ဂျူဗင်တပ်စ်ရဲ့ တတိယဝတ်စုံဟာ ဟူးလ်စီးတီးအသင်းဝတ်စုံအရောင်နဲ့ တူနေခဲ့လို့ “ ဟူးလ်စီးတီးလား .. ဂျူးစီးတီးလား ” ဆိုပြီး အွန်လိုင်းပေါ်မှာ နောက်ပြောင်

0
352

 

ဂျူဗင်တပ်စ်အသင်းရဲ့ ကျားဘုရင်ဆိုပြီးနာမည်ပေးထားတဲ့ လိမ္မော်ရောင်နဲ့ အနက်ရောင် ပေါင်းစပ်ထား တဲ့ တတိယဝတ်စုံဟာ ဟူးလ်စီးတီးအသင်း ဝတ်စုံ အရောင်နဲ့ တူခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်နောက်ပြောင်မှုတွေ ခံခဲ့ရပါတယ်။

စီးရီးအေချန်ပီယံဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တတိယဝတ်စုံကို အသင်းရဲ့ နာမည်ကျော် ကစားသမား တွေဖြစ်တဲ့ ရော်နယ်ဒို၊ ဒိုင်ဘာလာနဲ့ ဒီလိုက်တို့နဲ့ ဗုဒ္ဓဟူးနေ့က တွစ်တာကနေ ကြော်ငြာပြသလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် အသင်းဝတ်စုံအရောင်ကို လိမ္မော်ရောင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အင်္ကျီစပွန်ဆာဖြစ်တဲ့ Adidas က ပြိုင်ပွဲအတွင်းမှာ ကစားသမားတွေကို ကောင်းစွာမြင်ရပြီး အသင်းရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးမဲ့အရောင်တစ်ခုအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

171

ဒါပေမဲ့လည်း အသင်းရဲ့ ပရိသတ်တွေကတော့ လူမှုကွန်ရက်ပေါ်မှာ ဟူးလ်စီးတီးအသင်းရဲ့ အိမ်ကွင်း ဝတ်စုံအရောင်ဖြစ်နေလို့ ဝေဖန်နောက်ပြောင်တာတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ပရိသတ်တစ်ဦးက “ ဟူးလ်စီးတီးကို အတွင်းကျကျ စိန်ခေါ်နေခြင်းဖြစ်တယ် ” လို့ ရေးသားခဲ့သလို အခြားတစ်ဦးက “ ဂျူဗင်တပ်စ်က  ဟူးလ်စီးတီး အကြီးစားပရိသတ်ကြီးပဲ ” ဆိုပြီး ရေးသားခဲ့ပါတယ်။

အခြားသောတစ်ဦးကလည်း “ ဂျူဗင်တပ်စ်က အရူးပဲ။ မင်းတို့တွေ မထုတ်ပြန်ခင်ကတည်းက ဟူးလ်စီးတီး ဝတ်စုံက ဟူးလ်စီးတီး ဝတ်စုံအနေနဲ့ ရှိပြီးသား ” လို့ ရေးသားခဲ့ပြီး အခြားတစ်ယောက်ကတော့ “ ဟူးလ်စီးတီးနဲ့ အရောင်တူအောင် လုပ်တဲ့ ဂျူဗင်တပ်စ်မှာ ဘာအိုင်ဒီယာမှ မရှိပါဘူး။ ဟူးလ်စီးတီးလား… ဂျူးစီးတီးလား …. ” ဆိုပြီး ရေးခဲ့ကြပါတယ်။

ဂျူဗင်တပ်စ်အသင်းက Adidas နဲ့ တစ်နှစ်ကို ပေါင် ၄၅ သန်းနဲ့ ၂၀၁၉ စက်တင်ဘာလက အင်္ကျီအတွက် တစ်နှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းက အသင်းမန်နေဂျာ ဆာရီကို ထုတ်ပယ်ခဲ့ပြီး မန်နေဂျာအသစ် ပီယာလိုကို ခန့်အပ်ထားပါတယ်။

Zawgyi

ဂ်ဴဗင္တပ္စ္ရဲ့ တတိယဝတ္စုံဟာ ဟူးလ္စီးတီးအသင္းဝတ္စုံအေရာင္နဲ႔ တူေနခဲ့လို႔ “ ဟူးလ္စီးတီးလား .. ဂ်ဴးစီးတီးလား ” ဆိုၿပီး အြန္လိုင္းေပၚမွာ ေနာက္ေျပာင္

