ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆိုတာ ဒုတိယအကြိမ်ထပ်ကစားဖို့ အခွင့်အရေးမရှိလို့ အကောင်းဆုံး ကစားသွားဖို့ ဂွါဒီယိုလာ တိုက်တွန်းပြောကြား

0
234

 

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ကစားဖို့ ရှိနေပြီး ကွာတားဖိုင်နယ်ပွဲဆိုတာ ဒုတိယအကြိမ်ထပ်မံ ကစားသွားဖို့ အခွင့်အရေးမရှိလို့ အကောင်းဆုံး ကစားသွားကြဖို့ အသင်းမန်နေဂျာ ဂွါဒီယိုလာက သူ့အသင်းသားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယခုအခွင့်အရေးဟာ တစ်သင်းလုံးအတွက် ဘ၀တစ်သက်တာ အောင်မြင်မှုတစ်ခုအတွက် အခွင့်အရေးလည်း ဖြစ်တယ်လို့ ၎င်းက ဆိုပါ တယ်။

ဂွါဒီယိုလာက “ ဒီအရာဟာ ကွျန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် ရှင်သန်မှု၊ ကွျန်တော်တို့တွေရဲ့ ကစားသမားဘ၀မှာ အရေးကြီးတဲ့အရွေ့လည်း ဖြစ်တယ်။ ဒါက ဘ၀တစ်သက်တာအတွက် တစ်ကြိမ်တစ်ခါအခွင့် အရေးအတွက် အတူအကွထူးခြားတဲ့ အရာတစ်ခုကို ရယူခြင်းလို့လည်း ကွျန်တော်ထင်ပါတယ်။ အခုချိန်မှာ ကွျန်တော်တို့တွေမှာ ရှိတာကို ပြသရမှာပါ။ ကွျန်တော်တို့ရဲ့ အသင်းသားတွေက အရာတိုင်းမှာ သူတို့တွေရဲ့ စိတ်ခံစားမှု၊ သူတို့ရဲ့ ဝိဉာည်တွေနဲ့ ပြုလုပ်သွားကြမှာကို ကွျန်တော် မြင်တွေ့လိုပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ ကလည်း ပွဲပြီးရင် ဘယ်အရာနဲ့ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာ ညွှန်ပြပါတယ်။ သူတို့တွေကလည်း ကွျန်တော်တို့ကို တွန်းအားပေးနိုင်ပါတယ်။ ဒီနေရာမှာက အမြဲတမ်း ဖိအားတေွရှိနေတယ်။ အရာတိုင်းဟာ ပွဲတစ်ပွဲအတွင်းမှာ ဖြစ်ပျက်သွားနိုင်တယ်။ ပြိုင်ပွဲအတွင်းမှာ ဘယ်အရာကမှ မျက်နှာသာပေးမှာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။

79

မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ်မှာ နှစ်ကြိမ်တွေ့ဆုံထားပြီး နိုင်ပွဲရရှိခြင်း မရှိခဲ့ဘဲ တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။

မန်စီးတီးကစားသမား လာပေါ်တီက “ ကွျန်တော်တို့တွေ ပြိုင်ပွဲအပေါ်မှာ အာရုံစိုက်ပြီး အမှားတွေမဖြစ် အောင် တားဆီးသွားမယ်လို့ တွေးထားပါတယ်။ လိုင်ယွန်အသင်းမှာလည်း အရမ်းကို အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ကွျန်တော်တို့အသင်းမှာလည်း ကစားသမားကောင်းတွေ ရှိနေလို့ ဒီပြိုင်ပွဲကို အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကွျန်တော်တို့ ပွဲချိန်ပြီးဆုံးချိန်အထိ ရင်ဆိုင်ကစားသွားဖို့ ပြင်ဆင်ထားပါတယ် ” လို့ ပြောပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဆိုတာ ဒုတိယအႀကိမ္ထပ္ကစားဖို႔ အခြင့္အေရးမရွိလို႔ အေကာင္းဆုံး ကစားသြားဖို႔ ဂြါဒီယိုလာ တိုက္တြန္းေျပာၾကား

