ဂျာမနီလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂျန်ကို စိတ်မကောင်းဖြစ်မိတဲ့ ဘိုင်ယန်ဂိုးသမား နူအာ

0
395

 

ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ရလဒ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အံ့အားသင့်ဖွယ် ရှုံးခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကစားဖော်ဖြစ်တဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂျန်ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမား နူအာက စိတ်မကောင်းဖြစ်မိကြောင်း ပြောကြား လိုက်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဖြစ်တဲ့ တာစတီဂျန်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးတွေကို ကာကွယ်နိုင်ဖို့ မစွမ်းခဲ့ပေမဲ့ နူအာကတော့ ဒီရလဒ်က ဂျာမနီလက်ရွေးစင်အသင်းပေါ်မှာ အကျိုးသက်ရောက်မှုမရှိ ဘူးလို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဂျာမနီလက်ရွေးစင်အသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာအတွက် တိုက်ပွဲဝင်နေ ကြရသူတွေ ဖြစ်ပေမဲ့ နူအာကတော့ ပြိုင်ပွဲတွေမှာ နိုင်ငံအသင်းအတွက် ဂိုးသမားလက်အိတ်ကို ပိုပြီး ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

နူအာက “ ကွျန်တော် တာစတီဂျန်ကို နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ခံစားရပါတယ်။ တစ်ခါတလေမှာ ဂိုးသမားတစ်ယောက်အတွက် ကိုယ်ကြိုက်နှစ်သက်သလို အလွယ်တကူမလုပ်နိုင်ဘူးဆိုတာကို ကွျန်တော်သိပါတယ်။ ဒါပေမဲ့ ကွျန်တော်တို့တွေက ချန်ပီယံလိဂ်အတွက် ကစားကြတယ်။ ဒါတွေက နိုင်ငံလက်ရွေးစင်အသင်းအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။

84

တာစတီဂျန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဂျာမနီလက်ရွေးစင်အသင်းမှာ ကျောနံပါတ် ၁ ဝတ်ဆင်ခွင့် ရခဲ့ပြီး နယ်သာလန်နဲ့ အိုင်ယာလန်ပွဲတွေမှာ ကစားခဲ့ရပါတယ်။ အဆိုပါပွဲတွေမှာ နားနေဆောင်အတွင်း ထိုင်နေရတဲ့ နူအာက “ ဘာအတွက်ကြောင့် ဖြစ်တာပါဆိုပြီး ရှာဖွေရှင်းပြလို့လည်း မလွယ်ကူပါဘူး။ ကွျန်တော်ကလည်း အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ အရာတိုင်းကို ကွျန်တော် ကြိုးစားသွားဖို့ ရှိပါတယ် ” လို့ ပြောပါတယ်။

Zawgyi

ဂ်ာမနီလက္ေရြးစင္အသင္းေဖာ္ျဖစ္တဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂ်န္ကို စိတ္မေကာင္းျဖစ္မိတဲ့ ဘိုင္ယန္ဂိုးသမား ႏူအာ

ဘာစီလိုနာအသင္းက ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ ရလဒ္နဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ အံ့အားသင့္ဖြယ္ ရႈံးခဲ့ပါတယ္။ အဆိုပါပြဲအၿပီးမွာ ဂ်ာမနီလက္ေရြးစင္အသင္းကစားေဖာ္ျဖစ္တဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂ်န္ကို ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ဂိုးသမား ႏူအာက စိတ္မေကာင္းျဖစ္မိေၾကာင္း ေျပာၾကား လိုက္ပါတယ္။
ဂ်ာမနီလက္ေရြးစင္ကစားသမားျဖစ္တဲ့ တာစတီဂ်န္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ဂိုးေတြကို ကာကြယ္နိုင္ဖို႔ မစြမ္းခဲ့ေပမဲ့ ႏူအာကေတာ့ ဒီရလဒ္က ဂ်ာမနီလက္ေရြးစင္အသင္းေပၚမွာ အက်ိဳးသက္ေရာက္မႈမရွိ ဘူးလို႔ ဆိုပါတယ္။ ၎တို႔ႏွစ္ဦးဟာ ဂ်ာမနီလက္ေရြးစင္အသင္းရဲ့ နံပါတ္ ၁ ဂိုးသမားေနရာအတြက္ တိုက္ပြဲဝင္ေန ၾကရသူေတြ ျဖစ္ေပမဲ့ ႏူအာကေတာ့ ၿပိဳင္ပြဲေတြမွာ နိုင္ငံအသင္းအတြက္ ဂိုးသမားလက္အိတ္ကို ပိုၿပီး ဝတ္ဆင္ခြင့္ရခဲ့ပါတယ္။
ႏူအာက “ ကြ်န္ေတာ္ တာစတီဂ်န္ကို နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိတယ္လို႔ ခံစားရပါတယ္။ တစ္ခါတေလမွာ ဂိုးသမားတစ္ေယာက္အတြက္ ကိုယ္ႀကိဳက္ႏွစ္သက္သလို အလြယ္တကူမလုပ္နိုင္ဘူးဆိုတာကို ကြ်န္ေတာ္သိပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ေတြက ခ်န္ပီယံလိဂ္အတြက္ ကစားၾကတယ္။ ဒါေတြက နိုင္ငံလက္ေရြးစင္အသင္းအတြက္ အလုပ္လုပ္ေနတာ မဟုတ္ပါဘူး ” လို႔ ေျပာပါတယ္။
တာစတီဂ်န္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလက ဂ်ာမနီလက္ေရြးစင္အသင္းမွာ ေက်ာနံပါတ္ ၁ ဝတ္ဆင္ခြင့္ ရခဲ့ၿပီး နယ္သာလန္နဲ႔ အိုင္ယာလန္ပြဲေတြမွာ ကစားခဲ့ရပါတယ္။ အဆိုပါပြဲေတြမွာ နားေနေဆာင္အတြင္း ထိုင္ေနရတဲ့ ႏူအာက “ ဘာအတြက္ေၾကာင့္ ျဖစ္တာပါဆိုၿပီး ရွာေဖြရွင္းျပလို႔လည္း မလြယ္ကူပါဘူး။ ကြ်န္ေတာ္ကလည္း အေတြ႕အၾကဳံရွိသူ ျဖစ္ပါတယ္။ အရာတိုင္းကို ကြ်န္ေတာ္ ႀကိဳးစားသြားဖို႔ ရွိပါတယ္ ” လို႔ ေျပာပါတယ္။