ဂါရတ်ဘေးလ်ကို ခေါ်ယူလိုနေတဲ့ မော်ရင်ဟို

0
488

စပါးနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရှိရပါတယ်။ ဂါရတ်ဘေးလ်ဟာ စပါးအသင်းမှာ ၂၀ဝ၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ရီးရဲလ်မက်ဒ ရစ်အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနဲ့ အဆင်မပြေဖြစ်ပြီးနောက် ပွဲထွက်ခွင့်နည်းပါးခဲ့ သူဖြစ်ပြီး မော်ရင်ဟိုကတော့ ဒီကစားသမားကို ကာလရှည်ပစ်မှတ်ထားနေခဲ့ပြီး ဒီနွေဈေးကွက်မှာ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ ဆက်နေမလား စပါးအသင်းကို ပြန်သွားမလား ရွေးချယ်စရာ ၂ ခုရှိနေတယ်လို့ သိရပါတယ်။

စပါးနည်းပြ မော်ရင်ဟိုကတော့ ဂါရတ်ဘေးလ်ရဲ့ ရီးရဲလ်မက်ဒရစ်ညဆိုးတွေကို အဆုံးသတ်ပေးဖို့ ဆန္ဒရှိနေပြီး အမိအရ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မန်ယူနိုက်တက်နည်းပြဘဝကတည်းက ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသူဖြစ်သလို ဘေးလ်ဟာလည်း လက်ရှိ မက်ဒရစ်အသင်းမှာ အဆင် မပြေဖြစ်နေတာကြောင့် အဲဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆရကြောင်း သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

(zawgyi)

ဂါရတ္ေဘးလ္ကို ေခၚယူလိုေနတဲ့ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အဆင္မေျပျဖစ္ေနတဲ့ ေ၀းလ္ေတာင္ပံတိုက္စစ္မွဴး ဂါရတ္ေဘးလ္ကို ျပန္လည္ေခၚယူလိုေနတယ္လို႔ သိရွိရပါတယ္။ ဂါရတ္ေဘးလ္ဟာ စပါးအသင္းမွာ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အတြင္း ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္မက္ဒ ရစ္အသင္းကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၆ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းနဲ႔ အဆင္မေျပျဖစ္ၿပီးေနာက္ ပြဲထြက္ခြင့္နည္းပါးခဲ့ သူျဖစ္ၿပီး ေမာ္ရင္ဟိုကေတာ့ ဒီကစားသမားကို ကာလရွည္ပစ္မွတ္ထားေနခဲ့ၿပီး ဒီေႏြေစ်းကြက္မွာ ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေဘးလ္ဟာ ရီးရဲလ္အသင္းမွာ ဆက္ေနမလား စပါးအသင္းကို ျပန္သြားမလား ေရြးခ်ယ္စရာ ၂ ခုရွိေနတယ္လို႔ သိရပါတယ္။

စပါးနည္းျပ ေမာ္ရင္ဟိုကေတာ့ ဂါရတ္ေဘးလ္ရဲ႕ ရီးရဲလ္မက္ဒရစ္ညဆိုးေတြကို အဆုံးသတ္ေပးဖို႔ ဆႏၵရွိေနၿပီး အမိအရ ေခၚယူသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ မန္ယူႏုိက္တက္နည္းျပဘ၀ကတည္းက ဂါရတ္ေဘးလ္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးသူျဖစ္သလို ေဘးလ္ဟာလည္း လက္ရွိ မက္ဒရစ္အသင္းမွာ အဆင္ မေျပျဖစ္ေနတာေၾကာင့္ အဲဒီအေျပာင္းအေရႊ႕ဟာ ျဖစ္ေျမာက္လာႏုိင္ဖြယ္ရွိတယ္လို႔ ယူဆရေၾကာင္း သတင္းေတြက ေဖာ္ျပသြားခဲ့ပါတယ္။