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲအျဖစ္ လိုင္ယြန္အသင္းနဲ႔ ကစားဖို႔ ရွိေနၿပီး ကြာတားဖိုင္နယ္ပြဲဆိုတာ ဒုတိယအႀကိမ္ထပ္မံ ကစားသြားဖို႔ အခြင့္အေရးမရွိလို႔ အေကာင္းဆုံး ကစားသြားၾကဖို႔ အသင္းမန္ေနဂ်ာ ဂြါဒီယိုလာက သူ႔အသင္းသားေတြကို တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ ယခုအခြင့္အေရးဟာ တစ္သင္းလုံးအတြက္ ဘ၀တစ္သက္တာ ေအာင္ျမင္မႈတစ္ခုအတြက္ အခြင့္အေရးလည္း ျဖစ္တယ္လို႔ ၎က ဆိုပါ တယ္။
ဂြါဒီယိုလာက “ ဒီအရာဟာ ကြ်န္ေတာ္တို႔ရဲ့ ပေရာ္ဖက္ရွင္နယ္ ရွင္သန္မႈ၊ ကြ်န္ေတာ္တို႔ေတြရဲ့ ကစားသမားဘ၀မွာ အေရးႀကီးတဲ့အေရြ႕လည္း ျဖစ္တယ္။ ဒါက ဘ၀တစ္သက္တာအတြက္ တစ္ႀကိမ္တစ္ခါအခြင့္ အေရးအတြက္ အတူအကြထူးျခားတဲ့ အရာတစ္ခုကို ရယူျခင္းလို႔လည္း ကြ်န္ေတာ္ထင္ပါတယ္။ အခုခ်ိန္မွာ ကြ်န္ေတာ္တို႔ေတြမွာ ရွိတာကို ျပသရမွာပါ။ ကြ်န္ေတာ္တို႔ရဲ့ အသင္းသားေတြက အရာတိုင္းမွာ သူတို႔ေတြရဲ့ စိတ္ခံစားမႈ၊ သူတို႔ရဲ့ ဝိဉာည္ေတြနဲ႔ ျပဳလုပ္သြားၾကမွာကို ကြ်န္ေတာ္ ျမင္ေတြ႕လိုပါတယ္။ ဒါေပမဲ့ ေဘာလုံးဆိုတာ ကလည္း ပြဲၿပီးရင္ ဘယ္အရာနဲ႔ ထိုက္တန္တယ္ မထိုက္တန္ဘူးဆိုတာ ညႊန္ျပပါတယ္။ သူတို႔ေတြကလည္း ကြ်န္ေတာ္တို႔ကို တြန္းအားေပးနိုင္ပါတယ္။ ဒီေနရာမွာက အျမဲတမ္း ဖိအားေတြရွိေနတယ္။ အရာတိုင္းဟာ ပြဲတစ္ပြဲအတြင္းမွာ ျဖစ္ပ်က္သြားနိုင္တယ္။ ၿပိဳင္ပြဲအတြင္းမွာ ဘယ္အရာကမွ မ်က္ႏွာသာေပးမွာ မဟုတ္ပါဘူး ” လို႔ ေျပာပါတယ္။
မန္စီးတီးအသင္းဟာ လိုင္ယြန္အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ႏွစ္ႀကိမ္ေတြ႕ဆုံထားၿပီး နိုင္ပြဲရရွိျခင္း မရွိခဲ့ဘဲ တစ္ပြဲသေရ တစ္ပြဲရႈံးထားပါတယ္။
မန္စီးတီးကစားသမား လာေပၚတီက “ ကြ်န္ေတာ္တို႔ေတြ ၿပိဳင္ပြဲအေပၚမွာ အာ႐ုံစိုက္ၿပီး အမွားေတြမျဖစ္ ေအာင္ တားဆီးသြားမယ္လို႔ ေတြးထားပါတယ္။ လိုင္ယြန္အသင္းမွာလည္း အရမ္းကို အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔အသင္းမွာလည္း ကစားသမားေကာင္းေတြ ရွိေနလို႔ ဒီၿပိဳင္ပြဲကို အနိုင္ရမယ္လို႔ ေမၽွာ္လင့္ထားပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ပြဲခ်ိန္ၿပီးဆုံးခ်ိန္အထိ ရင္ဆိုင္ကစားသြားဖို႔ ျပင္ဆင္ထားပါတယ္ ” လို႔ ေျပာပါတယ္။