ဂ်ဴဗင္တပ္စ္အသင္းရဲ့ က်ားဘုရင္ဆိုၿပီးနာမည္ေပးထားတဲ့ လိေမၼာ္ေရာင္နဲ႔ အနက္ေရာင္ ေပါင္းစပ္ထား တဲ့ တတိယဝတ္စုံဟာ ဟူးလ္စီးတီးအသင္း ဝတ္စုံ အေရာင္နဲ႔ တူခဲ့လို႔ ပရိသတ္ေတြရဲ့ ေဝဖန္ေနာက္ေျပာင္မႈေတြ ခံခဲ့ရပါတယ္။
စီးရီးေအခ်န္ပီယံျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ့ တတိယဝတ္စုံကို အသင္းရဲ့ နာမည္ေက်ာ္ ကစားသမား ေတြျဖစ္တဲ့ ေရာ္နယ္ဒို၊ ဒိုင္ဘာလာနဲ႔ ဒီလိုက္တို႔နဲ႔ ဗုဒၶဟူးေန႔က တြစ္တာကေန ေၾကာ္ျငာျပသလိုက္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ့ သမိုင္းမွာ ပထမဆုံးအႀကိမ္ အသင္းဝတ္စုံအေရာင္ကို လိေမၼာ္ေရာင္ အသုံးျပဳခဲ့ျခင္းျဖစ္ၿပီး အကၤ်ီစပြန္ဆာျဖစ္တဲ့ Adidas က ၿပိဳင္ပြဲအတြင္းမွာ ကစားသမားေတြကို ေကာင္းစြာျမင္ရၿပီး အသင္းရဲ့ စိတ္ဓာတ္ကိုလည္း ျမႇင့္တင္ေပးမဲ့အေရာင္တစ္ခုအျဖစ္ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါေပမဲ့လည္း အသင္းရဲ့ ပရိသတ္ေတြကေတာ့ လူမႈကြန္ရက္ေပၚမွာ ဟူးလ္စီးတီးအသင္းရဲ့ အိမ္ကြင္း ဝတ္စုံအေရာင္ျဖစ္ေနလို႔ ေဝဖန္ေနာက္ေျပာင္တာေတြ မ်ားစြာ ျဖစ္ေပၚခဲ့ပါတယ္။ ပရိသတ္တစ္ဦးက “ ဟူးလ္စီးတီးကို အတြင္းက်က် စိန္ေခၚေနျခင္းျဖစ္တယ္ ” လို႔ ေရးသားခဲ့သလို အျခားတစ္ဦးက “ ဂ်ဴဗင္တပ္စ္က ဟူးလ္စီးတီး အႀကီးစားပရိသတ္ႀကီးပဲ ” ဆိုၿပီး ေရးသားခဲ့ပါတယ္။
အျခားေသာတစ္ဦးကလည္း “ ဂ်ဴဗင္တပ္စ္က အ႐ူးပဲ။ မင္းတို႔ေတြ မထုတ္ျပန္ခင္ကတည္းက ဟူးလ္စီးတီး ဝတ္စုံက ဟူးလ္စီးတီး ဝတ္စုံအေနနဲ႔ ရွိၿပီးသား ” လို႔ ေရးသားခဲ့ၿပီး အျခားတစ္ေယာက္ကေတာ့ “ ဟူးလ္စီးတီးနဲ႔ အေရာင္တူေအာင္ လုပ္တဲ့ ဂ်ဴဗင္တပ္စ္မွာ ဘာအိုင္ဒီယာမွ မရွိပါဘူး။ ဟူးလ္စီးတီးလား… ဂ်ဴးစီးတီးလား …. ” ဆိုၿပီး ေရးခဲ့ၾကပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းက Adidas နဲ႔ တစ္ႏွစ္ကို ေပါင္ ၄၅ သန္းနဲ႔ ၂၀၁၉ စက္တင္ဘာလက အကၤ်ီအတြက္ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းက အသင္းမန္ေနဂ်ာ ဆာရီကို ထုတ္ပယ္ခဲ့ၿပီး မန္ေနဂ်ာအသစ္ ပီယာလိုကို ခန႔္အပ္ထားပါတယ္။