ချဲလ်ဆီးကွင်းလယ်ကစားသမား ဝီလ်ယမ်ကို အာဆင်နယ်ခေါ်ယူနိုင်ဖို့ နီးစပ်နေ

0
334

 

ချဲလ်ဆီးအသင်းနဲ့ ကွင်းလယ်ကစားသမား ဝီလ်ယမ်ကို အာဆင်နယ်အသင်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဝီလ်ယမ်ဟာ လာမဲ့ တနင်္ဂနွေနေ့မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်းဆုံးမှာဖြစ်ပြီ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှု ရယူထား တာမရှိပေမဲ့ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ကို ခံစစ်ကစားသမား ဒေးဗစ် လုဗ်ရောက်ရှိလာသလို ဖြစ်လာနိုင် ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းက ဝီလ်ယမ်ကို စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဝီလ်ယမ်က သုံးနှစ် သက်တမ်းတိုးမှ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုပြီး ပြောဆိုထားတာကို အာဆင်နယ်အနေနဲ့လည်း သုံးနှစ်စာချုပ်နဲ့ ခေါ်ယူမှ ဖြစ်မယ်ဆိုတာကို နားလည်သဘောပေါက်ပြီး ဖြစ်နေပါတယ်။

ဝီလ်ယမ်ဟာ အာဆင်နယ်အသင်းကို ရှုံးခဲ့တဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာ ပါဝင်ခွင့်မရခဲ့သလို စနေနေ့မှာ ကစားရမဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ပထမအကျော့ပွဲမှာ ဘိုင်ယန်မြူးနစ် ကို ၃-၀ နဲ့ ရှုံးထားပါတယ်။

ဝီလ်ယမ်ဟာ ချဲလ်ဆီအသင်းကို ရုရှားကလပ် မက်ဟာချီကာလာအသင်းကနေ ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ နဲ့ ၂၀၁၃ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ချဲလ်ဆီးအတွက် ၃၃၉ ပွဲ ကစားခဲ့သလို စတမ်းဖို့ဘရစ်ချ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အတူ ၎င်းက ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်ရယူထားပြီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနှစ်ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

Zawgyi

ခ်ဲလ္ဆီးကြင္းလယ္ကစားသမား ဝီလ္ယမ္ကို အာဆင္နယ္ေခၚယူနိုင္ဖို႔ နီးစပ္ေန

ခ်ဲလ္ဆီးအသင္းနဲ႔ ကြင္းလယ္ကစားသမား ဝီလ္ယမ္ကို အာဆင္နယ္အသင္း ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူနိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ ဘရာဇီးနိုင္ငံသား ဝီလ္ယမ္ဟာ လာမဲ့ တနဂၤေႏြေန႔မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္းဆုံးမွာျဖစ္ၿပီ အာဆင္နယ္အသင္းနဲ႔ သေဘာတူညီမႈ ရယူထား တာမရွိေပမဲ့ ခ်ဲလ္ဆီးအသင္းကေန အာဆင္နယ္ကို ခံစစ္ကစားသမား ေဒးဗစ္ လုဗ္ေရာက္ရွိလာသလို ျဖစ္လာနိုင္ ဖြယ္ရွိေနပါတယ္။
ခ်ဲလ္ဆီးအသင္းက ဝီလ္ယမ္ကို စာခ်ဳပ္သက္တမ္းတိုးျမႇင့္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ဝီလ္ယမ္က သုံးႏွစ္ သက္တမ္းတိုးမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္ဆိုၿပီး ေျပာဆိုထားတာကို အာဆင္နယ္အေနနဲ႔လည္း သုံးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူမွ ျဖစ္မယ္ဆိုတာကို နားလည္သေဘာေပါက္ၿပီး ျဖစ္ေနပါတယ္။
ဝီလ္ယမ္ဟာ အာဆင္နယ္အသင္းကို ရႈံးခဲ့တဲ့ အက္ဖ္ေအဖလား ဖိုင္နယ္ပြဲမွာ ပါဝင္ခြင့္မရခဲ့သလို စေနေန႔မွာ ကစားရမဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပါဝင္လာနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ပထမအေက်ာ့ပြဲမွာ ဘိုင္ယန္ျမဴးနစ္ ကို ၃-၀ နဲ႔ ရႈံးထားပါတယ္။
ဝီလ္ယမ္ဟာ ခ်ဲလ္ဆီအသင္းကို ႐ုရွားကလပ္ မက္ဟာခ်ီကာလာအသင္းကေန ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၃၀ နဲ႔ ၂၀၁၃ ခုႏွစ္က စတင္ေရာက္ရွိခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ ၃၃၉ ပြဲ ကစားခဲ့သလို စတမ္းဖို႔ဘရစ္ခ်္ရဲ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ အတူ ၎က ပရီးမီးယားလိဂ္ဖလား ႏွစ္ႀကိမ္၊ ယူရိုပါလိဂ္ဖလား တစ္ႀကိမ္ရယူထားၿပီး တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုႏွစ္ႀကိမ္ ရရွိထားသူ ျဖစ္ပါတယ္။