္းလို႔ သိထားၾကပါတယ္။ ဘာကာနဲ႔ ကစားခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ၾကရတယ္။ ဒါက ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။ ကြ်န္ေတာ့္မွာ ရွိေနတဲ့အရာေတြကလည္း ထြက္ေပၚလာပါလိမ့္မယ္။ ဒီေနရာမွာ ကြ်န္ေတာ္တို႔ေတြက ေအာင္ျမင္မႈ မရွိသင့္ဘူးဆိုၿပီး အေၾကာင္းျပခ်က္မရွိပါဘူး ” လို႔ ေျပာပါတယ္။