ချန်ပီယံလိဂ်ပွဲအတွက်ပဲ အာရုံစိုက်ထားတဲ့ ကော်တင်ဟို

0
475

ဘိုင်ယန်မြူးနစ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေပေမဲ့ ချန်ပီယံလိဂ်ပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါ တယ်။ ကော်တင်ဟိုရဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် နောက်ဆုံးကစားပေးတဲ့ပွဲစဉ်ဟာ ပီအက်စ်ဂျီနဲ့ ကစားခဲ့ တဲ့ပွဲဖြစ်နိုင်ပြီး ဘာစီလိုနာအသင်းကိုပြန်ဖို့ ဆုံးဖြတ်ချက်ချရဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဘာစီလိုနာအသင်းကနေ အာဆင်နယ်အသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ်မှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး လတ်တလောမှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော့်ရဲ့ လက်ရှိစိတ်က ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ဒါက ကျွန်တော်တို့အတွက် ပြန်မရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်တဲ့အတွက် ကျွန်တော် အရမ်းပဲ ဝမ်းသာပါ တယ်။ ကျွန်တော့်အနာဂတ်အတွက် အခုချိန်မှာ မစဉ်းစားသေးပါဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်လုပွဲအတွက်ပဲ ခေါင်းထဲထည့်ထားလို့ပါ” လို့ ကော်တင်ဟိုက ဖွင့်ဟခဲ့ပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၉-၂၀ ရာသီမှာ ဘိုင်ယန် မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်လုပ်ပေးနိုင်ခဲ့ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ပြဲအတြက္ပဲ အာရုံစိုက္ထားတဲ့ ေကာ္တင္ဟို

ဘိုင္ယန္ျမဴးနစ္ကြင္းလယ္တုိက္စစ္ကစားသမား ေကာ္တင္ဟိုဟာ အနာဂတ္နဲ႔ပတ္သက္တဲ့ သတင္းေတြ အဆက္မျပတ္ထြက္ေပၚေနေပမဲ့ ခ်န္ပီယံလိဂ္ပြဲအတြက္ပဲ အာရုံစိုက္ထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါ တယ္။ ေကာ္တင္ဟိုရဲ႕ ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ ေနာက္ဆုံးကစားေပးတဲ့ပြဲစဥ္ဟာ ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့ တဲ့ပြဲျဖစ္ႏုိင္ၿပီး ဘာစီလိုနာအသင္းကိုျပန္ဖု႔ိ ဆုံးျဖတ္ခ်က္ခ်ရဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ဒီဘရာဇီးလက္ေရြးစင္ကစားသမားဟာ ဘာစီလိုနာအသင္းကေန အာဆင္နယ္အသင္းကို အၿပီးသတ္ ေျပာင္းေရႊ႕ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပပါတယ္။ ေကာ္တင္ဟိုဟာ ၂၀၁၈ ခုႏွစ္မွာ လီဗာပူးအသင္းကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လတ္တေလာမွာ ခ်န္ပီယံ လိဂ္ဗိုလ္လုပြဲအတြက္ပဲ အာရုံစိုက္ထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“ ကၽြန္ေတာ့္ရဲ႕ လက္ရွိစိတ္က ၿပိဳင္ပြဲအေပၚမွာပဲ အာရုံစိုက္ထားပါတယ္။ ဒါက ကၽြန္ေတာ္တုိ႔အတြက္ ျပန္မရႏုိင္တဲ့ အခြင့္အေရးတစ္ခုပါ။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ႏုိင္တဲ့အတြက္ ကၽြန္ေတာ္ အရမ္းပဲ ၀မ္းသာပါ တယ္။ ကၽြန္ေတာ့္အနာဂတ္အတြက္ အခုခ်ိန္မွာ မစဥ္းစားေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ဗိုလ္လုပြဲအတြက္ပဲ ေခါင္းထဲထည့္ထားလို႔ပါ” လို႔ ေကာ္တင္ဟိုက ဖြင့္ဟခဲ့ပါတယ္။ ေကာ္တင္ဟိုဟာ ၂၀၁၉-၂၀ ရာသီမွာ ဘုိင္ယန္ ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၇ ပြဲမွာ ၁၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၉ ႀကိမ္လုပ္ေပးႏုိင္ခဲ့ပါတယ္။